Wednesday, March 30, 2016

SSA မြောက်ပိုင်းနှင့် အစိုးရတပ် တိုက်ပွဲ ဆက်လက် ဖြစ်ပွား


ရှေ့တန်းတိုက်ပွဲ ဝင်နေသော အစိုးရ စစ်သားများ

ရှမ်းပြည် တပ်မတော် မြောက်ပိုင်း SSA-N တပ်ဖွဲ့နှင့် အစိုးရတပ် ယမန်နေ့ KIA တပ်မဟာ ၆ နယ်မြေတွင်း ၅ နာရီခန့်ကြာ ထပ်မံဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် အစိုးရတပ် အချင်းချင်း လက်နက်ကြီး ဖြင့် ပစ်ခတ် မိကြောင်း သိရပါသည်။

Tuesday, March 29, 2016

အစိုးရနှင့် KIA တပ်ရင်း ၁၂ မန်စီမြို့နယ်တွင် တိုက်ပွဲ ဖြစ်


Kachin Sodier ni Mansi front line

ကချင်ပြည်နယ် တောင်ပိုင်း မန်စီမြို့နယ် နမ်ဖူ (Nam Hpu) တွင် အစိုးရတပ်ဖွဲနှင့် ကချင် လွတ်လပ်ရေး တပ်မတော် KIA တပ်ရင်း ၁၂ တပ်ဖွဲ့များ ယမန်နေ့က ထိပ်တွေ့ ရင်ဆိုင် တိုက်ပွဲ ဖြစ်ပွားခဲ့ပါသည်။

အစိုးရတပ်နှင့် ရှမ်းတပ်ဖွဲ့များ KIA တပ်မဟာ ၆ နယ်မြေတွင် တိုက်ပွဲဖြစ်


EAO အစည်းဝေးတက်ရောက်နေသော RCSS ခေါင်းဆောင် ယွတ်ဆစ်

 KIA တပ်မဟာ ၆ နယ်မြေတွင် အစိုးရတပ်မ ၉၉ နှင့် ရှမ်းပြည် တပ်မတော် မြောက်ပိုင်း SSPP/SSA တပ်ဖွဲ့များ ယမန်နေ့က အချိန် ၅ နာရီခန့်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

Sunday, March 27, 2016

အစိုးရတပ်မှ KIA တပ်ရင်း ၃၇ ကို တိုက်ခိုက်


ရှမ်းပြည်နယ်မြောက်ပိုင်း မုန်းဘော်၊ မန်နောင်းရွာ အနီးတွင် KIA ပြည်သူ့စစ် (MHH)၊ KIA တပ်ရင်း ၃၇ တို့နှင့် အစိုးရတပ်တို့ကြား ယနေ့ မနက် ၉ နာရီခန့်တွင် မိနစ်အနည်းငယ်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပါသည်။

Saturday, March 26, 2016

EAO Summit, Chiang Mai

Friday, March 25, 2016

လီဆူ လူမျိုးများ ကို အနိုင်ကျင့် သတ်ဖြတ်ခြင်း မရှိကြောင်း KIA ပြော


လီဆူ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေး ပါတီ (ဒူးလေးပါတီ) ၏ မတ် ၂၄ ရက်စွဲဖြင့် သဘောထား ထုတ်ပြန်ချက်ပါ ကချင် လွတ်လပ်ရေး တပ်မတော် KIA ၏ လီဆူ လူမျိုးများအပေါ် လက်နက်အားကိုး အနိုင်ကျင့် တိုက်ခိုက် သတ်ဖြတ်နေကြောင်း စွပ်စွဲထားချက်များကို KIA က ယနေ့ ငြင်းဆန်လိုက်သည်။

အစိုးရတပ်မှ ဖမ်းဆီးထားသည့် မုန်းစီ ရွာသား ၃၅ ဦး ကို ပြန်လွှတ် ပေး


ယခုလ မတ် ၁၈ ရက်နေ့က အစိုးရ တပ်မ ၆၆ မှ ဖမ်းဆီးခေါ်ဆောင်သွားသည့် ရှမ်းပြည်မြောက်ပိုင်း၊ ကွတ်ခို်င်မြို့ အရှေ့မြောက်ဘက် မုန်းစီ ရွာသား ၃၅ ဦးကို ဗုဒ္ဓဘုန်းကြီးကျောင်းတွင် သုံးရက်ခန့် ဖမ်းဆီး နှိပ်စက် စစ်ဆေးပြီးနောက် ပြန် လွှတ်ပေးခဲ့သည်။

