Thursday, October 30, 2014

UNFC အဖွဲ့ဝင်အဖြစ်မှ KNU နှုတ်ထွက်မှု ဆက်လက်ရပ်ဆိုင်းမည်


 ကေအဲန်ယူ ဥက္ကဌ စောမူတူးစေးဖိုး

ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) အဖွဲ့ဝင်အဖြစ်မှ ကရင်အမျိုးသား အစည်းအရုံး (KNU) နှုတ်ထွက်မှု ဆက်လက် ရပ်ဆိုင်းမည် ဖြစ်ကြောင်း ၆ ရက်ကြာ ဗဟို အမြဲတမ်းကော်မတီ အစည်းအဝေးက ဆုံးဖြတ်လိုက်သည်။

RFA Kachin Language TV Program, 2014 October 4th Week

Tuesday, October 28, 2014

ရွှေတူးဖော်သည့်နေရာသို့ ရုတ်တရက် ဖမ်းဆီးမှုများ ပြုလုပ်လာ

မိုးကောင်းချောင်း ရှိ ရွှေ မုန်ဆိုင်း တခု

ကချင်ပြည် ဖားကန့်မြို့နယ် ဝါရာဇွပ်ကျေးရွာအုပ်စု (Wa Ra Zup) မိုးကောင်းချောင်းနှင့် နမ်ဆန်ချောင်းတွင် ရွှေတူးဖော်နေသူများအား အောက်တိုဘာ ၂၄ ရက် နေ့က ဖားကန့်မြို့နယ် ဌာနဆိုင်ရာပေါင်းစုံမှ ပူးပေါင်း ကွင်းဆင်းကာ ဖမ်းဆီးမှုအချို့ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

Monday, October 27, 2014

ထောင်ဒဏ် နှစ် ၂၀ ကျော်ချခံထားရသည့် ကချင်စစ်ပြေးဒုက္ခသည် ၂ ဦးအမှုမှန် လူထုရှင်းလင်းပွဲ လုပ်မည်


ယခင် NDF ပါတီဝင် ရှေ့နေ ဦးဂျီမာခါး

မတရားအသင်း ဆက်သွယ်မှုနှင့် ဖောက်ခွဲမှုတို့ဖြင့် ထောင်ဒဏ် ၂၁ နှစ်ထိ ချခံထားရသော ကချင်စစ်ပြေးဒုက္ခသည် ဦးလဖိုင်ဂမ် (Lahpai Gam) နှင့် ဦးဘရန်ရုန်း (Brang Yung) တို့ အမှုနှင့် ပတ်သက်၍ ပြည်သူလူထု ရှင်းလင်းပွဲနှင့် ဆုတောင်းပွဲကို လာမည့် နိုဝင်ဘာလ ၄ ရက်တွင် ကျင်းပမည် ဖြစ်ကြောင်း ၄င်းတို့၏ ရှေ့နေ ဦးဂျီမာခါး က ပြောသည်။

Saturday, October 25, 2014

မူးယစ်ဆေးဝါးနှင့်အတူ KIO အဖွဲ့ဝင်တဦးအား ဖမ်းဆီး

ဟူးကောင်းချိုင့်ဝှမ်း ရှထူးဇွပ် ကျေးရွာတွင် ကချင်ဘာသာလို ကပ်ထားတဲ့ မူးယစ်တိုက်ဖျက်ရေး ပိုစတာ တခု

ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ်တွင် မူးယစ်ဆေးဝါးအကြီးစားဖြန့်ဝေရောင်းချနေသော ဦးမရစ်ဂမ်အောင် (Marip Gam Awng) အား အောက်တိုဘာလ ၂၂ ရက်နေ့ည ၁၁ နာရီချိန်က လွယ်ခေါကျေးရွာတွင် ခရစ်ယာန်အသင်းတော် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့မှ ဖမ်းဆီးလိုက်ကြောင်း သိရသည်။

Friday, October 24, 2014

အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်ကြား ငြိမ်းချမ်းရေးဆွေးနွေးမှု လိပ်ခဲတည်းလည်း ဖြစ်နေဆဲ

