Thursday, January 31, 2013
ကချင်ဒေသတွင် အဓမ္မနည်းဖြင့် ငြိမ်းချမ်းရေးရယူရန် ကြိုးပမ်းခြင်းကို ရပ်တန့်ရန် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC တောင်းဆို
ဇွန် ၁၁၊ ၂၀၁၂ KBC အတွင်းရေးမှူး Rev. Dr. Hkalam Sam Sun မှ နှစ်ခြင်းလူငယ်များရဲ့ ကချင်စစ်ပွဲ ၁ နှစ်ပြည့် အခန်းအနားသို့ တက်ရောက် စကားပြောနေစဉ်။ |
ကချင်ပြည်နယ် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (Kachin Baptist Convention, KBC) သည်
ယနေ့ပြုလုပ်သော ငြိမ်းချမ်းရေးဆုတောင်းခြင်းအစီစဉ်တွင် အစိုးရအား အဓမ္မနည်းဖြင့် ငြိမ်းချမ်းရေးရယူရန် ကြိုးပမ်းခြင်းထက် စစ်မှန်ပြီး တရားမျှတသောငြိမ်းချမ်းရေး ရရှိနိုင်ရန် “တိကျသောမူဝါဒများ၊ လုပ်ငန်းစဉ်များ” ချမှတ်ကာ နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးခြင်း အမြန်ဆုံးပြုလုပ်ရန်တောင်းဆိုလိုက်သည်။
Wednesday, January 30, 2013
လိုင်ဇာကို အစိုးရ ၀င်သိမ်းမည်ကို စိုးရိမ်နေချိန် သေနတ်သံများငြိမ်သက်နေ
KIO ဗဟိုဌာနချုပ် လိုင်ဇာ |
ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၏ အရေးကြီးသော လုံခြုံရေးတပ်စခန်းတခုဖြစ်သည့် ခရာဘွမ်တောင်ကုန်း (Hka Ya Bum) ကို အစိုးရတပ်ဖွဲ့မှ တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် KIA ဌာနချုပ်လိုင်ဇာ (Laiza)ကို ဆက်လက်တိုက်ခိုက်သိမ်းပိုက်မည်ကို စိုးရိမ်စွာဖြင့် အကဲခတ်စောင့်ကြည့်နေချိန် သေနတ်သံများ ငြိမ်နေကြောင်း သိရသည်။
မိုင်ဂျာယန် ပါကထောင် ဒုက္ခသည်စခန်းတွင် ကလေး ၅၀ ကျော် ၀မ်းရောဂါဖြစ်ပွား
Tuesday, January 29, 2013
အစိုးရစစ်တပ် လိုင်ဇာသိမ်းပိုက်လျင် ဒုက္ခသည်များ တရုတ်ပြည်သို့ခိုလှုံမည်
ကချင်ပြည်နယ် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဗဟိုဌာနချုပ် လိုင်ဇာ (Laiza) ဒေသရှိ ဒေသခံများနှင့် ဒုက္ခသည်များသည် မြန်မာအစိုးရစစ်တပ်မှ လိုင်ဇာသို့တိုက်ခိုက်သိမ်းပိုက်လာလျင် တရုတ်ပြည်သို့ ထွက်ပြေးခိုလှုံရန်ပြင်ဆင်နေကြသည်။
စစ်ရေးအရ KIA ၏ အရေးကြီးသောစခန်းအားလုံး အစိုးရစစ်တပ်ဖွဲ့မှ သိမ်းပိုက်လိုက်
အစိုးရစစ်တပ်သည် စစ်ရေးအားဖြင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၏ အရေးကြီးသော လုံခြုံရေးတပ်စခန်း တောင်ကုန်းများကို သိမ်းပိုက် လိုက်ပြီဖြစ်ကြောင်း KIO ပြောသည်။