Thursday, March 24, 2016

အစိုးရတပ်နှင့် KIA စီစီဝမ် တောင်ကုန်း ပေါ် တိုက်ပွဲဖြစ်


ယနေ့ မတ် ၂၄ ညနေပိုင်းတွင် အစိုးရ တပ်မ ၉၉ နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၆ တပ်ရင်း ၃၇ တို့ကြား ရှမ်းပြည်မြောက်ပိုင်း ဒဘန်တောင် (စီစီဝမ်တောင်ကုန်း) ပေါ် တိုက်ပွဲဖြစ်ပွားခဲ့ပါသည်။

Wednesday, March 23, 2016

ဘိန်း ဖျက်ဆီးရေး ဆန့်ကျင်သော အစိုးရ ပြည်သူ့စစ် နှင့် KIA တိုက်ပွဲ ဖြစ်


ကချင်ပြည်နယ် ကန်ပိုင်တီဒေသ ဘိန်းခင်းတိုက်ဖျက်ရေး ဆန့်ကျင်သည့် အစိုးရ ပြည်သူ့စစ် နှင့် ကချင် လွတ်လပ်ရေး တပ်မတော် KIA တပ်ရင်း ၃ တို့ကြား ယမန်နေ့ March 22 က တစ်နာရီ နီးပါး တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

Tuesday, March 22, 2016

EU မှ အစိုးရ MPC ကို ထောက်ပံမှု စတင် ရပ်ဆိုင်း တော့မည်


ဥရောပ သမဂ္ဂ EU က မြန်မာ အစိုးရ ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေး လုပ်ငန်း ဗဟိုဌာ (MPC) ကို ထောက်ပံငွေ ပေးနေမှုသည် ယခု မတ် ၃၁ တွင် သက်တမ်းကုန်ဆုံးပြီဖြစ်၍ စတင်ရပ်ဆိုင်း တော့မည် ဖြစ်ကြောင်း EU နိုင်ငံခြား မူဝါဒရေးရာနှင့် လုံခြုံရေးဆိုင်ရာ အကြီးအကဲ Federica Mogherini ၏ ပြောခွင့်ရ အမျိုးသမီး Maja Kocijancic က ပြောပါသည်။

Monday, March 21, 2016

ချင်းမိုင် မြန်မာ အသင်းတော် ၁၄ နှစ်ပြည့် မွေးနေ့ ကျင်းပ


ထိုင်းနိုင်ငံ ချင်းမိုင်မြို့ ပထမဆုံး မြန်မာဘာသာဖြင့် ၀တ်ပြုကိုးကွယ်သော အသင်းတော် ၏ ၁၄ နှစ်ပြည့် မွေးနေ့ ချီးမွမ်းပွဲကို မြန်မာပြည်မှ နာမည်ကျော် အဆိုတော်များနှင့်တကွ မတ် ၁၉-၂၀ နှစ်ရက်သာ ပြုလုပ်ခဲ့ပါသည်။

Friday, March 18, 2016

မြစ်ဆုံ စီမံကိန်း ပြန်စ နိုင်ရန် တရုတ် တိုက်တွန်း မည်


ကန့်ကွက်ဆန္ဒပြမှုများနှင့် အကြီးအကျယ် တွေ့ကြုံ ပြီးနောက် ၂၀၁၁ စက်တင်ဘာလ ကတည်းက ယာယီ ပိတ်ပင်ထားတဲ့ မြစ်ဆုံရေကာတာ စီမံကိန်းကို ပြန်စနိုင်ရန် NLD အစိုးရသစ်ကို တိုက်တွန်းသွားမည်ဟု တရုတ် နိုင်ငံခြားရေး ဒုဝန်ကြီး Mr. Liu Zhenmin က ယမန်နေ့က ပြောလိုက်ပါသည်။

Thursday, March 17, 2016

အစိုးရ စစ်ကြောင်း ကို KIA တပ်ရင်း ၃၆ ဗုံးဖြင့် တိုက်ခိုက်


ယနေ့ နံနက် ၅ နာရီခန့်တွင် အစိုးရ တပ်မ ၉၉ စစ်ကြောင်းကို ပန်ဆိုင်း (ကြူကုတ်) မြို့အနီး ကချင်လွတ်လပ်ရေး တပ်မတော် KIA တပ်ရင်း ၃၆ မှ ဗုံးဖြင့် တိုက်ခိုက်ခဲ့ပါသည်။