ခူဦးရယ်၊ UNFC အထွေထွေ အတွင်းရေးမှူး

အစိုးရက ငြိမ်းချမ်းရေးအတွက် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးဖြေရှင်းရန် လုပ်ဆောင်နေသော်လည်း လက်တွေ့တွင် နောက်ပြန်ဆုတ်သော လုပ်ဆောင်ချက်များကြောင့် ဆွေးနွေးပွဲများသည် ယနေ့ထိ ပြေလည်မှုမရှိသေးကြောင်း ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) က ပထမဆုံးအကြိမ် အသစ်ပြန်လည်ဖွဲ့စည်းထားသည့် ကောင်စီမျက်နှာစုံညီ အစည်းအဝေးတွင် ထုတ်ပြန်လိုက်သည်။

Wednesday, October 22, 2014

ယုဇနကုမ္ပဏီ ရှိနေခြင်းအား အလို မရှိကြောင်း ဒေသခံများ ဆန္ဒမဲ ပေး

ဟူးကောင်းချိုင့်ဝှမ်း ဒေသခံများ ယုဇနကုမ္ပဏီ အား မလိုလားကြောင်း ဆန္ဒမဲ ပေးနေပုံ

ကချင်ပြည်နယ် ဟူးကောင်းချိုင့်ဝှမ်း တနိုင်းမြို့နယ် လီဒိုလမ်းမတလျှောက်ရှိ ကျေးရွာတောင်သူများသည် ၄င်းတို့ဒေသတွင် ယုဇနကုမ္ပဏီရှိနေခြင်း၏ ဆိုးကျိုးများရင်ဆိုင်နေရသောကြောင့် ‘အလိုရှိ မရှိ’ ဆန္ဒမဲပေးသည့် လှုပ်ရှားမှုများကို ပြုလုပ်လျက်ရှိနေရာ ယမန်နေ့ ကျေးရွာ ၂ ရွာ ထပ်မံ ဆန္ဒမဲပေးမှုပြုလုပ်ခဲ့ကြောင်း သိရသည်။

Tuesday, October 21, 2014

အခွန်ဖြင့် အကြီးစားရွှေတူးဖော်မှု များကြောင့် ဒေသခံများ စိုးရိမ်

ဟူးကောင်းချိုင့်ဝှမ်းရှိ အကြီးစား ရွှေတူးစက် တခု

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဝါရာဇွပ်ကျေးရွာအုပ်စု မိုးကောင်းချောင်းနှင့် နမ်ဆန်ချောင်း ကားလမ်းမဘေးတွင် ဧရာမ ရွှေတူးဖော်မှုများကြောင့် ပင်မ ရေစီးကြောင်း ပျက်စီးလာကာ ဒေသခံများ ဆိုးကျိုးအန္တာရာယ်စိုးရိမ်နေကြောင်းသိရသည်။

Friday, October 17, 2014

ဖားကန့် KIA တပ်ရင်း ၆ နှင့် အစိုးရတပ်များကြား တင်းမာနေဆဲ


မြန်မာအစိုးရ စစ်တပ် တပ်မ ၆၆ စစ်သား ၃ ဦး၊ ဖားကန့်၊ ကချင်ပြည်နယ်

ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) ၏ တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း ၆ တပ်နှင့် အစိုးရ တပ်မ ၆၆ တပ်နှင့် တို့အကြား စစ်ရေးတင်မာလာသဖြင့် အောင်ဘာလေကျေးရွာရှိ စာသင်ကျောင်းများ ပိတ်ထားလိုက်ရသည်ဟု KIA တပ်ရင်း ၆ တပ်မှူး ဗိုလ်မှူး တန်ဆန့် က ပြောသည်။

ရှမ်းပြည်နယ်တွင် အစိုးရတပ်နှင့် FUA တပ်ပေါင်းစုကြား တိုက်ပွဲပြင်းထန်နေ


ရှမ်းပြည်အရှေ့မြောက်ဖက်  မြန်မာအစိုးရတပ်နှင့် ပြည်ထောင်စုတပ်မတော် (Federal Union Army-FUA) တပ်ဖွဲ့ အကြား လွန်ခဲ့သည့်နှစ်ရက်နေ့မှစ၍ တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားနေကြောင်း သိရပါသည်။

