Monday, September 12, 2011

ရွှေလီမြစ်အနောက်ဘက် မြန်မာစစ်တပ်နှင့်ပစ်ခတ်မှုတွင် KIA တစ်ဦး ကျ

ကချင်ပြည်နယ်တောင်ပိုင်း ရှမ်းပြည်နယ် နယ်စပ်တွင် စက်တင်ဘာ ၈ ရက် ကြာသပတေးနေ့က ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA)နှင့် မြန်မာစစ်တပ်ကြား ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ KIA စစ်သား ၁ ဦးကျဆုံးကြောင်း အထက် KIA အရာရှိများ အတည်ပြုပြောဆိုသည်။

KIA တပ်ရင်း ၂၇ နှင့် မြန်မာစစ်တပ် ခလရ ၁၄၄ တပ်သားများကြား အင်မောင်ခ (ရွှေလီမြစ်) အနောက်ဘက်၊ ပန်ခါဒေသတွင် နံနက် ၉ နာရီမှ ညနေပိုင်း ၃ နာရီထိ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့စဉ် ယင်း KIA စစ်သား ကျဆုံးခဲ့သည်ဟု ဒေသခံများပြောသည်။

အစိုးရစစ်တပ်ဘက်မှ သေကြေဒဏ်ရာရရှိမှု ရှိမရှို မသိရပေ။

ခလရ ၁၄၄ သည် အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (ရမခ) လက်အောက်ခံဖြစ်ကာ ယခု ရွှေလီရေအားလျှပ်စစ် စက်ရုံလုံခြုံရေးတာဝန်ယူနေသည့် မာန်ဓါတ်အခြေစိုက် နယ်မြေခံ တပ်ရင်းဖြစ်သည်။

0 comments:

Post a Comment