Thursday, September 15, 2011

KIA နှင့်ဖြစ်သော မန်ဂျေတိုက်ပွဲတွင် မြန်မာစစ်သား ၂ ဦး ကျ


စက်တင်ဘာ ၁၄ ဗုဒ္ဓဟူးနေ့ ကချင်ပြည်နယ် ဗန်းမော်ခရိုင်၊ မန်ဂျေ(မန်စီ)ကျေးရွာတွင် မြန်မာစစ်တပ်နှင့် KIA စစ်သားများ တစ်နာရီခန့်တိုက်ပွဲ ဖြစ်ခဲ့ရာ မြန်မာစစ်တပ်မှ ၂ ယောက်ကျဆုံးကြောင်း KIA ကပြောသည်။


သေဆုံးသောမြန်မာစစ်သား ၂ ဦးသည် ဗန်းမော်မြို့ နယ်မြေခံတပ်ရင်း ခလရ အမှတ် ၄၇ မှဖြစ်သည်ဟု မန်ဂျေ ဒေသခံများပြောသည်။

ယင်းတပ်ရင်းမှ အင်အား ၁၀၀ ကျော်သည် မန်ဂျေ သို့ အင်အားဖြည့်လာစဉ် ရွာသစ်ကုန်းတွင် KIA တပ်ရင်း (၁)မှ စစ်သားများနှင့် နေ့လည် ၁ နာရီ မှ ၂ နာရီ ကြား ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်ဟု ဒေသခံများပြောသည်။

KIA ဘက်မှ ထိခိုက်မှုမရှိကြောင်း တပ်ရင်း ၁ မှအရာရှိတစ်ဦးပြောသည်။

တစ်ရက်တွင်း မြစ်ကြီးနား-ဗန်းမော်သွားလမ်း နမ်ဆန်ယန်အနီး Hka La Kadawng (ခလားကုန်း)တွင်လည်း KIA တပ်ရင်း (၁၈)နှင့် မြန်မာစစ်တပ် နွမ်လန်ရွာ (Numlang Mare) အခြေစိုက် ခမရ အမှတ် ၄၃၈၊ တပ်သားများကြား ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်။

ယခု ပစ်ခတ်မှုတွင် အစိုးရတပ်မှ ထိခိုက်မှုရှိသည်ဟု သက်ဆိုင်ရာ KIA စစ်ဗိုလ်များပြောသည်။

1 comments:

Followers လေးထားခဲ့ပြီနော်......... သတင်းတွေ အမြဲ အပ်ဒိတ် ပေးနိုင်ပါစေ.....

Post a Comment