Wednesday, October 15, 2014

ဖားကန့် KIA တပ်စခန်း ဆုတ်ခွာပေးရန် အစိုးရ ထပ်မံသတိပေး

 ဖားကန့် ရှေ့တန်းတနေရာမှ KIA တပ်ရင်း ၆ စစ်သား တဦး

ကချင်ပြည်နယ် ဖားကန့်အခြေစိုက် တပ်မ ၆၆ တပ်က ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) ၏ တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း ၆ တပ်စခန်းကို ဆုတ်ခွာပေးရန် သတိပေး ပြောဆိုခဲ့သည်ဟု ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ၏ ပြောရေးဆိုခွင့်ရှိသူ ဦးလာနန် က ပြောသည်။

ဖားကန့်တွင် အစိုးရစစ်တပ်နှင့် KIA တပ်ကြား တိုက်ပွဲ ထပ်မံ ဖြစ်ပွား နိုင်

ဖားကန့် ကျောက်စိမ်းမှော်မှ KIA တပ်ရင်း ၆ စစ်သား ၂ ဦး

ကချင်ပြည်နယ် ဖားကန့်ကျောက်စိမ်းမှော်တွင် အစိုးရစစ်တပ်နှင့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) တပ်ရင်း ၆ ကြား စစ်ရေးတင်းမာနေပြီး နှစ်ဖက်တပ်များ ပစ်ခတ်တိုက်ခိုက်ရန် အသင့်အနေအထားဖြစ်နေကြောင်း သိရပါသည်။

Tuesday, October 14, 2014

ဟူးကောင်းဒေသ စံပြရွာ သူကြီးအား သစ်တောသဘာဝ ချိုးဖောက်မှုဖြင့်စွပ်စွဲ ဖမ်းဆီး

ဟူးကောင်းချိုင့်ဝှမ်းဒေသ လီဒိုလမ်းမ တနေရာမှာ စိုက်ထားတဲ့ မြန်မာအစိုးရ တောရိုင်းတိရ စ္ဆာန်နှင့်သဘာဝအပင်များကာကွယ်ရေးနှင့် သဘာဝနယ်မြေများ ထိန်းသိမ်းရေး ဆိုင်းဘုတ်

ကချင်ပြည် ဖားကန့်မြို့နယ် တနိုင်းဟူးကောင်းချိုင့်ဝှမ်းဒေသရှိ ယုဇနကုမ္ပ္ပဏီကြောင့် ရွှေ့ပြောင်းနယ်မြေ စံပြကျေးရွာမှ ရွာသူကြီး ဦးအားဖူဒွေ့ အား ဖားကန့်မြို့နယ် ဒုအုပ်ချုပ်ရေးမှူးဦးကျော်မြင့် က တာဝန်မှရပ်နားရန် ပြောဆိုပြီးနောက် အောက်တိုဘာလ ၉ ရက်နေ့က တောရိုင်းတိရ စ္ဆာန်နှင့်သဘာဝအပင်များ ကာကွယ်ရေးနှင့် သဘာဝနယ်မြေများ ထိန်းသိမ်းရေး ဥပဒေ ပုဒ်မ ၃၆ (ဂ) အရ အမှုဖွင့် အရေးယူဖမ်းဆီးလိုက်ပြီဖြစ်ကြောင်း သိရှိရသည်။

Monday, October 13, 2014

မတရားဖမ်းဆီး ထောင်ချထားသည့် ကချင်ဒုက္ခသည် ၂ ဦးကို လွှတ်ပေးရန် သမ္မတအား ထပ်မံ တောင်းဆို

မတ် ၁၆၊ ၂၀၁၄ နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) ရုံး သို့ ရောက်ရှိလာစဉ်

ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် ရွှေစက်ရပ်ကွက်ရှိ ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော်မှ ဒုက္ခသည်စခန်းတွင် ခိုလှုံခဲ့သော ကချင်စစ်ပြေးဒုက္ခသည် ဦးလဖိုင်ဂမ် (Slg. Lahpai Gam) နှင့် ဦးဘရန်ရုန်း (Slg. Brang Yung) တို့နှစ်ဦးကို ဖမ်းဆီးထောင်ချထားသည့် အမှုနှင့် ပတ်သက်၍ ခြွင်းချက်မရှိ အမြန်ဆုံး လွှတ်ပေးရန် ကချင်ပြည်နယ်ရှိ လူမှုရေး၊ ဘာသာရေး အဖွဲ့အစည်းများက အောက်တိုဘာလ ၁၃ ရက်က နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ထံ ထပ်မံ တောင်းဆိုလိုက်သည်။

Friday, October 10, 2014

ဟူးကောင်းချိုင့်ဝှမ်းတွင် ယုဇနကုမ္ပဏီ ရှိနေခြင်းအပေါ် ဒေသခံများ ကန့်ကွက်

အောက်တိုဘာ ၈၊ ဟူးကောင်းချိုင့်ဝှမ်း ဒေသခံလယ်သမားများမှ ယုဇနကုမ္ပဏီအား အလိုရှိ၊ မရှိ မဲပေးနေပုံ

ကချင်ပြည်နယ် ဟူးကောင်းချိုင့်ဝှမ်းဒေသ လီဒူလမ်းမတလျှောက်ရှိ ကျေးရွာများမှ ကျေးရွာ ၂  ရွာသည် အောက်တိုဘာလ ၈ ရက်နေ့က ယုဇနကုမ္ပဏီရှိနေခြင်းကို “အလိုရှိ၊ မရှိ” ဆန္ဒမဲများ ကောက်ခံရာ ၉၈ ရာခိုင်နှုန်းသည် အလိုမရှိကြောင်း ကန့်ကွက်မဲရရှိခဲ့သည်ဟု သိရသည်။

Thursday, October 9, 2014

ကချင်လူထုများဘ၀ ခြိမ်းခြောက်နေ သည့် အသံတိတ်ထိုးစစ်

မြစ်ကြီးနားတက္ကသိုလ် အိမ်သာတွင် ယခုလို ပြင်သစ်အခြေစိုက် MDM အဖွဲ့မှ စီစဉ်ပေးတဲ့ မူးယစ်ဆေးဝါး သုံးစွဲထားတဲ့ ဆေးထိုးအပ်များ ထည့်ရန် ပုံး

မူးယစ်ဆေးဝါး ပြဿနာ ပိုမိုကြီးထွားစေသည့် မြန်မာစစ်အစိုးရ နည်းဗျူဟာများ “အသံတိတ် ထိုးစစ်” ဟူသော အစီရင်ခံစာကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့အခြေစိုက် ကချင်အမျိုးသမီးအစည်းရုံး (KWAT) က အောက်တိုဘာလ ၈ ရက်မှာ ထုတ်ပြန်လိုက်သည်။

Tuesday, October 7, 2014

တိုင်းရင်းသား ခေါင်းဆောင်များ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စ ဆွေးနွေး

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD)နှင့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ခေါင်းဆောင်များ အောက်တိုဘာလ ၆ ရက်နေ့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် တွေ့ဆုံဆွေးနွေးခဲ့သည် ဟု UNFC ၏ တွဲဘက် အတွင်းရေးမှူး(၁) ဗိုလ်မှူးကြီး ခွန်ဥက္ကာ က ပြောသည်။

Monday, October 6, 2014

မူးယစ်ဆေးဝါး အကြီးစားဖြန့်ဝေနေသူများကို အသင်းတော်မူးယစ်တိုက်ဖျက်ရေးအဖွဲ့မှ ဖမ်းမိ

မူးယစ်ဆေးဝါ ရောင်းနေတဲ့ အမျိုးသမီးတဦး၊ ဖားကန့် ကျောက်စိမ်းမှော်၊ ကချင်ပြည်နယ်

မူးယစ်ဆေးဝါး လွပ်လပ်စွာ ရောင်းဝယ်ဖောက်ကားနေသော ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင် ခရစ်ယာန်အသင်းတော်များဖွဲ့စည်းထားသည့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အဖွဲ့များ ဦးဆောင်၍ မူးယစ်ဆေးဝါးဖောက်ကားသည့်ဒိုင်များကို ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။

