Monday, June 3, 2013

ပန်ဆိုင်း ဒေသတွင် အစိုးရတပ်နှင့် KIA ပစ်ခိုက်မှု ဖြစ်ပွား

ယခင် ပန်ဆိုင်း (ကြူကုတ်) ဒေသ ရှေ့တန်းတနေရာမှာ မြင်ရတဲ့ မြန်မာစစ်သား ၂ ဦး။


မြန်မာအစိုးရတပ်နှင့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) ကြား ရှမ်းပြည်မြောက်ပိုင်း မုန်ဂိုးဒေသ ပန်ဆိုင်း (ကြူကုတ်) မြို့ ပတ်ဝန်းကျင်တွင် ဇွန် ၃ ရက် ယနေ့ညနေပိုင်းတွင် အချိန်တို တိုက်ခိုက်မှုဖြစ်ပွားခဲ့သည်။

အင်အား ၅၀ ကျော်ရှိသည့် တပ်ရင်းအမည်မသိရသော အစိုးရစစ်ကြောင်းသည် KIA ပြည်သူ့စစ်တပ်ဖွဲ့ (MHH) တပ်ခွဲ (၅) နယ်မြေသို့ ၀င်လာစဉ် MHH မှ မိုင်းဖြင့် ၂ ကြိမ် တိုက်ခိုက်ခဲ့ကြောင်း MHH တပ်ခွဲမှူး ဇော်ဆိုင်း KNG ကချင်သတင်းဌာန သို့ပြောသည်။
“ရွာနှင့် လမ်းမကြီးတွင်လုံးဝ ပစ်ခတ်မှုမပြုရန် ညွှန်းထားတယ်။ ဒါမဲ့ အစိုးရတပ်က လမ်းအတိုင်းလဲမသွားဘူး။ စစ်အင်အား နည်းနည်းနဲ့ တိုးတိုးပြီး ကျနော်တို့ဒေသမှာ ရောက်လာတယ်။”
အစိုးရတပ်ဖွဲ့သည် တရုတ်နယ်စပ်လမ်းတလျှောက်မှ ပန်ဆိုင်း (ကြူကုတ်) MHH (Mungshawa Hpyen Hpung) တပ်ခွဲ (၅) နယ်မြေသို့ စစ်ဆင်လာခြင်းကြောင့် ဝန်ဒင်ချောင်း (Wandin Hka) အနီးတွင် ပစ်ခတ်မှုဖြစ်ပွားခြင်းဖြစ်သည်။
မိုးသည်းထန်စွာ ရွာသွန်းနေချိန် ယခုလို အချိန်တိုတိုက်ခိုက်မှုဖြစ်ပွားခဲ့ရာ အစိုးရတပ်မှ မှ ၁ ဦးသေဆုံးကြောင်း မျက်မြင်များပြောသည်။
မေ ၂၈-၃၀ ရက် အစိုးရနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ကြား မြစ်ကြီးနားဆွေးနွေးပွဲ ပြုလုပ်ချိန်နှင့်တပြိုင်တည်း စုစုပေါင်းအင်အား ၁၅၀ ကျော်ရှိ အစိုးရစစ်ကြောင်း ၃ ကြောင်းသည် ပန်ဆိုင်း (ကြူကုတ်) MHH နယ်မြေအတွင်း စစ်ရေးလှုပ်ရှားလာကြောင်း ဒေသခံများဆိုသည်။
မြစ်ကြီးနားဆွေးနွေးပွဲ သဘောတူညီချက်တွင် နှစ်ဖက်တပ်ကြား တိုက်ပွဲလျော့ချခြင်း၊ တိုက်ပွဲများ ထပ်မံမဖြစ်ပွားအောင် ထိန်းသိမ်းရန် သဘောတူညီခဲ့သော်လည်း ရှမ်းပြည်မြောက်ပိုင်း KIA တပ်မဟာ (၄) နယ်မြေတွင် အစိုးရစစ်အင်အားများ ဖြည့်တင်းနေဆဲဖြစ်ကြောင်း တပ်မဟာ(၄)အရာရှိများပြောသည်။

www.kachinnews.com

www.burmese.kachinnews.com

www.kahcin.kachinnews.com

www.kachin-news.blogspot.com

http://www.facebook.com/Kachin-News-Group



0 comments:

Post a Comment