Monday, February 29, 2016

ယနေ့ နံနက် KIA တပ်မဟာ ၆ နှင့် အစိုးရတပ် မိနစ် ၃၀ ကြာ တိုက်ပွဲဖြစ်


KIA တပ်မဟာ (၆) တံဆိပ်

ရှမ်းပြည်နယ်မြောက်ပိုင်း ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၆ နှင့် အစိုးရတပ်များ ယနေ့ နံနက် မိနစ် ၃၀ ကြာ တိုက်ပွဲဖြစ်ပွား ခဲ့ပါသည်။

Saturday, February 27, 2016

ရှမ်းမြောက် ဗကပ နယ်မြေ တွင် KIA တပ်မဟာ (၆) ဖွဲ့စည်း

ကေအိုင်အေ တပ်မဟာ ၆ ဖွင့်ပွဲ မိုင်ဂျာယန်

ရှမ်းပြည်နယ် မြောက်ပိုင်း ယခင် ဗမာပြည် ကွန်မြူနစ်ပါတီ ဗကပ ထိန်းချုပ်ဒေသတွင် ကချင်လွတ်လပ်ရေး တပ်မတော် KIA ၏ တပ်မဟာ (၆)ကို ဖေဖော်ဝါရီ (၂၆) သောကြာနေ့က တရားဝင် ဖွဲ့စည်းခဲ့ပါသည်။

Friday, February 26, 2016

ဘိန်းခင်းတိုက်ဖျက်ရေးအဖွဲ့တိုက်ခိုက်ခံရမှု မြစ်ကြီးနားတွင် လူထု ဆန္ဒပြ


မနောကွင်းမှ စထွက်လာစဉ်

ဘိန်းခင်းတိုက်ဖျက်ရေးအဖွဲ့PJS များ ယမန်နေ့က အစိုးရနယ်ခြားစောင့်တပ်နှင့် ဘိန်းခြံပိုင်ရှင်တို့၏ တိုက်ခိုက်ခံရမှုကြောင့် ပြည်သူလူထုမှ ယနေ့ မနက် ၁၀ နာရီ ခွဲခန့် မြစ်ကြီးနားမြို့တွင် လမ်းလျှောက် ဆန္ဒပြခဲ့ကြပါသည်။

Thursday, February 25, 2016

စင်ကြိုင်တွင် PJS ၂ ဦး ပစ်သတ်ခံရ

PJS ၂ ဦး ပစ်သတ်ခံရ

စင်ကြိုင်တွင် ကျန်ရှိနေသော ဘိန်းခင်းတိုက်ဖျက်ရေးအဖွဲ့ဝင် ၁၀ ဦးကို ဘိန်းခြံပိုင်ရှင်များ ၀ိုင်းရံထားရာတွင် ၂ ဦးကို ပစ်သတ်လိုက်ပြီဖြစ်ကြောင်း ရှေ့တန်းရောက် PJS ခေါင်းဆောင် တစ်ဦးပြောသည်။

ဘိန်းခင်း တိုက်ဖျက်ရေး အဖွဲ့ PJS တိုက်ခိုက်ခံရမှု ဆန့်ကျင် ဆန္ဒပြပွဲ


လူထု မြစ်ကြီးနားဆေးရုံရှေ့ ဆန္ဒပြ

ဒီနေ့ မနက်ပိုင်း ဦးဇခုန်ထိန်းချုပ်သော ကန်ပိုင်တီဒေသတွင် ဘိန်းခင်းဖျက်ဆီးရေးအဖွဲ့ PJS များကို နယ်ခြားစောင့်တပ် BGF တို့ ဗုံး သေနတ် ဖြင့်တိုက်ခိုက်မှုကြောင့် PJS အဖွဲ့ဝင် အနည်းဆုံး ၂၀ ကျော် ထိခိုက်ဒဏ်ရာဖြင့် မြစ်ကြီးနားဆေးရုံးသို့ရောက်ရှိလာပြီဖြစ်သည်။

စင်ကြိုင် တွင် PJS အဖွဲ့ ၃၀၀ နယ်ခြား စောင့်တပ် ၏ ၀ိုင်းရံ တိုက်ခိုက် ခံနေရ

စင်ကြိုင် ပတ်မောတွင် BGF တို့၏ ဗုံးဖြင့် တိုက်ခိုက်ခံရသော PJS အဖွဲ့ဝင်များ

ယခု အချိန်မှာပဲ အစိုးရ နယ်ခြားစောင့်တပ် စခန်းရှိသည့် စင်ကြိုင် တွင် လူထု အခြေပြု ဘိန်းခင်း တိုက်ဖျက်ရေး အဖွဲ့ PJS လူ ၃၀၀ ခန့်ကို ဘိန်းခြံပိုင်ရှင်များ၊ ပြည်သူ့စစ်နှင့် နယ်ခြားစောင့်တပ် ၁၀၀၀ ကျော်မှ သေနတ်၊ ဗုံးများဖြင့် ပစ်ခတ် ဖောက်ခွဲပြီး ၀ိုင်းရံ ထားနေကြောင်း သိရသည်။

