Tuesday, December 24, 2013

KIO နှင့် အစိုးရ တိုက်ပွဲ ပြင်းထန်၊ လက်နက်ကြီးများ ပစ်ခတ်

၂၀၁၁ ခုနှစ်မှ မြန်မာအစိုးရတပ်ရဲ့ ထိုးစစ်ကို ခုခံနေတဲ့ ကချင်ပြည်နယ် ရှေ့တန်းမှ KIA စစ်သား ၂ ဦး။


မြန်မာအစိုးရ တပ်များ ၀င်ရောက် တပ်စွဲထားသည့် နမ့်လင်းပါ ရွာတွင် ယနေ့ ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။


ယနေ့ နံနက် ၁၁ နာရီအချိန်မှ စတင်ပြီး တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး အစိုးရ တပ်ဖွဲ့မှ လက်နက်ကြီးပစ်ခတ်မှုများ ရှိခဲ့သည်ဟု ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တပ်ရင်း ၁၂ တပ်ရင်းမှ ဗိုလ်မှူး ဂျွန်းအောင်က ပြောသည်။

“ဒီမနက်က သူတို့နေပူစာလုံနေတဲ့ချိန်မှာ စပစ်လိုက်တာနဲ့ နှစ်ဘက်တပ်ကနေအပြင်းအထန် လက်နက်ကြီး လက်နက်ငယ်တွေနဲ့ပစ်ခတ်ကြတာ ၁ နာရီခွဲချိန်မှာ လက်နက်ကြီးပစ်တဲ့သံ အကြိမ် ၅၀ မကတော့ဘူး သေဆုံး ဒဏ်ရာရမှုမသိသေးဘူး ရွာအတွင်းမှာပစ်နေကြတာပါ”

ထို့ပြင် ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် KIA တပ်မဟာ (၄) ဒေသအတွင်း ယမန်နေ့ ဒီဇင်ဘာ ၂၃ ရက်နေ့က KIA တပ်ရင်း ၉ ကချင်ပြည်သူ့စစ် တပ်ဖွဲ့ (MHH)မှ အစိုးရတပ်သားများပါသည့် ၂၂ ဘီးကား ၁ စင်းအား မိုင်းဖြင့်ပစ်ခတ်တိုက်ခိုက် ခဲ့ကြောင်း တပ်မဟာ (၄) အရာရှိ ၁ ဦးပြောသည်။

www.kachinnews.com

www.burmese.kachinnews.com

www.kahcin.kachinnews.com

www.kachin-news.blogspot.com

http://www.facebook.com/Kachin-News-Group


0 comments:

Post a Comment