Thursday, August 18, 2011

မြန်မာတပ်နှင့် KIA ကြား ၀ါဝမ်ကွမ်ဘန် တွင် မနက် စစ်ပွဲဖြစ်


သြဂုတ် ၁၈၊ ၂၀၁၁--- မြန်မာစစ်တပ်နှင့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA)ကြား ကချင်ပြည်နယ် ဗန်းမော်ခရိုင်၊ ၀ါဝမ်ကွမ်ဘန်ရွာတွင် ယနေ့ နံနက် ၇ နာရီနှင့် ၈ နာရီကြား အချိန်တို တိုက်ပွဲငယ်ဖြစ်ပွားခဲ့သည်။



တိုက်ပွဲဖြစ်သည့်နေရာသည် မြစ်ကြီးနား-ဗန်းမော် ကားလမ်းမ ကျခန်ဒပ် (Chyahkan Dap) နှင့် အင်မောက် (မိုးမောက်) မြို့ ကြားမှာ တည်ရှိပါသည်။

ဒေသခံတဦး ကချင်သတင်းဌာနသို့ ပြောပြချက်အရ ရွာတွင်ရောက်ရှိသော အစိုးရစစ်ကြောင်းနှင့် KIA တပ်မဟာ ၃၊ တပ်ရင်း ၁၅ ကြား တိုက်ပွဲဖြစ်ပွားခြင်းဖြစ်သည်ဟု ပြောပါသည်။

ယင်းတိုက်ပွဲတွင် နှစ်ဖက်တပ်သားများ သေကြေ ထိခိုက်ဒါဏ်ရာ ရရှိမှု ရှိ မရှိ မသိရသေးပါ။

0 comments:

Post a Comment