Wednesday, July 16, 2014

လိုင်ဇာထိပ်သီး စည်းဝေးတက်ရောက်မည့် KNU ကိုယ်စားလှယ် ၅ ဦး ရွေးချယ်

အောက်တိုဘာ၊ ၂၀၁၃ KNU ဥက္ကဌ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး KIO လိုင်ဇာညီလာခံသို့ တက်ရောက်လာစဉ်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၏ ထိပ်သီးအစည်းအဝေးသို့ တက်ရောက်မည့် ကရင်အမျိုးသား အစည်းအရုံး KNU ကိုယ်စားလှယ် ၅ ဦး တက်ရောက်ရန် ရွေးချယ်လိုက်သည်ဟု KNU ၏ စည်းရုံးရေးနှင့် ပြန်ကြားရေး တာဝန်ခံ ပဒိုစောလှထွန်းက ပြောသည်။

Tuesday, July 15, 2014

တစ်နိုင်ငံလုံး အပစ်ရပ်ရေး KNU အရေးပေါ် အစည်းအဝေး စတင်ကျင်းပနေ

အောက်တိုဘာ၊ ၂၀၁၃ လိုင်ဇာ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့ ညီလာခံသို့ တက်ရောက်လာတဲ့ ကရင်အမျိုးသားအစည်းအရုံး KNU ခေါင်းဆောင် မူတူးဆေးဖိုး (ဘယ်)။

တစ်နိုင်ငံလုံး အတိုင်းအတာ အပစ်အခတ် ရပ်စဲရေး သဘောထားများရယူရန် ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုကော်မတီ အရေးပေါ် အစည်းအဝေးကို ဇူလိုင်လ ၁၄ ရက်နေ့ ကရင်ပြည်နယ် ဘာအံခရိုင် KNU ဗဟိုဌာနချုပ် တပ်မဟာ ၇ နယ်မြေ လောခီးလာတွင် စတင်ကျင်းပနေသည်ဟု KNU ဗဟိုပြန်ကြားရေး တာဝန်ခံ ပဒိုစောလှထွန်းက ပြောသည်။

ရှမ်းမြောက်ပိုင်း အစိုးရနှင့် KIA တိုက်ပွဲပြန်ဖြစ်


မုန်းကိုးဒေသ ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA တပ်မဟာ (၄) နယ်မြေ
ရှမ်းပြည်မြောက်ပိုင်း ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA တပ်မဟာ (၄) နယ်မြေ မုန်ကိုးဒေသ နှစ်နေရာတွင် ပြီးခဲ့သည် ၂ ရက်မှ တိုက်ပွဲများပြန်လည်ဖြစ်ပွားနေကြောင်းသိရသည်။

Monday, July 14, 2014

NCCT ထိပ်သီး ညီလာခံ လိုင်ဇာမှာပြုလုပ်ဖို့ ပြင်ဆင်နေ


အောက်တိုဘာ၊ ၂၀၁၃ လိုင်ဇာ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့ ညီလာခံသို့ တက်ရောက်လာတဲ့ ကရင် အမျိုးသားအစည်းအရုံး KNU ခေါင်းဆောင် မူတူးဆေစဖိုး (လယ်)။

တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့များ၏ တစ်နိုင်ငံလုံးအတိုင်းအတာအပစ်အခတ်ရပ်စဲရေးအဖွဲ့ (NCCT) ထိပ်သီး ညီလာခံကို ယခုလနောက်ဆုံးအပတ်လောက်မှာ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ဗဟိုဌာနချုပ် တည်ရှိရာ လိုင်ဇာမြို့၌ ပြုလုပ်သွားကြရန် ပြင်ဆင်နေကြောင်း သိရပါသည်။

အပစ်အခတ်ရပ်ပြီး တိုင်းရင်းသားများ၏ ပြဿနာများ ဖြေရှင်းရန် သမ္မတ ဦးသိန်းစိန်၏ သဘောထားကို MPC တင်ပြ


MPC နဲ့ NCCT အဖွဲ့မှား တွေ့ဆုံဆွေးနွေးနေပုံ

တိုင်းရင်းသားများ၏ အခြေခံ ပြဿနာအား အကောင်းဆုံး ဖြေရှင်းရန် သမ္မတ ဦးသိန်းစိန်က ဆန္ဒရှိနေကြောင်း မြန်မာငြိမ်းချမ်းရေးစင်တာ MPC က တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) နှင့် ယမန်နေ့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် တွေ့ဆုံတင်ပြခဲ့သည်ဟု NCCT ၏ ဒုတိယခေါင်းဆောင် ပဒိုကွယ်ထူးဝင်းက ပြောသည်။