နယ်ခြားစောင့်တပ် ထပ်မံ ပစ်ခတ်မှုတွင် PJS တစ်ဦး ဒဏ်ရာ ရရှိ


နယ်ခြားစောင့်တပ် (ဘယ်) နဲ့ အစိုးရတပ်

ယနေ့ နံနက်ပိုင်း တိုက်ခိုက်ခံရသော လူထု ဘိန်းခင်း တိုက်ဖျက်ရေး PJS အဖွဲ့ကို အကူအညီ ပေးရန် တက်လာသော PJS အဖွဲ့များလည်း လမ်းခုလပ်တွင် နယ်ခြားစောင့်တပ်များ၏ ထပ်မံ ပစ်ခတ်မှု ခံရပြီး တစ်ဦး ထိခိုက် ဒဏ်ရာ ရရှိသွားကြောင်း ရှေ့တန်းရောက် PJS ခေါင်းဆောင်များ ပြောသည်။

နယ်ခြား စောင့်တပ် တိုက်ခိုက်မှုကြောင့် လူထု ဘိန်းခင်း တိုက်ဖျက်ရေး အဖွဲ့ ၃ ဦး ဒဏ်ရာ ရ


နယ်ခြားစောင့်တပ်ဖွဲ့ ကို မြစ်ကြီးနားမြို့တွင် ကြိုဆိုနေပုံ၊ ၂၀၁၀

ကန်ပိုင်တီသို့ တက်လာသော လက်နက်မဲ့ လူထု ဘိန်းခင်း တိုက်ဖျက်ရေး အဖွဲ့ PJS ကို အစိုးရ နယ်ခြားစောင့်တပ်များမှ ယနေ့ နံနက်ပိုင်း စောင့်ကြို တိုက်ခိုက်မှုတွင် PJS အနည်းဆုံး (၃) ဦး ဒဏ်ရာ ရရှိသွားကြောင်း PJS ခေါင်းဆောင်များ ပြောသည်။

Wednesday, February 24, 2016

မန်ရှီ ကချင် မနောပွဲတော်ကြီး ကမ္ဘာ့ဂင်းနစ်စံချိန် (၃)ခု မှတ်တမ်း တင် ခံရ

မန်ရှီ ကချင် မနောပွဲတော်ကြီး ကမ္ဘာ့ ဂင်းနစ်စံချိန် (၃) မှတ်တမ်းတင်ခံရ

တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ယူနန်ပြည်နယ် မန်ရှီ မြို့တွင်ကျင်းပသော ‘Jingpo’ ခေါ် ကချင် လူမျိုးများ၏ ယဉ်ကျေးမှု မနောပွဲတော်ကြီးကို ကမ္ဘာ့ဂင်းနစ်စံချိန် (Guinness World Record) မှ ဖေဖေါ်ဝါရီ ၂၂ ရက်နေ့ က ဂုဏ်ပြု မှတ်တမ်းတင် လက်မှတ် (၃)ခု ပေးအပ်ခဲ့ပါသည်။

အခက်ခဲ မရှိပဲ ဘိန်းခင်း တိုက်ဖျက်ရေး အဖွဲ့များ လဖိုင် ကျေးရွာ ကျော်လာ

ကန်ပိုင်တီဒေသ ဘိန်းခင်းမြေပုံ

ယနေ့ မနက်ပိုင်း ဘွမ်တောင်မှ ပြန်လည်ထွက်ခွာသွားသော လူထု ဘိန်းခင်း တိုက်ဖျက်ရေး အဖွဲ့ PJS သည် ယခုချိန် ဆဒုံး၊ ဂေါ့နန် နှင့် လဖိုင် ကျေးရွာများကို အခက်ခဲမရှိ ကျော်ဖြတ်သွားနိုင်ပြီဖြစ်သည်။

