Saturday, September 10, 2011

KIA-မြန်မာတပ် ခရိန်မူဒန် တွင် ပစ်ခတ်မှုဖြစ်

ဗဟိုဌာနချုပ်လိုင်ဇာ လုံခြုံရေးယူနေသော KIA စစ်သမီး၂ဦး။
စက်တင်ဘာ ၈၊ ကြာသပတေးနေ့ မွန်းလွဲ ၃ နာရီခွဲခန့်တွင် မြန်မာအစိုးရစစ်သားများနှင့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) ကြား ကချင်ပြည်နယ် မန်မော် (ဗန်းမော်)ခရိုင်၊ ခရိန်မူဒန်တွင် ၁၅ မိနစ်ကြာ ပစ်ခတ်မှုတစ်ခု ဖြစ်ပွားခဲ့သည်။



ရွှေညောင်ပင် နယ်မြေခံ တပ်ရင်း ခမရ ၃၂၁ နှင့် KIA တပ်ရင်း ၁၆ တပ်သားများကြား အပြန်အလှန် ပစ်ခတ်ကြခြင်း ဖြစ်သည်ဟု KIA ကဆိုသည်။

ရွာထဲ အစိုးရစစ်သား ၅ ဦး ၀င်ရောက်လာစဉ် ယခုပစ်ခတ်မှုဖြစ်ပွါးခြင်းဖြစ်ပြီး နှစ်ဘက်ထိခိုက်မှု ရှိ မရှိ မသိရသေးပါ။

0 comments:

Post a Comment