Friday, July 11, 2014

အစိုးရတပ် ဖမ်းဆီးထားသော အရာရှိနှစ်ဦးအား လွှတ်ပေးရန် KIO တောင်းဆို

KIA ဒုဗိုလ်မှူးကြီး နော်ဘို

အစိုးရတပ်များ လက်ရှိဖမ်းဆီးထားသည့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) တပ်ရင်း (၆) မှ အရာရှိနှစ်ဦးအား ပြန်လည်အပ်နှံပေးရန် လိုင်ဇာဗဟိုဌာနချုပ်မှ တရားဝင် တောင်းဆိုထားကြောင်း သိရပါသည်။

Monday, July 7, 2014

KIA ရဲမေ ရှမ်းနီမျိုးနွယ်စု စစ်ဗိုလ်တဦး အစိုးရတပ်သို့ အလင်းဝင်

ဗဟိုဌာနချုပ်နယ်မြေ Woi Chyai Bum တောင် KIA ဗိုလ်လောင်းကျောင်း။

ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA ဗဟိုဌာနချုပ်တည်ရှိသည့် Woi Chyai Bum တောင်ရှိ ဗိုလ်လောင်းသင်တန်းကျောင်းတွင် တာဝန်ထမ်းဆောင်နေသော တိုင်းလိုင် (ရှမ်းနီ) မျိုးနွယ်စု KIA ရဲမေ စစ်ဗိုလ်တဦးသည် အစိုးရတပ်ထဲ အလင်းဝင်သွားကြောင်းသိရသည်။

KIA တပ်ဖွဲ့ဝင်များအား အစိုးရတပ်မှ တိုက်ခိုက်မှုနှင့် ဖမ်းဆီးမှုများရှိ


ခြင်္သေ့ခေါင်း တံဆိပ် KIA တပ်မဟာ ၂ စစ်ယူနီဖေါင်း

ကချင်ပြည်နယ် အင်းတော်ကြီးဒေသ ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA တပ်ရင်း (၂၆) နယ်မြေ တက်လက် (Tak Lep) ရွှေမှော်ရှိ KIA တပ်ဖွဲ့များကို မိုးညှင်းအခြေစိုက် အစိုးရတပ် ခလရ (၁၅) မှဝိုင်းရံပြီး ပစ်ခတ်ရာ KIA တပ်သား ၁ ဦး သေဆုံးသွားခဲ့ကြောင်း သိရသည်။

Wednesday, June 25, 2014

မန်ဝင်း ရွာသားများကိုယ်တိုင် မူးယစ်ဆေးသမားများအား ဖမ်းဆီးကာ ပညာပေး

ဖားကန့်ကျောက်စိမ်းမှော်မှ မူးယစ်ဆေးဝါး သုံးစွဲနေသူတစ်ဦး

ဇွန်လ ၂၃ ရက်ရက်နေ့က ကချင်ပြည်နယ်ဗန်းမော်ခရိုင်ရှိ မန်ဝင်းရွာသားများသည် မိမိရွာအတွင်း မူးယစ်ဝါးသုံးစွဲသူအယောက် ၄၀ ကျော်ကို ဖမ်းဆီးကာ ပညာပေးခြင်းအစီအစဉ် တရပ်ပြုလုပ်ခဲ့ကြောင်း သိရသည်။

Tuesday, June 24, 2014

မန်ဝင်း ဒေသအတွင်း အစိုးရတပ် နှင့် KIA တိုက်ပွဲများ ဆက်လက်ဖြစ်ပွား



ကချင်ပြည်နယ်တောင်ပိုင်း မန်ဝင်း (Manwing) ဒေသအတွင်း အစိုးရတပ် နှင့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) ကြား နေ့စဉ်လိုလို အချိန်တို ပစ်ခတ်တိုက်ခိုက်မှုများ တစ်ပတ်ခန့် ရှိနေပြီဖြစ်ကြောင်းသိရသည်။

Thursday, June 12, 2014

KBC အထွေထွေအတွင်းရေးမှူး Rev. Samson ၏ ကိုယ်ရေးအချက်လက် ရဲများ စုံစမ်း

ဇွန်လ ၉ မြစ်ကြီးနားလူထုဆန္ဒပြပွဲတွင် မြင်ရတဲ့ KBC ဥက္ကဌ Rev. Gyung Hkawng (ညာ) နဲ့ အထွေထွေအတွင်းရေးမှူး Rev. Dr. Samson၊ ပုံ - ကချင်သတင်းဌာန

မြစ်ကြီးနား — ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) ဦးဆောင်၍ မြစ်ကြီးနားမြို့တွင် ကချင်ဒေသတိုက်ပွဲ (၃) နှစ်ပြည့် အထိန်းအမှတ် လူထုဆန္ဒပြပွဲတစ်ရပ် ပြုလုပ်ပြီး မကြာမီ KBC အထွထွေအတွင်းရေးမှူး Rev. Dr. Samson ၏ ကိုယ်ရေးအချက်လက်များကို အစိုးရရဲများက စုံစမ်းစစ်ဆေးမှုများပြုလုပ်နေကြောင်း သိရသည်။