Wednesday, April 3, 2013

မဂါးယန် ဒုက္ခသည်စခန်းတွင် ရေရှားခြင်း အခက်ခဲ ဆက်ကြုံနေဆဲ

လိုင်ဇာ ဒုက္ခသည်စခန်းတခုမှ ရေတွင်း

တရုတ်-မြန်မာနယ်စပ် ကချင်ပြည်နယ် ဝိုင်းမော်မြို့ မဂါးယန် (Maga Yang) ဒုက္ခသည်စခန်းတွင် သောက်သုံးရန် ရေများ ခက်ခဲခြင်းပြဿနာသည် နေ့စဉ်ရင်ဆိုင်နေရကြောင်း သိရသည်။


၎င်းဒုက္ခသည်စခန်းတွင် ရေလှောင်ကန်များနှင့် ရေပိုက်များလိုအပ်နေခြင်းဖြစ်ပြီး ယခုသုံးစွဲနေသော ရေသည်လည်း ယားယံခြင်း၊ အဖုများဖြစ်လာကြောင်း ဒုက္ခသည်စခန်းမှပြောသည်။

ရေပိုက်များနှင့် တောင်ပေါ်မှသွယ်ယူရသည့် အနည်းငယ်သောရေများကိုသာ သုံးစွဲနေရသောခြင်းကြောင့် အိမ်သာရေပြဿနာသည်လည်း ရင်ဆိုင်နေရသည်။

“တချို့က တောင်ပေါ်ကနေပိုက်နဲ့သွယ်ယူတယ်။ တချို့ကရေပိုက်ဝယ်ဖို့ကလဲ မတတ်နိုင်တဲ့သူကများတော့ ခက်ခဲတယ်။ ရေပိုက် ၁ ခုက တရုတ်ငွေ ၁ရာကျော် (မြန်မာငွေ ၂ သောင်းခန့်) ပေးရတယ်။ တစ်ခုထဲနဲ့လည်း မလောက်ဘူး။ အနည်းဆုံး ပိုက် ၃ ခုလောက်မှရတယ်ဆိုတော့ အချို့က ပေါင်းဝယ်ကြတယ်။ ဒါပေမဲ့ ရေကမလောက်တော့ ရေလုပြီးစကားများတဲ့သူတွေတောင်ရှိတယ်” ဟု ဒုက္ခသည်စခန်းမှပြောသည်။

ယခင်က ၎င်းဒုက္ခသည်စခန်းတွင် Health Unlimited HU (Kachin Project) မှ ရေလှောင်ကန်များ ပြုလုပ်ပေးသော်လည်း ယခုချိန် ၎င်းဒုက္ခသည်စခန်းမှ ပြောင်းရွှေ့သွားသောကြောင်း ခက်ခဲများရင်ဆိုင်နေရကြောင်း စခန်းမှသိရသည်။

“စစ်ပွဲအစဖြစ်တုန်းက ကျနော်တို့က ကားလမ်းအတိုင်း စခန်းတွေရှိနေတော့ ကားလမ်းမှာ တရုတ်ပြည်သွားတဲ့ သစ်ကားကြီးတွေက နေစဉ်ဖြတ်နေတော့ ကလေးတွေအတွက် စိုးရိမ်ရလို့ အဲဒီနေရာနဲ့ အနည်းငယ် ဝေးတဲ့ လယ်ကွင်းမှာ နေရာရွှေ့သွားတယ် တချို့က မနှစ်က နိုဝင်ဘာလမှာ ပြောင်းကြတယ်။ အားလုံးနီးပါးက ဒီလမှပြောင်းသွားကြတယ်” ဟု ဒုက္ခသည် စခန်းမှ ပြောသည်။

အဆိုပါ မဂါးယန်ဒုက္ခသည်စခန်းတွင် မတ်လကုန်ပိုင်းမှ နှာစေးချောင်းဆိုးဖြစ်ပွားသူများနှင့် ဝမ်းပျက်ဝမ်းလျှော ဖြစ်ပွားမှုများလည်း ပိုမိုပြားလာကြောင်း ကျန်းမာရေးစခန်းမှ သိရသည်။

ဒုက္ခသည်စခန်းမှ နေ့တိုင်းဆေးပေးခန်းသို့ ရောက်ရှိပြီး ဝမ်းကိုက်ရောဂါဖြစ်နေသော သက်ကြီးများကို ကျန်းမာရေးတာဝန်ရှိသူများမှ ၎င်းတို့နေအိမ်သို့ သွားရောက်ကုသပေးနေကြောင်း ကျန်းမားရေးဌာမှ ဆရာမတိန့်ဝေါမ် KNG ကချင်သတင်းဌာန သို့ပြောသည်။

“၄… ၅ လပိုင်း ကတည်းကနေ ဖျားနာသူတွေကများလာပြီ အခုကနေစပြီး များလာတာပေါ့။ အခုလို ဖျားနာမှုများလာတာကတော့ ရေများခက်ခဲတယ် ရာသီဥတု ပူပြင်းခြင်းကြောင်းနဲ့ သန့်ရှင်းမှုတွေ အားနည်းခြင်းကြောင့်ဖြစ်တယ်”

ယခုချိန် ဒုက္ခသည်စခန်းတွေ ဖျားနားမှု များသော်လည်း အခြေအနေ ဆိုးဝါးမှုများမရှိကြောင်း ဒုက္ခသည်ကျန်းမာရေးအဖွဲ့မှ အကောင်းဆုံးကုသပေးနေကြောင်း သိရသည်။

မဂါးယန် ဒုက္ခသည်စခန်းတွင် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) အသင်းတော်များမှ အစားအသောက်များကူညီပြီး၊ ဂရုဏာအဖွဲ့မှ ဆေးဝါးများနှင့် အဆောက်အအုံ၊ အိမ်များ ဆောက်လုပ်ကူညီပေးနေကြောင်း သိရသည်။

မဂါးယန်ဒုက္ခသည် စခန်းများတွင် နရူ (Naru)၊ ဖလမ်ဘွမ် (Hpalap Bum) ရွာများရှိပြီး ဒုက္ခသည်ပေါင်း ၃၀၀၀ ကျော်ရှိကြောင်း သိရသည်။ ယခုချိန် သောက်သုံးရေရှားပါးသော အခက်ခဲသည် ကချင်ပြည်နယ် စစ်ပြေးဒုက္ခသည်စခန်းအများစုတွင် ဖြစ်ပွားနေခြင်းလည်းဖြစ်ကြောင်း ဒုက္ခသည် ကော်မတီမှသိရသည်။

www.kachinnews.com

www.burmese.kachinnews.com

www.kahcin.kachinnews.com

www.kachin-news.blogspot.com

http://www.facebook.com/Kachin-News-Group

0 comments:

Post a Comment