Monday, December 23, 2013

ကချင်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွား

မြစ်ကြီးနား-ဗန်းမော် လမ်းမ တနေရာမှာ မြင်ရတဲ့ KIA စစ်သား ၃ ဦး။



ကချင်ပြည်နယ်တောင်ပိုင်း ဗန်းမော်ခရိုင်အတွင်း အစိုးရ တပ်များ တိုးချဲ့လှုပ်ရှားလျက်ရှိရာ ယနေ့ ဒီဇင်ဘာ ၂၃ ရက် မနက်ပိုင်းတွင် ကချင်လွတ်လပ်ရေး တပ်မတော် (KIA)မှ မိုင်းတိုက်ပွဲ ဆင်နွဲခဲ့ကြောင်း KIA အရာရှိ တဦးက ပြောသည်။


ဗန်းမော်ခရိုင် မန်စီမြို့နယ် နမ်လင်းပါ (Nam Lim Pa) ရွာပြင်ဘက်သို့ လှုပ်ရှားလာသော အစိုးရတပ်အင်အား ၃၀ ခန့် အား KIA တပ်ရင်း ၁၂ မှ နံနက် ၁၀ နာရီအချိန်တွင်မိုင်းဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဗိုလ်မှူးဂျွန်အောင် KNG ကချင်သတင်းဌာန သို့ပြော သည်။

“သူတို့ဘက်ကအဖွဲ့လိုက်လှုပ်ရှားထွက်လာတဲ့လမ်းမှာ မိုင်းနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တာ သူတို့ဘက်က ၂ ယောက် ၃ ယောက်လောက်က အေးဆေးကျမယ်” ဟုဆိုသည်။

ထိုအစိုးရတပ်သည် ၎င်းတို့၏ဗိုလ်ကြီးများအိပ်သည့် နေရာများအနှံ့ လုံခြံရေးယူပေးသော တပ်ဖွဲ့ဖြစ်ပြီး ရွာအောက် ရွာပြင်သို့ နေ့စဉ် ပစ်ခတ်လှုပ်ရှားနေသောတပ်ဖွဲ့ဖြစ်ကြောင်း သိရသည်။

ယမန်နေ့ ၂၂ ရက်နံနက်ပိုင်းကလည်း ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်အတွင်း အစိုးရတပ် ခြေလျင်တပ်ရင်း ခလရ ၁၄၃ တပ်နှင့် KIA တပ်ရင်း ၈ ကြား ဘန်လော (Banglaw)တွင် ၃၀ မိနစ်ကျော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့သည်။

ကွတ်ခိုင်မြို့နယ်အတွင်းရှိ ဂါလဲန် (Galeng)စခန်းမှ အစိုးရတပ်အင်အား ၈၀ ခန့်သည် KIA တပ်ရင်း ၈ ရှေ့တန်းတပ်ဖွဲ့များ ဘန်လော (Banglaw)တွင် ရောက်ရှိလာစဉ် ပစ်ခတ်တိုက်ခိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

ယမန်နေ့တိုက်ပွဲတွင် KIA တပ်ရင်း ၈ မှ ထိခိုက်ဒဏ်ရာ ရရှိမှုမရှိကြောင်း အစိုးရတပ်မှ ၂ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရရှိကြောင်း တပ်မဟာ (၄) အရာရှိ ၁ ဦးပြောသည်။ ထိခိုက်ကျဆုံးမှုနှင့် ပတ်သက်၍ KNG ကချင်သတင်းဌာနမှ သီးခြား အတည်မပြုနိုင်သေးပါ။

ယခုချိန် အစိုးရတပ်သည် ရှမ်းပြည်နယ် မြောက်ပိုင်း KIA တပ်ရင်း ၈ ဒေသတွင် နေ့စဉ်လှုပ်ရှားနေခြင်းကြောင့် နှစ်ဖက်တပ်မှ ပစ်ခတ်တိုက်မှုများရှိပြီး ကချင်ပြည်နယ် တောင်ပိုင်း KIA တပ်မဟာ (၃) ဒေသတွင်လည်း နေ့စဉ်တိုက်ပွဲများဖြစ်ပွား နေကြောင်း KIA အရာရှိများက ပြောသည်။

www.kachinnews.com

www.burmese.kachinnews.com

www.kahcin.kachinnews.com

www.kachin-news.blogspot.com

http://www.facebook.com/Kachin-News-Group


0 comments:

Post a Comment