Friday, August 29, 2014
Tuesday, August 26, 2014
ကချင် ကျောက်စိမ်းမှော်လမ်း အစိုးရတပ်များ လုံခြုံရေးယူရန် KIO ကို အသိပေး
လက်ရှိ မြစ်ကြီးနား-ဖားကန့် လမ်းလုံခြုံရေးနဲ့ ကျောက်ကုမ္ပဏီများရဲ့ လုံခြုံရေး တာဝန်ယူထားတဲ့ တပ်မ ၆၆ မှ စစ်သားနှစ်ဦး |
ကချင်ပြည်နယ် ဖားကန့်ကျောက်စိမ်းမှော်ကို လာမည့်အပတ် စက်တင်ဘာ လဆန်း ၁ ရက် တနင်္လာနေ့မှ ပြန်လည်ဖွင့်လှစ်မည်ဖြစ်သောကြောင့် ဖားကန့်လမ်းကြောင်း လုံခြုံရေးအတွက် အစိုးရတပ် စစ်ကြောင်းလှုပ်ရှားမှုများ ရှိလာမည်ကို ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) အား ကြိုတင်အသိပေးထားကြောင်း သိရသည်။
Friday, August 15, 2014
ဖားကန့်ကျောက်စိမ်းမှော် ပြန်ဖွင့်ချိန် နှစ်ဖက်တပ် ထိတွေ့တိုက်ခိုက်မှုမရှိစေရန် KIO အား အစိုးရညှိနိုင်း
Tuesday, August 12, 2014
အစိုးရနှင့် KIA ဖားကန့်လမ်း ဆဘော်မှော်တွင် တိုက်ပွဲ ၂ ကြိမ်ဖြစ်ပွား
Monday, August 11, 2014
အစိုးရတပ်နှင့် KIA တိုက်ပွဲ ပြင်းထန်လာသောကြောင့် ဒုက္ခသည်စခန်းများ ထပ်မံ ထွက်ပြေး တိမ်းရှောင်နေရ
ဧပြီ ၁၀ ရက်မှစပြီး အစိုးရတပ်နဲ့ KIA ကြား ပြင်းထန်တဲ့တိုက်ပွဲဖြစ်လာခြင်းကြောင့် Lagat Yang ဒုက္ခစခန်းမှ လူများနဲ့ ဒေသခံများ မံဝင်းသို့ ထွက်ပြေးလာပုံ။ |
ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့နယ် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တပ်မဟာ (၃) တပ်ရင်း ၂၇ ဒေသတွင် ယခုချိန် အစိုးရတပ်များနှင့် KIA တပ်ဖွဲ့များ ပြင်းပြင်းထန်ထန် တိုက်ပွဲဖြစ်ပွားနေခြင်းကြောင့် အနီးရှိ လဂါတ်ယန် (Lagat Yang) ဒုက္ခသည်စခန်းက ဒုက္ခသည်များသည် ယမန်နေ့ ၁၀ ရက်နေ့မှ မံဝင်းသို့ ဆက်လက် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။
Saturday, August 9, 2014
အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီနှင့် NCCT တို့ ထိုင်း-မြန်မာနယ်စပ်တွင် တွေ့ဆုံ
ဗိုလ်ချုပ်ဂွမ်မော် (ဘယ်)၊ NCCT ဒုတိယ ခေါင်းဆောင် |
ပြည်ထောင်စု အစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ UPWC နှင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးညှိနှိုင်းရေးအဖွဲ့ NCCT တို့ ပြန်လည်တွေ့ဆုံဆွေးနွေးရန် ကြိုတင်ပြင်ဆင်သော ဆွေးနွေးမှုကို ယနေ့ သြဂုတ်လ ၉ ရက်နေ့ ထိုင်း-မြန်မာနယ်စပ် တစ်နေရာတွင် ကျင်းပနေသည်။