Saturday, April 12, 2014

ဘမ်ခုန်ယန်ကျေးရွာ KIA အုပ်ချုပ်ရေရုံးကို အစိုးရသိမ်းပိုက်

KIO/KIA ဗဟိုဌာနချုပ် လိုင်ဇာ ပတ်ဝန်းကျင် ရှေ့တန်းတနေရာ။

ကချင်ပြည်နယ် ဗန်းမော်ခရိုင် မန်စီမြို့နယ် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တပ်ရင်း ၂၇ ဒေသ ဥလန်ပါတိုက်နယ် (U Lang Pa ginwang) ဘမ်ခုန်ယန် (Bang Hkung Yang) ကျေးရွာရှိ KIO အုပ်ချုပ်ရေးရုံးအား ဧပြီလ ၁၀ ရက် ညနေ ၆နာရီချိန် အစိုးရတပ်မှ သိမ်းပိုက်လိုက်ကြောင်းသိရသည်။

အစိုးရခြေလျင်တပ်ရင်း ၆၉ အင်အား ၁၀၀ ကျော်သည် လက်နက်ကြီးများဖြင့် ပစ်ခတ် ဝင်ရောက်လာခြင်းကြောင့် KIO မှ နောက်ဆုတ်လိုက်ခြင်းဖြစ်ကြောင်း KIA တပ်ရင်း ၂၇ ဒေသ အရပ်ဖက် အုပ်ချုပ်ရေးမှူး ((D.O) လရှီးလဆိုင်း KNG ကချင်သတင်းဌာန သို့အတည်ပြုပြောသည်။

အစိုးရခြေလျင်တပ်ရင်း ၆၉ အင်အား ၁၀၀ ကျော်သည် လက်နက်ကြီးများဖြင့် ပစ်ခတ် ဝင်ရောက်လာခြင်းကြောင့် KIO မှ နောက်ဆုတ်လိုက်ခြင်းဖြစ်ကြောင်း KIA တပ်ရင်း ၂၇ ဒေသ အရပ်ဖက် အုပ်ချုပ်ရေးမှူး ((D.O) လရှီးလဆိုင်း KNG ကချင်သတင်းဌာန သို့အတည်ပြုပြောသည်။

“အုပ်ချုပ်ရေးမှူး၊ တိုက်နယ်အုပ်ချုပ်ရေးမှူးနဲ့ စာရေးများ ၄ ယောက်ရှိစဉ် လက်နက်ကြီးများဖြင့် ဝင်ရောက်ပစ်ခတ်လာလို့ နောက်ဆုတ်ခဲ့တာ” ဟု ဆိုသည်။

၎င်းအစိုးရတပ်သည် KIO စခန်းအားသိမ်းပိုက်ပြီးနောက် အုပ်ချုပ်ရေးရုံးအနီးတဝိုက်လှုပ်ရှားနေပြီး ဧပြီလ ၁၁ ရက်နံနက် ၈ နာရီခွဲချိန် မော်ရွှေ (Maw Shwi) တွင် KIA တပ်ရင်း ၁၂ နှင့် ၁၀ မိနစ်ကျော် ပစ်ခတ်တိုက်ခိုက်ခဲ့ ကြောင်း KIO အရာရှိများပြောသည်။

ထို့ပြင် အစိုးရတပ်မ ၈၈ စစ်ကြောင်း ၃ ကြောင်းသည် ယမန်နေ့မှလက်နက်ကြီးများဖြင့် ပြင်းထန်စွာ ပစ်ခတ်တိုက်ခိုက်လာသောကြောင့် ယနေ့ ၁ နာရီခွဲချိန် KIA တပ်ရင်း ၂၇ လှုပ်ရှားနေရာ ၂ ခု နောက်ဆုတ်လိုက်ကြောင်း KIA ရှေ့တန်းမှ ပြောသည်။

ယနေ့နံနက် ၇ နာရီချိန်မှ စတင်သောပြင်းထန်တိုက်ပွဲသည် နားလုံဘွမ် (Na Lung Bum)၊ နောင်းလုပ် (Nawng Luk)၊ ကျားကောင်းတောင်နှင့် ခခေရွာ (Hka Hkye mare) အောက်တွင် ပြင်းထန်တိုက်ပွဲဖြစ်ပွားပြီး ညနေ ၁ နာရီခွဲချိန်တွင် နားလုံဘွမ်နှင့် ကျားကောင်းတောင်အား နောက်ဆုတ်လိုက်ကြောင်း KIA အရာရှိများပြောသည်။

အစိုးရတပ်မှ လက်နက်ကြီးများဖြင့် ပြင်းထန်စွာတိုးစစ်တိုက်ခိုက်သောတိုက်ပွဲတွင် KIA မှ ၄ ဦး ထိခိုက်ဒဏ်ရာရှိပြီး ကျဆုံးမှုမရှိကြောင်း၊ အစိုးရတပ်မှ ကျဆုံးဒဏ်ရာရရှိမှုရှိသော်လည်း တိကျ မသိသေးကြောင်း တပ်ရင်း ၂၇ ဒေသ တိုက်နယ်အုပ်ချုပ်ရေးမှူး (D.O) လရှီးလဆိုင်း ပြောသည်။

ဧပြီလ ၁၀ ရက်နေ့မှ စတင်ဖြစ်ပွားသောတိုက်ပွဲကြောင့် တိမ်းရှောင်လာသော လဂါတ်ယန် (Lagat Yang) ဒုက္ခသည်စခန်းနှင့် ရွာသားများသည် ၂ ထောင်ကျော်ရှိနေပြီး တရုတ်ပြည်နောင်းတောင်မြို့ ကောင်းချန်းတွင် ၁ ထောင် ကျော် ထွက်ပြေးတိမ်းရှောင်လာကြောင်းသိရသည်။

ထွက်ပြေးတိမ်းရှောင်းသူများသည် မန်ဝင်းတွင် နေရာထိုင်ခင်းနှင့်လုံခြုံရေးကြောင့် စစ်ပြေးအချို့သည် ရှမ်းပြည်ဘက်ခြင်း နမ့်ခမ်းသို့တိမ်းရှောင်နေကြောင်းသိရှိရသည်။ နှစ်ဖက်တင်းမာမှုနှင့်ပတ်သက်၍ အစိုးရဖက်မှ အတည်ပြုချက်မရသော်လည်း အစိုးသတင်းစာတွင် သန်းခေါင်စာရင်းကောက်ခံမှုပိတ်ပင်ထားသော KIO နယ်မြေများတွင် စစ်တပ်အင်အားဖြင့် ၀င်ရောက်လျက်ရှိကြောင်း ဖော်ပြထားသည်။

အစိုးရတပ်သည် သန်းခေါင်စာရင်းခေါင်းစဉ်ဖြင့် KIA တပ်ရင်း ၂၇ ဒေသသို့ စစ်အင်အားတိုးချဲ့ လှုပ်ရှားနေခြင်းဖြစ်ပြီး တရုတ်နယ်စပ် ရွှေလီမြစ် နောင်းတောင်းတံတား ဘန်ခမ်းဂိတ် (Bang Hkam gate) အားသိမ်းပိုက်ရန် လက်နက်ကြီးများဖြင့် တိုက်ခိုက်နေခြင်းဖြစ်ကြောင်း KIA တပ်ရင်း ၁၂ အရာရှိများ ပြောသည်။


0 comments:

Post a Comment