Friday, January 3, 2014

တိုင်းရင်းသား စာပေကို သင်ရိုးညွှန်းတမ်းတွင် ထည့်သွင်းရန် တိုင်းရင်းသား ပါတီများ တောင်းဆို


ဇွန် ၁၁-၁၂၊ ၂၀၁၃ တောင်ကြီးမြို့မှာ ကျင်းပခဲ့တဲ့ (၁၅) ကြိမ်မြောက် ညီနောင်တိုင်းရင်းသားပါတီများဖက်ဒရေးရှင်း ညီလာခံ။

ညီနောင်တိုင်းရင်းသားပါတီများဖက်ဒရေးရှင်း (Nationalities Brotherhood Federation) က တိုင်းရင်းသားဘာသာစာပေကို အစိုးရကျောင်းတွင် သင်ရိုးညွှန်းတမ်းဖြင့်ထည့်တွင်း သင်ကြားပို့ချရန်နှင့် သန်းခေါင်စာရင်း လူမျိုး သတ်မှတ်မှုများနှင့် ပတ်သက်၍ တိုင်းရင်းသားများနှင့် ညှိနှိုင်းပေးရန် အပါအ၀င် အချက် ၇ ချက်ကို ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်ကြောင်း အစည်းအဝေးတွင် တက်ရောက်ခဲ့သော ကချင်ဒီမိုကရက်တစ်ပါတီ ခေါင်းဆောင်က ပြောသည်။


နေပြည်တော် ရတနာသိင်္ဃဟိုတယ်တွင် ဖေဖော်ဝါရီလ ၁ ရက်နေ့နှင့် ၂ ရက်နေ့တွင်နှစ်ရက်ကြာ ပြုလုပ်ခဲ့သော ဆွေးနွေးပွဲတွင် အခုလို တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

မကြာသေးမီက ပါတီ မှတ်ပုံတင်ခွင့် ခွင့်ပြုချက် ကျခဲ့သည့် ကချင်ဒီမိုကရက်တစ်ပါတီ (Kachin Democratic Party, KDP) ဥက္ကဌ ဦးဂွမ်ကရောင်အောင်ခမ်းက “အခက်အခဲတွေကို ဖလှယ်ကြပြီး ကူညီဖြေရှင်းကြရန်နဲ့ ၂၀၁၅ ရွေးကောက်ပွဲအတွက် ကြိုတင်ညှိနှိုင်းမှု တွေလုပ် တယ်" ဟု ပြောပြသည်။

အစည်းအဝေးတွင် ညီနောင်တိုင်းရင်းသားပါတီများဖက်ဒရေးရှင်း (NBF) အနေဖြင့် ၂၀၁၅ ရွေးကောက်ပွဲတွင် အရေးကြီးတဲ့ မဟာမိတ်တခုဖြစ်လာရန်နှင့် ၂၀၂၀ တွင် အစိုးရ ဖွဲ့စည်းနိုင်ရေးသို့ တက်လှမ်းနိုင်ရန် ဦးတည်ချက်များလည်း ချမှတ်ခဲ့သည်ဟု ဦး ဂွမ်ကရောင် အောင်ခမ်းက ပြောသည်။

တခြားတောင်းဆိုသော အချက်များတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် တွင် တိုင်းရင်းသားများ ပါဝင်ရန်၊ ပြည်နယ် ၀န်ကြီးချုပ်ကို ပြည်နယ်လွှတ်တော်မှရွေးချယ်တင်မြောက်ရန် စသည့် အချက်များကိုလည်း တောင်းဆိုခဲ့သည်။

ထိုဆွေးနွေးပွဲတွင် ချင်း၊ ရခိုင်၊ မွန်၊ ကရင်ဒေသများမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ အပါအ၀င် တရားဝင်မှတ်ပုံတင်ပြီး တိုင်းရင်းသားနိုင်ငံရေးပါတီ ၂၀ မှ ကိုယ်စားလှယ် ၄၀ ကျော် တက်ရောက် ပါဝင်ခဲ့သည်။

လွတ်လပ်ရေး ရပြီးနောက်ပိုင်း တိုင်းရင်းသား ဘာသာစကား တချို့ကို အစိုးရကျောင်းများတွင် သင်ကြားခဲ့သော်လည်း ၁၉၆၂ ခုနှစ်တွင် ဗိုလ်ချုပ်နေဝင်း အာဏာသိမ်းပြီးနောက် တိုင်းရင်းသားဘာသာစာပေ သင်ကြားခွင့်ကိုရပ်ဆိုင်းခဲ့ခြင်းဖြစ်သည်။

www.kachinnews.com

www.burmese.kachinnews.com

www.kahcin.kachinnews.com

www.kachin-news.blogspot.com

http://www.facebook.com/Kachin-News-Group

0 comments:

Post a Comment