ပြည်ထောင်စု အစိုးရဝန်ကြီးဌာန ၃၆ ခုမှ ၂၁ ခု ထိ လျှော့ချ


ယခု အစိုးရလက်ထက် ဝန်းကြီးဌာန ၃၆ ခုဖြင့် အုပ်ချုပ်နေသော်လည်း တက်လာမည့် ဒီမိုကရေစီ အစိုးရသစ် လက်ထက်တွင် ဝန်ကြီးဌာန ၂၁ ခုသာ ထားရှိမည်ဖြစ်သည်ဟု  နိုင်ငံတော်သမ္မတသစ် အဖြစ် တင်မြောက်ခံထားရသော ဦးထင်ကျော် က ယမန်နေ့ မတ် ၁၆ ပြည်ထောင်စု လွှတ်တော်သို့ ပေးပို့ရာ ပြည်ထောင်စု လွှတ်တော် နာယက ဦးမန်းဝင်းခိုင်သန်း က ယနေ့ ကြေညာလိုက်ပါသည်။

Wednesday, March 16, 2016

“ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးရှေ့မှာ ထိုးသတ်ရမှာ အံသြစရာ ခံစားချက်တစ်ခု” ဟု Nsang Awng La ပြော


‘မြန်မာ့ စပါးကြီးမြွေ’ အဖြစ် ရေပန်းစားနေတဲ့ ကချင်အမျိုးသား လက်ဝှေ့သမား Nsang Awng La သည် မြန်မာနိုင်ငံ ကိုယ်စားပြုအဖြစ် အီဂျစ်နာမည်ကျော် တိုက်ခိုက်ရေးသမား Mohamed Ali နှင့် ယခုလ ၁၈ ရက် ရန်ကုန် သုဝဏ္ဏကွင်း ညနေ ၆ နာရီတွင် ထိုးသတ်ကြမည် ဖြစ်ပါသည်။

Tuesday, March 15, 2016

ကချင်ပြည်နယ် ရေကာတာ စီမံကိန်းများ လုံးဝ ရပ်တန့် ပေးရန် တောင်းဆို


‘ကချင်ပြည်နယ်ရှိ ရေကာတာစီမံကိန်းများ အားလုံးသည် ပြည်သူလူထုများကို အသိပေး ထုတ်ပြန်
 ကြေညာခြင်းနှင့် ညှိနှိုင်းတိုင်ပင်မှု မရှိခြင်း၊ ပွင့်လင်းမြင်သာခြင်း မရှိပဲ အကောင်ထည်ဖော်
 ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း’ မနေ့က ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ မြစ်ချောင်းများ ထိန်းသိမ်းရေးနှင့် ရေကာတာ ဆန့်ကျင်ရေးနေ့မှာ ကချင်ပြည်နယ် အရပ်ဘက်အဖွဲ့အစည်းများမှ သဘောထား ထုတ်ပြန်ခဲ့သည်။

Monday, March 14, 2016

ဒုသမ္မတ ခရစ်ယာန် ဖြစ်ခြင်း လူမှုကွန်ရက် ပေါ် ဆန့်ကျင် ကန့်ကွက်


ခရစ်ယာန် တဦးဖြစ်သူ အမျိုးသားလွှတ်တော် အမတ် ချင်းလူမျိုး ဦးဟင်နရီဗန်ထီးယူ အား နိုင်ငံတော် ဒုတိယ သမ္မတ နေရာအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD မှ တင်သွင်းခြင်းကို facebook ပေါ် ကန့်ကွက် ဝေဖန်မှုများ ပြုလုပ်နေပါသည်။

Wednesday, March 9, 2016

KIO မှ တပ်မဟာ ၆၊ မူးယစ်ဆေးဝါးနှင့် ဒုက္ခသည် ကိစ္စ သဘောထား ထုတ်ပြန်


ကချင်လွတ်လပ်ရေးအဖွဲ့ KIO မှ လိုင်ဇာ ဗဟိုဌာနချုပ်တွင် ယနေ့ မနက် ၁၀ နာရီ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ပြီး KIA တပ်မဟာ ၆၊ လူထုအခြေပြု မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်းနှင့် စစ်ပြေး ဒုက္ခသည်များ(IDPs) တို့နှင့် ပတ်သက်ပြီး သဘောထား ထုတ်ပြန်ချက် ၃ ခုကို ထုတ်ပြန်လိုက်သည်။

Tuesday, March 8, 2016

ဦး ဇခုန်တိန့်ယိန်း တရားစွဲဆို ထားခြင်း PJS ခေါင်းဆောင်များ မသိ


ဖေဖော်ဝါရီ ၂၆ ရက်နေ့ ပြည်သူများ လမ်းလျှောက်ဆန္ဒပြနေ

ဦးဇခုန်တိန့်ယိန်း မိသားစုမှ ကချင် လူထုအခြပြု မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အဖွဲ့ PJS ကို ယမန်နေ့က တရားစွဲထား ကြောင်း သတင်းများ ထွက်ပေါ်ခဲ့ခြင်းကို PJS ခေါင်းဆောင်များ မသိကြောင်း ပြောသည်။

