Monday, May 13, 2013

ကချင် အဆိုတော်များ လိုင်ဇာဒုက္ခသည် စခန်းတွင် အခမဲ့ ဖျော်ဖြေ

လိုင်ဇာမြို့၊ ကချင်ပြည်နယ်။


ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ဗဟိုဌာနချုပ် လိုင်ဇာမြို့ရှိ ဒုက္ခသည်စခန်းတို့တွင် ကချင်အဆိုတော် ကြီးများနှင့် Shingni Nbat music အဖွဲ့မှ ဒုက္ခသည်များ၏ တောင်းဆိုမှုကြောင့် ရှိုးပွဲများ အခမဲ့ လိုက်လံဖျော်ဖြေနေကြောင်း သိရသည်။

၎င်းတို့အဖွဲ့သည် မေလ ၁၃ ရက် ယမန်နေ့ညတွင် လိုင်ဇာမြို့အနီးရှိ ဂျေယန့် (Je Yang) ဒုက္ခသည်စခန်းတွင် ဖျော်ဖြေခဲ့ပြီး မတ်လ ၁၄ ရက် ယနေ့ညတွင် လိုင်ဇာမြို့ရှိ ၀ိုင်ကျိုင် (Woi Chyai) ဒုက္ခသည်စခန်းတွင် ဖျော်ဖြေ သွားမည်ဖြစ်ကြောင်း သိရသည်။
လာရောက်ဖျော်ဖြေမည့် အဆိုတော်များသည် အောင်ရာလီ၊ အဘားဒီး၊ မရန်ဆိုင်းနော်၊ ကွမ်ထုန်ဆိုင်းရာနှင့် ဂျီးဘူ တို့ဖြစ်ပြီး Shingni Nbat music အဖွဲ့မှ သံစုံတေး သီချင်းများနှင့် သက်သေခံချက်များဖြင့် တင်ဆက် သွားမည်ဖြစ်ကြောင်း အစီအစဉ်မှူးဖြစ်သူ ဆရာလောဒ်အောင်လ (Lawt Awng La) ကပြောသည်။
“ကျွန်တော်တို့ အဖွဲ့ကနေပြီး စစ်ရှောင်စခန်းတွေမှာ လာရောက်လည့်လည်အလှူငွေပေးနေတာ ဖြစ်တယ်။ ဒီိည ရှိုးပွဲလုပ်ဖြစ်တာလည်း အစီအစဉ်မရှိဘူး။ ဒါပေမဲ့ စစ်ရှောင်သူများရဲ့တောင်းဆိုမှုကြောင့် ကျွန်တော်တို့ အဖွဲ့ကလဲ ဖျော်ဖြေရေးနဲ့ အားပေးသွားချင်လို့ပါ။”
၎င်းတို့အဖွဲ့သည် စစ်ရှောင်သူများ၏ ရန်ပုံငွေရှာဖွေခြင်း အစီအစဉ်ကို မြစ်ကြီးနားမြို့ မိုးလုံလေလုံခမ်းမတွင် ပထမအကြိမ်၊ ဒုတိယအကြိမ် တနိုင်းမြို့နှစ်ခြင်းအသင်းတော်ခမ်းမနှင့် မူဆယ်မြို့တွင် တတိယ အကြိမ်ဖြင့် ရန်ပုံငွေရှာ ရှိုးပွဲများကိုလည်း ပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။
Shingni Nbat music အဖွဲ့မှ ဖားကန့်မြို့ရှိ ဒုက္ခသည်စခန်းတို့တွင်လည်း သွားရောက်ဖျော်ဖြေသွားရန် အစီ အစဉ်ရှိကြောင်းနှင့် နောက်ထပ် ရံပုံငွေရှာ ရှိုးပွဲများကိုလည်း ကျင်းပပြုလုပ် သွားမည်ဖြစ်ကြောင်း သိရသည်။
 Shingni Nbat music အဖွဲ့ကို ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော် (မူရင်း) စစ်ပြေး ဒုက္ခသည် ကူညီရေးအဖွဲ့မှ ယခုနှစ် မတ်လ ၁ ရက်နေ့တွင် ဖွဲ့စည်းခဲ့သည်။

www.kachinnews.com

www.burmese.kachinnews.com

www.kahcin.kachinnews.com

www.kachin-news.blogspot.com

http://www.facebook.com/Kachin-News-Group


0 comments:

Post a Comment