Saturday, January 26, 2013
ကချင်ထိုးစစ်ရပ်စဲရေး တရုတ်နှင့် အမေရိကန် ကောင်စစ်ဝန်ရုံးများရှေ့တွင် ဆန္ဒထုတ်ဖော်
ဇန်န၀ါရီ ၂၅ ထိုင်းနိုင်ငံ ချင်းမိုင် တရုတ်ကောင်စစ်ဝန်ရုံးရှေ့မှာ ဆန္ဓပြနေတဲ့ ထိုင်းနိုင်ငံကချင်လူမျိုးများ။ ပုံ-ကချင်သတင်းဌာန |
ကချင်ပြည်နယ်တွင် အစိုးရ၏ အရပ်သားများထိခိုက်စေသော ထိုးစစ်ဆင်ခြင်းအပေါ် အမေရိကန်ပြည်ထောင်စု ပြင်းထန်စွာကန့်ကွက်
ဇန်န၀ါရီ ၂၅၊ ယနေ့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့ တရုတ်ကောင်စစ်ဝန်ရုံး ရှေ့မှာ ဆန္ဒပြနေတဲ့ ထိုင်းနိုင်ငံကချင်လူမျိုးများ။ |
Thursday, January 24, 2013
အစိုးရတပ်မှ ဆန်ခါကျေးရွာ နေအိမ်များကိုဖျက်ဆီးကာ ငွေနှင့်ကျောက်စိမ်းတုံးများ လုယက်သွား
KIA ဌာနချုပ်နှင့် အနီးဆုံးစခန်းတွင် အစိုးရတပ်မှ လက်နက်ကြီးများဖြင့်ပြင်းထန်စွာပစ်ခတ်တိုက်ခိုက်
လဂျားယန်အနီး လေယာဉ်ပစ် စစ်သေနတ်နဲ့ KIA စစ်သားများ။ ပုံ - KNG ကချင်သတင်းဌာန |
အစိုးရတပ်ထိုးစစ်ဆင်နေသော ကချင်လွတ်လပ်ရေးတပ်မတော် KIA ဗဟိုဌာချုပ်၏ အနီးဆုံးရှိ ခယာဘွမ် (HKa Ya Bum) တွင် ယမန်နေ့ ၁ နာရီခွဲချိန်မှယနေ့ထိ ပြင်းပြင်းထန်ထန် လက်နက်ကြီးများဖြင့် အဆက်မပျက်ပစ်ခတ်တိုက်ခိုက်နေကြောင်း တပ်မဟာ(၅) KIA အရာရှိပြောသည်။
လိုင်ဇာမြို့ရှိ ဒုက္ခသည်စခန်းတွင် ကလေးများ ၁၀၀ ကျော် ၀မ်းရောဂါဖြစ်ပွားနေပြီး ၆ ဦးသေဆုံးမှုရှိ
အစိုးရတပ်မှ ကချင်လွတ်လပ်ရေးတပ်မတော် KIA ရှိရာနေရာအနှံ့ ထိုးစစ်ဆင်ရန်အင်အားဖြည့်လှုပ်ရှားနေ
ဇန်န၀ါရီ ၂၃ မြစ်ကြီးနားမှ ပန်ဝါသို့ စစ်အင်အားများ သယ်ပို့ပေးနေတဲ့ မြန်မာအစိုးရ ရဟတ်ယာဉ်များ။ ပုံ-KNG ကချင်သတင်းဌာန |
ကချင်ပြည်နယ်တွင်း မြန်မာ့တပ်မတော်၏ စစ်ဆင်ရေးလှုပ်ရှားမှုသည် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဗဟိုဌာနချုပ် လိုင်ဇာနယ်မြေသာမက KIA တပ်ချထားရာ ဒေသအနှံ့တွင် ထိုးစစ်ဆင်ရန် အင်အားများတိုးချဲ့၍ ပြင်ဆင်နေကြောင်းသိရသည်။
Wednesday, January 23, 2013
ပညာရေးထိခိုက်မှုမရှိစေရန် လုံခြုံရေးစိုးရိမ်မှုကြားက လိုင်ဇာကျောင်းပြန်ဖွင့်
KIO/KIA ဌာနချုပ် လိုင်ဇာ အနီးမှ ဒုက္ခသည်စခန်းတခု။ |
မြန်မာအစိုးရတပ်ဖွဲ့နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဌာနချုပ်နယ်မြေတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေချိန်ဖြစ်သော်လည်း လိုင်ဇာမြို့ရှိ ဒုက္ခသည်စခန်းတွင် ခိုလှုံနေသော ကျောင်းသူ/သားများ ပညာရေးနောက်မကျစေရန် ယနေ့မှစ၍ စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်လိုက်သည်။