Sunday, October 5, 2014

အစိုးရနှင့် NCCT သဘောတူညီမှု မရသေးသောအချက်များ ပြန်လည်ဆွေးနွေး

NCCT ခေါင်းဆောင် နိုင်ဟံသာ

အစိုးရနှင့် သဘောတူညီမှု မရသေးသော အချက်များကို ပြန်လည် သုံးသပ်ရန်အတွက် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ (NCCT) က ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် အောက်တိုဘာလ ၄ ရက်က စတင်ဆွေးနွေးနေသည်ဟု NCCT ခေါင်းဆောင် နိုင်ဟံသာ က ပြောသည်။

Friday, October 3, 2014

အသက်မပြည့် မိန်းကလေး အား အဓမ္မပြုကျင့်ခဲ့သူ တပ်မတော်သားအမှု ဒုတိယအကြိမ် ရုံးထုတ်စစ်ဆေး


ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် နမ်ဂွတ်ကျေးရွာမှ အသက်မပြည့်သေးသော မိန်းကလေးငယ် တစ်ဦးကို အဓမ္မပြုကျင့်မှုဖြင့် တရားစွဲခံထားသော အစိုးရ၏ တပ်မတော်မှ ရဲဘော် ကောင်းဘိုဘို အမှု တရားခံ သက်သေနှစ်ဦးကို အောက်တိုဘာလ ၂ ရက်က မူဆယ်ခရိုင်တရားရုံးတွင် ဒုတိယအကြိမ် ရုံးထုတ်စစ်ဆေးခဲ့သည်။

Thursday, October 2, 2014

ကချင်ဒေသတိုက်ပွဲများ ရပ်နေသော်လည်း ဒုက္ခသည်များပြန်နိုင်မည့် အခြေနေမရှိသေး

KIO ထိန်းချုပ်ဒေသ ဗန်းမော်ခရိုင် Je Yang ဒုက္ခသည်စခန်းမှ ကလေးငယ် တဦး

ကချင်ပြည်နယ်အတွင်း ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA)နှင့်  အစိုးရတပ်ဖွဲ့များကြား နှစ်ဖက်တင်းမာမှု ပဋိပက္ခအရှိန် လျော့ကျလာပြီး ငြိမ်သက်လာသည်ဟုဆိုနိုင်သော်လည်း ဒုက္ခသည်များ နေရပ်ပြန်နိုင်ရေးထိ မျှော်လင့်စရာ အခြေအနေ မဟုတ်သေးကြောင်း ဒုက္ခသည်တာဝန်ရှိသူများက ပြောသည်။

Wednesday, October 1, 2014

မူးယစ်ဆေးဝါး မီးရှို့ဖျက်ဆီးခြင်း အခမ်းနား ပါဝင်သူများကို အစိုးရတပ် မေးမြန်းစစ်ဆေး

စက်တင်ဘာ ၂၇၊ ၂၀၁၄ KIO နဲ့ လူထုပူးပေါင်းပြီး ရှမ်းပြည်မြောက်ပိုင်း ဟိုဖြတ်ကျေးရွာအနီးတွင် မူးယစ်ဆေးဝါး မီးရှို့ဖျက်ဆီးနေပုံ

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) က မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အစီအစဉ်တွင် ဖမ်းဆီးခဲ့သော မူးယစ်ဆေးဝါးများကို မီးရှို့ဖျက်ဆီးသော အခမ်းအနားသို့ တက်ရောက်ခဲ့သောကျေးရွာသားများနှင့် ရွာလူကြီးများကို မြန်အစိုးရ စစ်တပ်က စစ်ဆေး မေးမြန်းမှုများ ပြုလုပ်နေသည် ဟု မူးယစ်ဆေးဝါးတိုက်ဖျက်ရေး လုပ်ဆောင်သူများက ပြောသည်။