Tuesday, January 28, 2014

အချုပ်ခန်းအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများ ရှိနေကြောင်း ဒေါ်ဘောက်ဂျာ ပြော




အချုပ်ခန်းရှိလူများ အခက်အခဲများစွာ ကြုံတွေ့ခံစားနေရကြောင်း ဖားကန့် အချုပ်ခန်းမှ လွတ်မြောက်လာသည့် ကချင်ပြည်နယ် ဖားကန့်မြို့နယ် အမျိုးသားဒီမိုကရေစီအင်အားစု ပါတီ (NDF) မှ ဒေါ်ဘောက်ဂျာက ပြောသည်။


“တခါခါ စားမရအိမ်မရဘူး မလာင်္ကန်ရေအရမ်းနံလို့ စည်ပင်သာယာမှာလည်း ၁ ခါစာတင်ပြီ။ မခံနိုင်လို့ အချုပ်မှာ နေတဲ့သူက လူ့အခွင့်အရေးချို့ဖောက်တာနဲ့ တူနေတယ်လို့ရေးလိုက်တော့ ၁ ခါ ရေလာစုတ်ပေး လိုက်တော့ နည်းနည်းသက်တာသွားတယ် ဘာဖြစ်လို့လဲဆိုတော့ လူကများတယ်ဆိုတော့ ဒီကန်လည်း ခဏခဏပြည့်သွားပြီး အနံ့ဆိုးကိုမခံစားနိုင်အောင်အနံ့ကဆိုးတယ်ဆိုတော့ အချုပ်သားတွေ ဒုက္ခရောက်တာတခု ပြီးတော့ ၁၀၀ လောက်သာဆန့်တဲ့အခန်းမှာ ၃၀၀ လောက်နေတော့ အချုပ်သားတွေ ဒုက္ခရောက်နေရတယ် ပြစ်မှုတစ်ခု နဲ့ ရောက်တာဖြစ်ပေမယ့် ဒီလောက်နှိပ်စက်ဖို့မလိုဘူးဆိုပြီးပြောတော့ အခုက နည်းနည်း သက်သာသွားပြီးကိုယ်တွေ့” ဟု အချုပ်ခန်းမှ လွတ်မြောက်လာသည့် ဒေါ်ဘောက်ဂျာက ပြောသည်။

ဟူးကောင်းဒေသက မြေအသိမ်းခံရသော ဒေသခံများအတွက် ရပ်တည်ပေးသောကြောင့် အစိုးရသည် အပြစ်မရှိ ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း ပြောပြီး လွတ်မြောက်ပြီးနောက်တွင် နိုင်ငံရေး လုပ်ငန်းများ ပိုမို လုပ်ဆောင်သွားမည်ဟု ပြောသည်။

“လွတ်လာတော့ နိုင်ငံရေးပိုပြီးလုပ်နိုင်မယ်လို့မျှော်လင့်တယ် ဒီလိုမတရားမှုကနေဖြေရှင်းရတာကိုလည်း ဘုရားသခင်ကို ကျေးဇူးတင်တယ် သူတို့ဘယ်လိုမတရားမှုနဲ့မည်သို့လုပ်ထားလည်း ဘုရားသခင်ပေးလို့ အားလုံး ဆုတောင်းပေးလို့ ကောင်းစွာ အမှုဖြေရှင်းခွင့်ရတာကျေးဇူးတင်တယ်” ဟု အမျိုးသားဒီမိုကရေစီအင်အားစု ပါတီ (NDF) ဒေါ်ဘောက်ဂျာက KNG ကချင်သတင်းဌာန သို့ပြောသည်။

ဖားကန့်မြို့နယ် တရားရုံးက ဒေါ်ဘောက်ဂျာအား လူသေမှု ပုဒ်မ ၃၀၄ (က)၊ ဆေးထိုးအပ်ကိုင်သည့်အမှု ပုဒ်မ ၃၃ နှင့် မြန်မာနိုင်ငံဆေးဝါးအက်ဥပဒေ အထူး ပုဒ်မ ၄၁ ဖြင့် အမှုစွဲဆိုလိုခြင်းဖြစ်ရာ ၎င်းကို တရားရုံးတွင် အကြိမ် ၄၀ ကျော် စစ်ဆေးပြီး ပြစ်မှုမထင်ရှားသောကြောင့် ဇန်န၀ါရီ ၂၄ ရက် သောကြာနေ့တွင်လွတ်မြောက်ခဲ့ခြင်းဖြစ်သည်။

NDF ပါတီ၏ ကချင်ပြည်နယ် ဥက္ကဋ္ဌ ဒေါ်ဘောက်ဂျာအား စွဲဆိုထားသည့်အမှုများကို တရားစီရင် အမိန့်ချ မှတ်ခြင်း မရှိကြန့်ကြာနေခြင်းကြောင့် အချုပ်ခန်းတွင် ၆ လကျော် ရက်ပေါင်း ၂၁၂ ရက်နေပြီး ဖားကန့် မြို့နယ် တရားရုံးမှာ အချုပ်ကျခံခဲ့ခြင်းဖြစ်သည်။

လူထုဖက်မှ ရပ်တည် လှုပ်ရှားခဲ့သော ဒေါ်ဘောက်ဂျာအား ဥရောပတိုက်ရှိ ကချင်လူမှုအဖွဲ့စည်းများအစည်းအရုံး (Union of Kachin Communities in Europe) မှ ၂၀၁၁ ခုနှစ်တွင် The Kachin Civilian Defender (Mung Masha Ninggang) ဆုကို ချီးမြှင့်ပြီး အမေရိကန် ပြည်ထောင်စုရှိ Mid-Atlantic ကချင်ခရစ်ယာန်မိတ်သဟာရအဖွဲ့မှ ၂၀၁၂ ခုနှစ်တွင် ကချင်လူမှုရေးထူးချွန်ဆု Myusha Gintawng ဆုကို ပေးအပ်ချီးမြှင့်ခဲ့သည်။

www.kachinnews.com

www.burmese.kachinnews.com

www.kahcin.kachinnews.com

www.kachin-news.blogspot.com

http://www.facebook.com/Kachin-News-Group

0 comments:

Post a Comment