Wednesday, August 24, 2011

ထင်းမီးခိုးယူသော မြန်မာစစ်သားတစ်ဦး KIA ပစ်ခတ်မှုတွင် ကျဆုံး

သြဂုတ် ၂၄၊ အင်္ဂါနေ့ နံနက်ပိုင်းက ကချင်ပြည်နယ် ၀ိုင်းမော်မြို့နယ်၊ ဆမားကျေးရွာတွင် ရွာသားများ၏ ထင်းမီးများ ခိုးယူသယ်ဆောင်နေကြသော မြန်မာအစိုးရစစ်သားများအား KIA တပ်သားများ လိုက်လံပစ်ခတ်ခဲ့ရာ တဦး ကျဆုံးကြောင်း ဒေသခံများပြောသည်။

ယင်းတိုက်ခိုက်မှုအား KIA ဖလပ်ဘွမ် (Hpalap Bum) တပ်မဌာနချုပ်မှ တပ်သားများ ပြုလုပ်ခြင်းဖြစ်သည်။

အတိုက်ခံရသော မြန်မာစစ်သားများသည် ရွာအနီး တောင်ကုန်း တပ်စခန်းမှဖြစ်ပြီး ထိုစခန်းတွင် တပ်သားသစ် အပြောင်းအလဲ မကြာခဏ ပြုလုပ်သည်ဟု ဒေသခံများပြောသည်။

ဆမားကျေးရွာသည် မြစ်ကြီးနား-ဗန်းမော်လမ်း ဂါးရာကျေးရွာအနီးမှ အရှေ့ဘက်သို့ ချိုးဝင်သည့် KIA ဖလပ်ဘွမ် တပ်မဌာနချုပ်သို့ဦးတည်သည့် လမ်းတွင် တည်ရှိသည်။

1 comments:

Shat shadu mayu ai majaw re na. Hkum jaw sha u. Dai hpyen gwi ni hpe.

Post a Comment