အစိုးရထိုးစစ်ကြောင့် ဖားကန့် ဂင်ဆီ ဆိုင်းရာဒေသရှိ ဒေသခံ ၃၀၀၀ ကျော်ထွက်ပြေးတိမ်းရှောင်လာ
လုံးခင်းနဲ့ KIA တပ်ရင်း ၆ Ginsi ကို ဆက်သွယ်ပေးသော ဥရုချေင်းတံတား၊ ဖားကန့်မြို့နယ်။ |
Tuesday, January 22, 2013
အစိုးရငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နှင့် KIO သီးခြားတွေ့ဆုံဆွေးနွေးမည်မဟုတ်
ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) သည် အစိုးရစစ်တပ်၏ ထိုးစစ်ဆင်မှုများဆက်လက်ဖြစ်ပွားနေချိန် အစိုးရပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် သီးခြားတွေ့ဆုံဆွေးနွေးမှုကို ငြင်းဆိုလိုက်သည်။
Monday, January 21, 2013
ရန်ကုန်မြို့မှ ကချင်ပြည်နယ် လိုင်ဇာမြို့သို့ ငြိမ်းချမ်းရေးလမ်းလျှောက်မည့်သူများ ယနေ့စတင်ထွက်ခွာ
ပြည်တွင်းငြိမ်းချမ်းရေးအတွက် ရန်ကုန်မြို့ရှိ ငြိမ်းချမ်းရေးလိုလားသူ တိုင်းရင်းသားလူငယ်များဦးဆောင်၍ ရန်ကုန်မှ မိုင် ၈၀၀ ကျော်ဝေးသည့် တရုတ်ပြည်နယ်စပ် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ထိန်းချုပ်နယ်မြေ လိုင်ဇာမြို့သို့ လမ်းလျှောက်မည့် ခရီးစဉ်ကို ယနေ့ စတင်လိုက်သည်။
Saturday, January 19, 2013
အစိုးရစစ်တပ် ပြင်းထန်စွာထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် KIA တပ်စခန်းတချို့နောက်ဆုတ်လိုက်ရ
Friday, January 18, 2013
မဂါးယန်ဒုက္ခသည်စခန်းတွင် ကလေးငယ်များ ၀မ်းရောဂါဖြစ်ပွား
မြစ်ကြီးနားမြို့တွင် အစိုးရစစ်တပ်မှ စစ်သားစုဆောင်းမှုနှင့် ပေါ်တာအဖြစ်ဖမ်းဆီးနေသော သတင်းများကြောင့် ညမထွက်ရဲ
လကန်းဘွမ်တိုက်ပွဲတွင် အစိုးရတပ်ဖွဲ့မှ ၅ ဦးကျပြီး လက်နက်ကျည်ဆံများ KIA သိမ်းယူရရှိ
ဇန်န၀ါရီ ၁၇ Lakang Bum တိုက်ပွဲတွင် မြန်မာအစိုးရတပ်မှ KIA သိမ်းယူရရှိတဲ့ လက်နက်ပစ္စည်းများ။ |
Thursday, January 17, 2013
ကချင်စစ်တပ်မှ ဖမ်းဆီးထားသော အစိုးရတပ်သား ၂၃ ဦးကို လွှတ်ပေး
ဖမ်းဆီးထားတဲ့ မြန်မာ့တပ်မတော်မှ ကလေးစစ်သားများကို KIA မှ လွှတ်ပေး။
|
ဖမ်းဆီးထားတဲ့ မြန်မာအစိုးရ စစ်သားများကို KIA မှ ပြန်လွှတ်ပေးတဲ့ အခန်းအနား လိုင်ဇာမှာပြုလုပ်။ |
