Monday, June 17, 2013

လိုင်ဇာ ဌာနချုပ်နယ်မြေတွင်း အစိုးရတပ်များ စစ်ရေးလှုပ်ရှားလာစဉ် မြေမြုပ်မိုင်းမိ

လိုင်ဇာမှ KIA တပ်ဖွဲ့များ။

သိမ်းပိုက်ရန် ထိုးစစ်ဆင်လာသော အစိုးရတပ်သည် အင်တဲမ်ဘွမ် (Ntap Bum) တောင်ခြေတွင် မြေမြုပ်မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
၎င်းမိုင်းသည် ယခင်စစ်ပွဲဖြစ်ပွားခဲ့စဉ် ထောင်ထားခဲ့သော နေရာဟောင်းမှဖြစ်ပြီး စစ်အင်အား ၅၀ ကျော်ဖြင့် အစိုးရတပ်များ လှုပ်ရှားလာချိန်အတွင်း ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းရှေ့တန်းမှ KIA အရာရှိတစ်ဦးပြောသည်။

“အစိုးရတပ်က ဂျာအိန်ယန်အနီးမှာရှိတဲ့ KIA စစ်စခန်း (post) တခုကို ဖယ်ပေးဖို့ ပြောတယ်။ ကျနော်တို့က ‘ခင်ဗျားတို့လည်း ကျနော်တို့နေတဲ့ နေရာကိုမလာနဲ့  ကျနော်တို့လည်း ခင်ဗျားတို့နေတဲ့နေရာကို လာမရှုပ်ဘူး’ လို့ ပြောလိုက်တယ်။ မလာနဲ့လို့ပြောနေတဲ့ချိန် ဒီမနက် ၁၀ နာရီလောက်မှာ ရောက်လာပြီး ပေါက်ကွဲခဲ့တာ” ဟု ရှေ့တန်းမှ အရာရှိတဦး KNG ကချင်သတင်းဌာန သို့ပြောသည်။
ထိုအစိုးရတပ်သည် ရှဒန်ပါတွင်ရှိသော ခြေမြန်တပ် ခမရ ၄၂၆ တပ်ဖြစ်ပြီး ပေါက်ကွဲမှုတွင် ၄ ဦး ထက်မနည်း သေဆုံးပြီး သူများရှိကြောင်း ရှေ့တန်းသတင်းမှပြောဆိုသော်လည်း နှစ်ဖက်အတည်ပြုချက် မရခဲ့ပါ။
မြန်မာအစိုးရ ကိုယ်စားလှယ်များသည် မြစ်ကြီးနား ဆွေးနွေးမှုအပြီး နှစ်ဖက်ကြား ပစ်ခတ်တိုက်ခိုက်မှုများလျော့ချပြီး တိုက်ပွဲထပ်မံ မဖြစ်ပွားအောင် ထိန်းသိမ်းသွားရန် သဘောတူညီလက်မှတ် ရေးထိုး နိုင်ခဲ့သော်လည်း အစိုးရတပ်ဖက်မှ ဗဟိုဌာနချုပ်အနီးရှိ ၄င်းတို့၏စခန်းများသို့ စစ်အင်အားဖြည့်လှုပ်ရှားမှုများပြုလုပ်လာခြင်းဖြစ်သည်။
၁၆ ရက် တနင်္ဂနွေနေ့ နံနက် ၁၀ နာရီချိန်တွင် ဗန်းမော်ဘက်မှ အစိုးရတပ်  တပ်မ ၉၉ သည် စစ်ကား ၆ စင်း အင်အား ၁၅၀ ကျော်ဖြင့် ခလရ ၁၄၂ တပ်နှင့် လဂျားယန် (Laja Yang) တွင် တိုးချဲ့လာကြောင်း မျက်မြင်များပြောသည်။
မြန်မာအစိုးရတပ်သည် ဗဟိုဌာနချုပ် လိုင်ဇာအနီးတဝိုက်သို့ ဇွန်လ ၁ ရက်နေ့မှ စစ်အင်အား ၁၅၀ ကျော် နှင့်လက်နက်အင်အားများ ဖြည့်ထားကြောင်း သိရသည်။
နှစ်ဖက်ကြား ပစ်ခတ်တိုက်ခိုက်မှုများလျော့ချပြီး တိုက်ပွဲထပ်မံ မဖြစ်ပွားအောင် ထိန်းသိမ်းသွားရန် သဘောတူညီသော်လည်း KIA တပ်မဟာ ၃ နယ်မြေ၊ တပ်မဟာ ၄ နယ်မြေများတွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေသည်။

www.kachinnews.com

www.burmese.kachinnews.com

www.kahcin.kachinnews.com

www.kachin-news.blogspot.com

http://www.facebook.com/Kachin-News-Group



0 comments:

Post a Comment