Tuesday, February 23, 2016

နာရီပိုင်းမှာပဲ ဘိန်းခင်း တိုက်ဖျက်ရေး အဖွဲ့ ထပ်မံ တားဆီး ခံနေရ


ဖေဖေါ်ဝါရီ ၂၃၊ ၂၀၁၆၊ ဝါးရှေင်ဂိတ်မှ ကန်ပိုင်တီသို့ ဦးတည် ချီတက်လာသော ကချင်လူထု ဘိန်းခင်းဖျက်ဆီးရေး အဖွဲ့ PJS

လွန်ခဲ့သည့် ၂ နာရီခန့် ၀ါးရှောင်ဂိတ်မှ ထွက်ခွာလာသော လူထု ဘိန်းခင်း တိုက်ဖျက်ရေး အဖွဲ့သည် ဘွမ်တောင် အစိုးရတပ် စခန်း မရောက်မီ ထပ်မံ တားဆီး ခံနေရပါသည်။

ကန်ပိုင်တီ ဘိန်းခင်း တိုက်ဖျက်ရေး အဖွဲ့များ စတင် ထွက်ခွာ


ဖေဖေါ်ဝါရီ ၂၃၊ ၂၀၁၆၊ အသင်းတော် ဂိုဏ်းပေါင်းစုံ ဆရာများဦးဆောင်ပြီး ကချင် လူထု ဘိန်းခင်းတိုက်ဖျက်ရေးအဖွဲ့များ ကန် ပိုင်တီသို့ ထွက်ခွာရန် ပြင်ဆင်နေပုံ၊ ဝါးရှောင်ဂိတ်၊ ဝိုင်းမော်မြို့နယ်၊ ကချင်ပြည်နယ်

အစိုးရမှ တစ်ပတ်တိတိ တားဆီး ထားသော လူထု ဘိန်းခင်း တိုက်ဖျက်ရေး အဖွဲ့သည် ၀ါးရှောင်ဂိတ်၊ ချီဖွေ-ဆဒုံး လမ်းခွမှ ကန်ပိုင်တီသို့ ယနေ့ မြန်မာစံတော်ချိန် ၂ နာရီမှ စတင် ထွက်ခွာနေပြီ ဖြစ်သည်။

Sunday, February 21, 2016

ကန်ပိုင်တီ ဘိန်းခင်း ဖျက်ဆီးရေး လူထု တစ်သောင်း ကျော် ဆုတောင်း

KBC အထွေအထွေ အတွင်းရေးမှူး Rev. Dr. Hkalam Samson မှ PJS အပါအဝင် လူထု ၁၀၀၀၀ ကျော်အား ဒေသနာဖြင့် ခွန်အားပေးနေပုံ၊ ချီဖွေ- ဆဒုံး လမ်းခွဲ၊ မြစ်ကြီးနား-ကန်ပိုင်တီ လမ်းမ၊ ဝိုင်းမော်မြို့နယ်၊ ကချင်ပြည်နယ်

မြန်မာအစိုးရ ထိန်းချုပ်နယ်မြေ ကန်ပိုင်တီဒေသ ဘိန်းခြံများ ဖျက်ဆီးနိုင်ရန် လူထု ၁၀၀၀၀ ကျော် ပါဝင်သော အထူး ဆုတောင်းပွဲကြီးကို ဘိန်းခင်း တိုက်ဖျက်ရေး အဖွဲ့များ တားဆီးခံရသည့် နေရာတွင် ယနေ့ ဖေဖော်ဝါရီ ၂၁ နံနက် ပိုင်းတွင် ပြုလုပ်ခဲ့ပါသည်။

Thursday, February 18, 2016

အစိုးရက PJS အင်အား ၂၃၀၀ ကျော်ကို ဆက်လက် တားမြစ်နေ

ဝါးရှောင်ဂိတ်တွင် အစိုးရတပ်များ တားဆီးတာကြောင့် ကန်ပိုင်တီလမ်းတွင် စခန်းချနေတဲ့ ကချင်လူထု မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့ PJS

အစိုးရမှ ကန်ပိုင်တီ ဘိန်းခင်းတိုက်ဖျက်ရေးအဖွဲ့ PJS ကို တားမြစ်မှု မရှိကြောင်း ပြောခဲ့သော်လည်း လူထု အင်အား ၂၃၀၀ ကျော်မှာ ၀ါးရှောင်ဂိတ်တွင် ယခုထိ ၂ ရက်သာ ဆက်လက် ပိတ်စို့ ခံနေရဆဲဖြစ်ပါသည်။