Thursday, March 3, 2016

သီးခြား နိုင်ငံ ထူထောင်ရေး ထိုင်းနိုင်ငံ ကချင် အမျိုးသားများ သဘောထား ထုတ်ပြန်


မတ် ၂၊ ၂၀၁၆ ထိုင်းနိုင်ငံ ကချင်အမျိုးသားများ၏ လက်ရှိ မြန်မာ နိုင်ငံရေး အခြေအနေ ဆွေးနွေးပွဲ၊ ချင်းမိုင်မြို့

ကချင် အမျိုးသား အားလုံးသည် သီးခြား ကချင် နိုင်ငံတော် ထူထောင်ရေး နိုင်ငံရေး လမ်းစဉ်ကို တည်ဆောက် သွားရမည် ဖြစ်ကြောင်း ထိုင်းနိုင်ငံ ကချင် အမျိုးသားများမှ ကချင်ဘာသာလို မတ် (၃)၊ ယနေ့ သဘောထား ထုတ်ပြန်သည်။

အစိုးရတပ် က KIA တပ်မဟာ(၆) ကို ‘မိုးပြာ စစ်ဆင်ရေး’ ဆင်နွှဲရန် ပြင်ဆင်နေ


ရှမ်းပြည်မြေက်ပိုင်း စစ်ရေးပြင်ဆင်နေတာ အစိုးရစစ်တပ်

မြန်မာ အစိုးရတပ်မှ စစ်အင်အား အလုံးရင်းဖြင့် ရှမ်းပြည်နယ်မြောက်ပိုင်း ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ (၆) ကို ‘မိုးပြာ စစ်ဆင်ရေး’ ဆင်နွှဲရန် ပြင်ဆင်နေကြောင်း KIA တပ်မဟာ (၆) က ပြောပါသည်။

Tuesday, March 1, 2016

KIA တပ်မဟာ (၆) ဖွဲ့စည်းခြင်း အကြောင်း ဒေသခံ တရုတ်များ ကို ရှင်းလင်း


ဖေဖေါ်ဝါရီ ၂၆၊ KIA တပ်မဟာ (၆) ဖွဲ့စည်းခြင်း အခမ်းအနား၊ မိုင်ဂျာယန်မြို့၊ ကချင်ပြည်နယ်

ရှမ်းပြည်နယ်မြောက်ပိုင်း KIA တပ်မဟာ (၆) တိုးချဲ့ ဖွဲ့စည်းရခြင်းအကြောင်းနှင့်ပတ်သက်ပြီး ဒေသခံပြည်သူများ အထူးသဖြင့် တရုတ်လူမျိုးများအား တွေ့ဆုံရှင်းပွဲ အစီစဉ်ကို KIA တပ်မဟာ (၄) ဌာနချုပ် မိုင်ဂျာယန် တွင် ယနေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့ပါသည်။

KIO မှ ဆရာဂျာဂွန်း ၏ အသုဘ အခမ်းအနား ပြုလုပ်


ဆရာဂျာဂွန်း၏ အသုဘ အခမ်းအနား ပြုလုပ်

ကချင် အမျိုးသားခေါင်းဆောင် ဆရာကြီး Rev. Dr. Maran Ja Gun ၏ ရုပ်ကလပ်ကို မြစ်ကြီးနားမြို့သို့ မသယ်လာခင် ယနေ့ နံနက်ပိုင်းတွင် ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဗဟို ဌာနချုပ် လိုင်ဇာတွင် အသုဘ ဆုတောင်းပွဲကို ပြုလုပ်ခဲ့ပါသည်။

KIA တပ်မဟာ (၆) တိုးချဲ့ ဖွဲ့စည်းခြင်းပေါ် UPWC မှ ကန့်ကွက်စာ ထုတ်ပြန်

KIA တပ်မဟာ (၆) ဖွင့်ပွဲနေ့ပုံ

ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ (၆) တိုးချဲ့ ဖွဲ့စည်းလိုက်ခြင်း အပေါ် မြန်မာ အစိုးရ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ UPWC မှ ယမန်နေ့ ဖေဖော်ဝါရီ ၂၉ ရက်စွဲဖြင့် ကန့်ကွက်စာ ထုတ်ပြန်လိုက်ပါသည်။