မြန်မာအစိုးရတပ်နှင့် ကချင်လွတ်လပ်ရေးတပ်ဖွဲ့ (KIA) စစ်ပွဲများအတွင်း KIA မှ ဖမ်းဆီးထိန်းသိမ်း ထားသော အစိုးရ တပ်မတော် တပ်သား ၂၃ ဦးကို KIA ဖက်မှလွှတ်ပေးလိုက်ကြောင်းသိရသည်။
ပါကထောင် ဒုက္ခသည်စခန်းတွင် တိုက်ပွဲဖြစ်ပွားချိန် ပုန်းခိုရန်ပြင်ဆင်ထားသည့် ကတုတ်ကျင်းမြေပြိုမှုကြောင့် ကလေး (၃) ဦးသေ
ဇန်န၀ါရီ ၁၅၊ Pa Kahtawng ဒုက္ခသည်စခန်းတွင် တိုက်ပွဲဖြစ်ပွားချိန် ပုန်းခိုရန်ပြင်ဆင်ထားသည့် ကတုတ်ကျင်းမြေပြိုမှုကြောင့် ကလေး (၃) ဦးသေ။ ပုံ-Jinghpaw Kasa |
ဇန်န၀ါရီ ၁၅၊ Pa Kahtawng ဒုက္ခသည်စခန်းတွင် တိုက်ပွဲဖြစ်ပွားချိန် ပုန်းခိုရန်ပြင်ဆင်ထားသည့် ကတုတ်ကျင်းမြေပြိုမှုကြောင့် ကလေး (၃) ဦးသေ။ ပုံ-Jinghpaw Kasa |
ကချင်ပြည်နယ် တရုတ်မြန်မာနယ်စပ် ကချင်လွတ်လပ်ရေးတပ်ဖွဲ့ KIA ထိန်းချုပ်နယ်မြေ မိုင်ဂျာယန်မြို့ (Mai Ja Yang) ပါကထောင် (Pa Kahtawng) ရှိ ဒုက္ခသည် စခန်းတွင် တိုက်ပွဲများကြောင့် လုံခြုံရေးအတွက် ပုန်းခိုရန်ပြုလုပ်ထားသော ကတုတ်ကျင်း မြေပြိုကျမှုကြောင့် ကလေး (၃) ဦး သေဆုံးသွားကြောင်းသိရသည်။
KIO ထိန်းချုပ်နယ်မြေရှိ ဒုက္ခသည်များအတွက် လုံခြုံမှုရှိသည့်နေရာ ရှာဖွေ၍မရ
Je Yang ဒုက္ခသည်စခန်း၊ KIO ထိန်းချုပ်နယ်မြေ၊ ကချင်ပြည်နယ် အရှေ့ဘက်။ |
ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဌာနချုပ်လိုင်ဇာမြို့ (Laiza mare) ကို အစိုးရစစ်တပ်မှ စစ်လက်နက် အင်အားသုံး၍ အဆက်မပြတ်တိုက်ခိုက်နေခြင်းကြောင့် ၄င်းဒေသတွင်ခိုလှုံနေသော ဒေသခံများနှင့် ဒုက္ခသည်များသည် လုံခြုံရေးအတွက် စိုးရိမ်ထိတ်လန့်မှုဖြစ်ပွားနေပြီး ခိုလှုံမည့်နေရာများ ရှာဖွေရန်အခက်ခဲရင်ဆိုင်နေရသည်။
Wednesday, January 16, 2013
အစိုးရစစ်တပ်များ ကချင်လွတ်လပ်ရေးအဖွဲ့ KIO ကို စစ်တိုက်လေယာဉ်များဖြင့် ဆက်လက်ထိုးစစ်ဆင်
တရုတ် K-8 ဂျက်တိုက်လေယာဉ်မှ Bum Re Bum KIA စခန်းကို တိုက်ခိုက်နေပုံ။ ပုံ-KNG ကချင်သတင်းဌာန |
စစ်ရေးလေ့ကျင့်နေတဲ့ KIA စစ်သားများ။ ပုံ-KNG ကချင်သတင်းဌာန |
မြန်မာအစိုးရတပ်နှင့် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) သည် ကချင်ပြည်နယ် ဗန်းမော်ခရိုင် ခယာ (Hka Ya) နှင့် ဘွမ်ရေဘွမ် ( Bum Re Bum) ကြားတွင် တိုက်ပွဲများဆက်လက်ဖြစ်ပွားခဲ့ရာ အစိုးရတပ်ဖက်ကမှ စစ်လေယာဉ်များဖြင့် တိုက်ခိုက်ခဲ့ကြောင်း ရှေ့တန်းမှ KIA အရာရှိတဦး KNG ကချင်သတင်းဌာနသို့ပြောသည်။