Thursday, January 30, 2014

ကချင်ဒုက္ခသည်များအား ဆက်လက်ကူညီရန် ဗြိတိန် ကတိပြု


ဇန်န၀ါရီ ၂၉ ဗြိတိသျှနိုင်ငံခြားရေးနှင့် ဓနသဟာယနိုင်ငံများ ဝန်ကြီးဌာနအာရှရေးရာဒုတိယဝန်ကြီး MR HUGO SWIRE ၀ိုင်းမော်မြို့နယ် မိုင်းနားကျေးရွာ စိန့်ဂျိုးဇက် ဒုက္ခသည်စခန်းသို့ သွားရောက်ခဲ့စဉ်။

ဗြိတိသျှနိုင်ငံခြားရေးနှင့် ဓနသဟာယနိုင်ငံများ ဝန်ကြီးဌာနအာရှရေးရာဒုတိယဝန်ကြီး ဟူဂိုဆွားယားနှင့် အဖွဲ့သည် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ဖိအားပေးသွားမည် ဖြစ်ပြီး ကချင် ဒုက္ခသည်များအတွက် အကူအညီများ ဆက်ပေးသွားမည် ဖြစ်ကြောင်း ကေအိုင်အို နည်းပညာ အကြံပေး အလုပ်အဖွဲ့ကို ပြောကြားခဲ့သည်။


ယမန်နေ့ ဇန္န၀ါရီ၂၉ ရက် ဗုဒ္ဓဟူးနေ့တွင် ကချင်ပြည်နယ်မြစ်ကြီးနားမြို့သို့ ပထမဆုံးကြိမ်ရောက်ရှိလာခဲ့သော ဗြိတိသျှ နိုင်ငံခြားရေး ၀န်ကြီးက ကေအိုင်အို နည်းပညာအကြံပေးအလုပ်ဖွဲ့နှင့် ၄၅ မိနစ်ခန့် တွေ့ဆုံရာတွင် ငြိမ်းချမ်းရေးနှင့် ဒုက္ခသည်ကိစ္စရပ်များ ကိုအပြန် အလှန် ဆွေးနွေးခဲ့ကြောင်း ကေအိုင်အို အလုပ်အဖွဲ့က ပြောသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြုပြင်ရေးအတွက်ဖိအားပေးသွားမည်ဖြစ်ကြောင်း၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် နေပြည် တော် တွေ့ဆုံရာတွင်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေပြောင်းလဲမှသာ ဒီမိုကရေစီ နိုင်ငံဖြစ်ပေါ် လာနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့ကြောင်းလည်း ဒုတိယဝန်ကြီး ဟူဂိုဆွားယားအဖွဲ့မှပြောကြားခဲ့သည်။

UK အစိုးရသည် မြန်မာအစိုးရလက်အောက်ခံ ဒုက္ခသည်တွေသာမက လက်နက်ကိုင်နယ်မြေတွေမှာရှိတဲ့ ကချင်ဒုက္ခသည်များကို အများဆုံးကူညီပေးနိုင်သည့် နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း ဆက်လက်ကူညီသွားမည် ဖြစ်ကြောင်း ပြောကြားသွားခဲ့ကြောင်း ကေအိုင်အို ကိုယ်စားပြုနည်းပညာ အကြံပေးအဖွဲ့က ဦးဒေါင်ခါးက KNG ကချင်သတင်းဌာန သို့ပြောသည်။

မြစ်ကြီးနားမနောကွင်း ကော်မတီရုံးနောက်တွင် ကော်မတီဝင်များနှင့် မြန်မာနိုင်ငံ ကိုလိုနီခေတ် ကချင် စစ်မှုထမ်းဟောင်း စုစုပေါင်း ၁၅ ဦးနှင့် တွေ့ဆုံပြီး အသိအမှတ်ပြုဆုပေးချီးမြှင့်ခြင်းများပြုလုပ်ခဲ့သည်။ လွတ်လပ်ရေး ရပြီးနောက်ပိုင်းတွင် ဗြိတိသျှခေါင်းဆောင်တဦးက ကိုလိုနီခေတ် စစ်မှုထမ်းဟောင်းများနှင့် ပထမဆုံး တွေ့ဆုံခြင်းလည်း ဖြစ်သည်။

ဗြိတိန်ဝန်ကြီးနှင့် သံအမတ်အဖွဲ့သည် ကေအိုင်အို ကိုယ်စားပြု နည်းပညာအကြံပေးအဖွဲ့၊ ဒုက္ခသည်စခန်းများ၊ ကချင်နှစ်ခြင်းအသင်းတော်မှ တာဝန်ရှိသူများ၊ မြစ်ကြီးနားမြို့ရှိ မြန်မာနိုင်ငံ ကိုလိုနီခေတ် ကချင် စစ်မှုထမ်းဟောင်းများ၊ ကချင်ပြည်နယ်အစိုးရအဖွဲ့များ ကချင်ပြည်နယ်ရှိ ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့များနှင့် သီးခြားစီတွေ့ဆုံဆွေးနွေးခဲ့ကြောင်းသိရသည်။

www.kachinnews.com

www.burmese.kachinnews.com

www.kahcin.kachinnews.com

www.kachin-news.blogspot.com

http://www.facebook.com/Kachin-News-Group



0 comments:

Post a Comment