ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး REV. DR. HKAMLAM SAM SUN |
လာမည့် မတ်လအတွင်း သန်းခေါင်စာရင်း ကောက်ယူရာတွင် ကချင်မျိုးနွယ်စု များအနေဖြင့် လူမျိုးနေရာတွင် ကချင် 101 အဖြစ် ထည့်သွင်းသွားကြရန် ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် (KBC) က ဇန္နဝါရီလ ၂၀ ရက် နေ့တွင် တရားဝင် ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရှိရပါသည်။