Wednesday, August 24, 2011

ဆမားကျေးရွာမှာ မြန်မာအစိုးရစစ်သားများအား KIA တပ်သားများ လိုက်လံပစ်ခတ်


Sama-Myanသြဂုတ် ၂၄၊ ၂၀၁၁-- ယနေ့နံနက်ပိုင်းတွင် ဆမားကျေးရွာတွင် ဒေသခံများ၏ မီးဖိုထင်း ခိုးယူသယ်ဆောင်နေကြသော မြန်မာအစိုးရစစ်သားများအား ဖလပ်ဘွမ်တပ်မ အခြေစိုက် KIA တပ်သားများက လိုက်လံပစ်ခတ်သည်ဟု ဒေသခံများပြောသည်။

အတိုက်ခံရသော မြန်မာစစ်သားများသည် ရွာတောင်ကုန်းတွင် အခြေစိုက်ထားသည့် တပ်စခန်းမှဖြစ်သည်။  အဖြစ်အပျက် အသေးစိတ်ကို မသိရသေးပါ။

ဆမားကျေးရွာသည် မြစ်ကြီးနား-ဗန်းမော်လမ်းပိုင်း ဂါးရာကျေးရွာအရှေ့ဘက်၊ KIA ၏ ဖလပ်ဘွမ် တပ်မ အခြေစိုက်စခန်းသို့ဦးတည်သည့် လမ်းတွင် တည်ရှိသည်။


0 comments:

Post a Comment