Monday, June 10, 2013

ကချင်စစ်ပွဲ ၂ နှစ်ပြည့် ဆုတောင်းပွဲ ချင်းမိုင်မြို့တွင် ပြုလုပ်

ကချင်ပြည်တွင်းစစ် ၂ နှစ်ပြည့် ချင်းမိုင်မြို့ အခမ်းအနား။


ကချင်ပြည်တွင်းစစ်ပွဲ ၂ နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင်လည်း ဇွန်လ ၉ ရက် တနင်္ဂနွေနေ့က ထိုင်းနိုင်ငံကချင်လူမှုအသိုင်းအ၀ိုင်း (Kachin Community in Thailand) မှ ဦးဆောင်ကာဆုတောင်းပွဲ ပြုလုပ်ကျင်းပခဲ့သည်။

ထိုနေ့တွင် ကချင်ပြည်တွင်းစစ်ကြောင့် ကိုယ်လက်အဂါင်္ချို့တဲ့သွားသူများအတွက် ကူညီထောက်ပံ့ရန် ရန်ပုံငွေရှာဖွေသည့် အခမ်းအနားလည်းဖြစ်သည်။
စစ်ပွဲအတွင်း မိုင်းဒဏ်ကြောင့် လက်ပြတ်၊ ခြေပြတ် ဒုက္ခိတဘ၀ဖြစ်သွားသူများအတွက် ခြေတု၊ လက်တုများ တပ်ဆင်ပေးနိုင်ရန် အယောက် ၄၀ ရှိရာမှ ၇ ဦးအတွက် ပြုလုပ်ခြင်း ဖြစ်သည်။
အခမ်းအနားဆုတောင်းပွဲတွင် ဒုက္ခသည်များအတွက် ကူညီထောက်ပံ့ရန် သီချင်းခွေများ၊ စာအုပ်များ၊ အလှူငွေ ကောက်ခံခြင်းနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) အလံပုံဖြင့် တီရှပ်အင်္ကျီ ရောင်းချခြင်းတို့ဖြင့် ရံပုံငွေရှာရာ တက်ရောက်သူပေါင်း ၃၀၀ နီးပါးရှိသည်။
အဆိုပါ အခန်းအနားတွင် တိုက်ပွဲ ၂ နှစ်အတွင်း ကြုံတွေ့ခံစားခဲ့ရသော ဒုက္ခသည်ပြည်သူများ၏ အခက်အခဲ အခြေအနေများကိုလည်း ရှင်းပြခဲ့သည်။
ထိုအလှူငွေများကို လူမှုရေးအဖွဲ့အစည်းများ၊ အသင်းတော်များမှတဆင့် စစ်ပြေးဒုက္ခသည်များထံ လှူဒါန်းသွားမည်ဖြစ်သည်။
KIO ထိန်းချုပ်ရာနယ်မြေတွင် လိုင်ဇာတွင် ဇွန် ၉ ရက် ၂ နှစ်ပြည့်ခမ်းအနားကို ဘုရားကျောင်းတွင် ဝတ်ပြု ဆုတောင်းမှုများသာ ပြုလုပ်ခဲ့ကြသည်ဟု လိုင်ဇာမြို့ခံများပြောသည်။

www.kachinnews.com

www.burmese.kachinnews.com

www.kahcin.kachinnews.com

www.kachin-news.blogspot.com

http://www.facebook.com/Kachin-News-Group



0 comments:

Post a Comment