Friday, September 2, 2011

ကချင်ပြည်နယ် ပြည်တွင်းစစ်ကြောင့် ဒုက္ခသည် ၄၀၀၀၀ ကျော် ထွက်လာ


KIO ဗဟိုဌာနချုပ် လိုင်ဇာ ယာယီဒုက္ခည်စခန်းတွင် ရောက်ရှိနေသော ကချင်ဒုက္ခသည်များ။
ကချင်ပြည်နယ်တွင် စစ်ကြောင့်နေရပ်စွန့်ခွာကြသူများ ၄၀၀၀၀ ကျော်ပြီဖြစ်ကြောင်း သိရသည်။

မြန်မာအစိုးရ အုပ်ချုပ်နယ်မြေ ဗန်းမော်ဇုံနယ် တခုတည်းတွင် သြဂုတ် ၁၀ ရက် နောက်ဆုံးစာရင်းအရ နေရပ်စွန့်ခွာရောက်လာသူများ လူဦးရေ ၁၄၄၇၀ ရှိသည်ဟု Cathnews သတင်းဝဘ်ဆိုက်တွင် ဗန်းမော်ဇုံနယ် ရိုမန်ကက်သလစ် ဘုန်းတော်ကြီးတပါးအား မေးမြန်း ဖော်ပြထား ပါသည်။

ထို့ပြင် မြန်မာအစိုးရသာထိန်းချုပ်သည့် မြစ်ကြီးနားနှင့် ဝိုင်းမော်ဒေသများတွင် နေရပ်စွန့်ခွာလာသူ ၅၂၇၆ ဦး ရှိသည်ဟု ၎င်းမြို့များရှိ NGO အဖွဲ့အစည်းများမှ သြဂုတ် ၂၂ ရက် နောက်ဆုံးစာရင်း အရသိရသည်။

မိုးကောင်း၊ မိုးညှင်း၊ ဟိုပင်စသည့် မြစ်ကြီးနား-မန္တလေး မီးရထားဘူတာမြို့များသို့လည်း နေရပ်စွန့်ခွာသူများ ရာပေါင်းများစွာ ရောက်ရှိနေသော်လည်း စာရင်း အတိအကျမသိရပါ။

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ထိန်းချုပ်ဒေသများတွင် စက်တင်ဘာ ၁ ရက် နောက်ဆုံးစာရင်း အရ နေရပ်စွန့်ခွာလာသူ ဦးရေ ၂၁၂၀၁ ရှိသည်ဟု ကချင်ဒုက္ခသည်အကူညီပေးကွန်ယန် RANIR က ပြောသည်။

RANIR သည် မြန်မာအစိုးရစစ်တပ်နှင့် KIA တိုက်ပွဲများ ဖြစ်ပွားပြီးနောက်ပိုင်း နေရပ်စွန့်ခွာလာသူများအား အကူအညီပေးနိုင်ရန် အသင်းအဖွဲ့များ စုပေါင်းထားသည့် လိုင်ဇာအခြေစိုက် လူမှုရေးကွန်ယန်တခု ဖြစ်သည်။

0 comments:

Post a Comment