Friday, April 18, 2014

KIO မှ မူးယစ်ဆေးဝါးနေ့ ရွေးချယ် သတ်မှတ်

ဧပြီ ၂၅ ကချင်မူးယစ်ဆေးဝါး တိုင်ဖျက်ရေးနေ့

မြန်မာအစိုးရတပ်နှင့် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ကြား စစ်ရေးတင်းမာနေချိန် တဖက်တွင် KIO သည် လာမည့် ဧပြီလ ၂၅ ရက်နေ့ကို ကချင်မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့အဖြစ် သတ်မှတ်ခဲ့ကြောင်း သိရှိရသည်။

၎င်း မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့အဖြင့် ဆွေးနွေးသတ်မှတ်ခြင်းကို ဧပြီလ ၁၆ မှ ၁၈ ရက်နေ့ထိ ဗဟိုဌာနချုပ် လိုင်ဇာမြို့တွင် ကျင်းပခဲ့ခြင်းဖြစ်ကြောင်း KIO အရာရှိများပြောသည်။

ထိုဆွေးနွေးပွဲကို အသင်းတော်များ၊ အဖွဲ့အစည်းများ၊ ရပ်မိရပ်ဖများ၊ ရိုးရာယဉ်ကျေးမှုအဖွဲ့၊ တက္ကသိုလ်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့များ-ကချင် (JLH)နှင့် KIO အရာရှိများက ဆွေးနွေး သတ်မှတ်ခဲ့ခြင်းဖြစ်သည်။

တိုက်ဖျက်ရေးစီမံကိန်းကို ကချင်ပြည်နယ်နေရာအနှံ့ရှိ အသင်းတော်များ၊ ပြည်သူများပူးပေါင်းပါဝင်ပြီး မူးယစ်တိုက်ဖျက်သည့် ကော်မတီများကိုလည်းဒေသအသီးသီး ခန့်ထားမည်ဖြစ်ကြောင်းသိရှိရသည်။

ဧပြီ ၂၅ ရက်နေ့တွင် ကချင်မူးယစ်တိုက်ဖျက်ရေးနေ့ဟု သတ်မှတ်ကာ နံနက် ၆ နာရီချိန် အသင်းတော်တိုင်းမှ ဘုရားသခင်ထံ ဆုတောင်းအပ်နှံသည့် အခမ်းအနားများလုပ်ဆောင်ကြမည်ဖြစ်ကြောင်း ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် (KBC) လူငယ်တာဝန်ခံ ဆရာ Nhkum Tang Gun က KNG ကချင်သတင်းဌာန သို့ပြောသည်။

ထိုနေ့မှ သုံးစွဲ၊ ရောင်းချ၊ စိုက်ပျိုးသူများအား ထိုလုပ်ငန်းကိုလုံးဝရပ်နားလိုက်သည် အထိ စေတနာစိတ်ဖြင့် အသိပေးခြင်းကို ဦးစွာလုပ်ဆောင်သွားမည်ဖြစ်ပြီး သုံးစွဲသူများကိုလည်း ဖျက်ပေးသည့်အစီအစဉ်များ ပြုလုပ်သွားမည်ဖြစ်သည်။

ထိုသို့အဆင့်ဆင့်ပြုလုပ်သွားမည်ဖြစ်ပြီး ဆက်လက်လုပ်ဆောင်နေပါက ဥပဒေနှင့်အညီ ထိရောက်စွာအရေး ယူမည်ဟု သဘောတူထားကြောင်းသိရှိရသည်။

KIO အတွင်း မူးယစ်ဆေးဝါးသုံးစွဲသူများအား ထိရောက်စွာအရေးယူသည့် အမိန့်များထုတ်ပြန်ကာ အမြင့်ဆုံး အရာရှိမှ တပ်သားအထိ ရာထူးချမည်ဖြစ်ပြီး ဆက်လက်သုံးစွဲပါက KIO မှရပ်နားသည်အထိ အရေးယူ သွားမည်ဖြစ်ကြောင်း KIO မှ ပြောသည်။

မည်သည့် အုပ်ချုပ်ဒေသတွင်ဖြစ်စေ မူးယစ်စိုက်ခင်းများကိုလည်း ဖျက်ဆီးပေးမည်ဖြစ်ကြောင်း သိရှိရသည်။

အစိုးရထိန်းချုပ်နယ်မြေတွင် မူးယစ်ဆေးဝါးစားသုံးသည့် လူငယ်များသည် အိမ်တိုင်းနီးပါးတွင်ရှိပြီး ရာမ၊ ဖော်မြူလာ၊ မူးယစ်စေသည့် ဆေးဝါးများသုံးစွဲနေသူများရှိကြောင်း သိရှိရသည်။


0 comments:

Post a Comment