Friday, August 12, 2011

မြန်မာအစိုးရစစ်သားတဦး မိမိကိုယ်ကို အဆုံးစီရင်


ကချင်ပြည်နယ် မြန်မာအစိုးရစစ်တပ် ၀ိုင်းမော် နယ်မြေခံတပ်ရင်း ခလရ (၅၈) တပ်ဝင်းထဲတွင် မြန်မာစစ်သားတဦး မိမိကိုယ်ကို သေနတ်ဖြင့် ပစ်ကာ အဆုံးစီရင်မှု ဖြစ်ပွားခဲ့သည်။

“မနက် ၃ နာရီလောက်မှာ သေနတ်သံကြားလိုက်တယ်”

သြဂုတ် ၁၀၊ ဗုဒ္ဓဟူးနေ့က ခလရ (၅၈)သို့ ရောက်ရှိနေသည့် မြစ်ကြီးနားနယ်မြေခံ ခလရ (၂၁) မှ မြန်မာစစ်သား တဦးသည် နံနက် ၃ နာရီချိန်တွင် မိမိကိုယ်ကို သေနတ်ဖြင့် ပစ်ခတ်ကာ အဆုံးစီရင်သွားသည် ဟု ဒေသခံများပြောသည်။

ဝိုင်းမော် ဒေသခံတဦးက “စစ်သားအလောင်းကို သုံးဘီးဆိုင်ကယ်နဲ့ တပ်ထဲကနေ သယ်ထုတ်သွားပြီး နံနက် ၇ နာရီလောက်မှာပဲ (၅၈) အထက်က သင်္ချိုင်းမှာ သင်္ဂြုံလ်လိုက်ကြတယ်လို့ကြားတယ်။” ဟု ပြောသည်။

မိမိကိုယ်ကို အဆုံးစီရင်သွားသူမှာ ခလရ (၂၁)မှ သာမန် တပ်သားသာဖြစ်ပြီး အိမ်ထောင်မရှိသူဟုလည်း သိရသည်။

“သေမထူး၊ နေမထူးလို့ သတ်သေသွားတယ်လို့ပြောတယ်” ဟု ဒေသခံများကြား ပြောဆိုနေကြသည်။

ဇူလိုင် ၁၆ ရက် ခယာ (Hkaya) ရက်တို တိုက်ပွဲ အတွင်း ခလရ (၂၁) မှာ အကျအရှုံးများခဲ့သည့် တပ်ဖြစ်သည်။ ခလရ (၂၁)မှ မြန်မာစစ်သား ၇ ဦးအား KIA က အရှင်ဖမ်းဆီးသွားသည်။

2 comments:

This comment has been removed by the author.

ဗိုလ်ချုပ်အောင်ဆန်းဖွဲ့စည်းခဲ့သောမြန်မာ့တပ်မတော်သည်တိုင်းပြည်ကိုကာကွယ်ရန်အတွက်ဖြစ်ပြီး၊တိုင်းပြည်ကိုဖျက်ဆီးရန်အတွက်မဟုတ်။
သို့သော်မြန်မာ့တပ်မတော်သည်အင်မတန်အောက်တန်းကျသောစစ်တပ်အဖြစ်ကမ္ဘာကျော်နေပြီးဖြစ်သည်။သူတို့သည်သူခိုးကလူလိုဟစ်သည်
ဆိုသောသူများဖြစ်ကြသည်။ပညာမဲ့သောမြန်မာစစ်သားများသည်ဒမြခေါင်းဆောင်သန်းရွှေနှင့်အပေါင်းပါလူတစုအတွက်အလုပ်အကျွေးပြုနေချင်း
သက်သက်သာဖြစ်သောကြောင့်စစ်တိုက်ချင်းထက်မိမိကိုကိုယ်သေကြောင်းကြံချင်းသည်သာ၍မြတ်သောအမှူဖြစ်သည်
ဟုယူဆကြလျင်ပို၍သင့်တော်သည်။

Post a Comment