Thursday, May 2, 2013

ကချင်ဒုက္ခသည် ရန်ပုံငွေ ရှိုးပွဲ တနိုင်းမြို့တွင် ပြုလုပ်မည်

ဖါးကန့် ကချင်နှစ်ခြင်းအသင်းတော်ရှိ စစ်ပြေးဒုက္ခသည်များ။

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ထိန်းချုပ်နယ်မြေရှိ စစ်ရှောင်ဒုက္ခသည်စခန်းများတွင် အကူအညီပေးနိုင်ရန် ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော် (မူရင်း) ၏ ဒုတိယအကြိမ် ရန်ပုံငွေ ရှိုးပွဲကို ကချင်ပြည်နယ် တနိုင်းမြို့၌ မေလ ၄ ရက်နေ့တွင် ကျင်းပသွားမည်ဖြစ်ကြောင်း တာဝန်ခံတစ်ဦးထံမှ သိရသည်။

ပထမအကြိမ်ရှိုးပွဲကို ပြည်နယ်မြို့တော် မြစ်ကြီးနား မိုးလုံလေလုံခမ်းမတွင် နိုင်ငံကျော်အဆိုတော်များ လာရောက်ဖျော်ဖြေမှုဖြင့် ရန်ပုံငွေအလှူ ကျပ်သိန်း ၁၀၀ ကျော် ရရှိခဲ့ကြောင်း သိရတယ်။
“ဒီရှိုးပွဲကို Shingni Mungkan Music Group ကနေပြီး ပါဝင်သွားမယ်။ နာမည်ကြီး ကချင်အဆိုတော် အောင်းလာ၊ မရမ်ဆိုင်းနော်၊ နော်နီ၊ လဘန်အဘာဒီး၊ ဂလောင်တိန့်လုတ်၊ ဂရဲန်ကိုင်ဒင့်၊ လရှီးခေါန်ခေါန် သူတို့အကူအညီရယ်… Wunpawng Ning Ja (WNJ) အဖွဲ့ရယ် ပါဝင် ဖျော်ဖြေသွားမှာဖြစ်တယ်” ဟု ဦးဆောင်ပါဝင်သူ ဆရာ ဝန်ထေဲ ရှန်လွမ်းကပြောသည်။
၎င်းကဆက်ပြီး “ပထမအကြိမ် ရရှိထားတဲ့ရန်ပုံငွေနဲ့ အခု ဒုတိယအကြိမ်ရရှိမည့်ရန်ပုံငွေကို ပေါင်းပြီး ဖျော်ဖြေရေးပွဲပြီးရင် ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော် (မူရင်း) ကူညီရေးအဖွဲ့ကနေ ရန်ပုံငွေများကိုသွား ရောက်ပေးလှူသွားမှာဖြစ်တယ်” ဟု ပြောသည်။
တိုက်ပွဲတွင် မိုင်း၊ ဗုံး များထိကာ ခြေကျိုး၊ လက်ကျိုး ထိခိုက်ဒဏ်ရာများရရှိသွားသူများနှင့် KIO ထိန်းချုပ်နယ်မြေအတွင်းရှိ စစ်ရှောင်စခန်းများတွင် အကူအညီ သွားရောက်ပေးသွားမည် ဖြစ် ကြောင်းလည်း သိရတယ်။

www.kachinnews.com

www.burmese.kachinnews.com

www.kahcin.kachinnews.com

www.kachin-news.blogspot.com

http://www.facebook.com/Kachin-News-Group

0 comments:

Post a Comment