Wednesday, February 17, 2016

PJS အဖွဲ့နှင့် တွေ့ဆုံရန် ပြည်နယ် အစိုးရမှ ဆင့်ခေါ်


PJS အဖွဲ့ နှင့် တွေ့ဆုံရန် ပြည်နယ် အစိုးရမှ ဆင့်ခေါ်

ကန်ပိုင်တီသို့အတက် ၀ါးရှောင်ဂိတ်တွင် ယမန်နေ့မှ စပြီး ဟန့်တားထားခြင်း ခံနေရသော ကချင် လူထု ဘိန်းခင်း ဖျက်ဆီးရေး အဖွဲ့ PJS ကိစ္စ မြစ်ကြီးနားမြို့မှာ ယနေ့ ၂နာရီတွင် တွေ့ဆုံရန် ကချင်ပြည်နယ်အစိုးရမှ PJS အဖွဲ့ကို ဆင့်ခေါ် ထားပါသည်။

Tuesday, February 16, 2016

လူထု မူးယစ် တိုက်ဖျက်ရေး အဖွဲ့ ၀ါးရှောင်ဂိတ် တွင် ဟန့်တား ခံနေရ

 

ဖေဖေါ်ဝါရီ ၁၆၊ ၂၀၁၆ ဝါးရှောင်ဂိတ်မှ ကန်ပိုင်တီသို့ လုံးဝ ဖြတ်သန်းခွင့် မပြု ဟန့်တားခံရတဲ့ ကချင်လူထု ဘိန်းခင်း ဖျက်ဆီးရေးအဖွဲ့

 

ယနေ့ မြစ်ကြီးနားမြို့မှ ကန်ပိုင်တီ သို့ တက်လာသည့် ကချင် လူထု ဘိန်းခင်း ဖျက်ဆီးရေး ယာဉ်တန်းကို ကန်ပိုင်တီ-ချီဖွေလမ်းခွဲ၊ ၀ါးရှောင်ဂိတ်တွင် အစိုးရ လုံခြုံရေးတပ်ဖွဲ့များမှ လုံးဝ ဖြတ်သန်းခွင့် မပြုဘဲ ဟန့်တား ခံနေရပါသည်။

PJS ကို လမ်းပိတ် ဟန့်တားရန် ဘိန်းခြံ ပိုင်ရှင်များ အသင့်ရှိနေ

 
ဖေဖေါ်ဝါရီ ၁၆၊ ၂၀၁၆ ကန်ပိုင်တီသို့  တက်ရန် မြစ်ကြီးနားတွင် ပြင်ဆင်နေတဲ့ PJS အဖွဲ့ တစ်ဖွဲ့

 

ယနေ့ တစ်ခါ လူထု မူးယစ် တိုက်ဖျက်ရေး အဖွဲ့ PJS သည် ကန်ပိုင်တီဒေသ သို့ ထွက်ခွာရန်ပြင်ဆင်နေသည့် တစ်ချိန်တည်း ဘိန်းခြံ ပိုင်ရှင်များ ကလည်း သူတို့ကို ခုခံတိုက်ခိုက်ရန် လမ်းတွင် အဆင်သင့် စောင့်နေကြောင်း သိရသည်။

အစိုးရ စစ်တပ်နှင့် ရဲ များ ကန်ပိုင်တီ PJS အဖွဲ့ကို တားမြစ်


ဖေဖ်ါဝါရီ ၁၆၊ ၂၀၁၆ အစိုးရတပ်မှ ကန်ပိုင်တီ ဘိန်းခင်းသို့ တက်လာတဲ့ ကချင်လူထု မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အဖွဲ့ PJS ကို ဟန့်တားနေပုံ

မကြာသေး ချိန်တွင်ပဲ ဘိန်းခင်းတိုက်ဖျက်ရန် ကန်ပိုင်တီသို့ တက်လာသည့် လူထုဘိန်းခင်း တိုက်ဖျက်ရေးအဖွဲ့ PJS ကို အစိုးရစစ်တပ်နှင့် ရဲများ က ၀ိုင်းမော်-ကန်ပိုင်တီ လမ်းမ ပေါ်တွင် တားမြစ်နေပါသည်။

Monday, February 15, 2016

PJS ဟာ တစ်ကမ္ဘာလုံးရဲ့ ရန်သူ ကို တိုက်နေတဲ့ စစ်သား ဖြစ်

Rev. Dr. Hkalam samaon

လူထု မူးယစ်ဆေးဝါး ဖျက်ဆီးရေးအဖွဲ့ PJS အဖွဲ့သို့ အားပေး စကား

ဘာ့ကြောင့် ဘိန်းခင်း ဖျက်ဆီးရေးမှာ မပူးပေါင်း သလဲ

Rev. Dr. Hkalam samaon

ကန်ပိုင်တီ ဘိန်းခင်း ဖျက်ဆီးရေးမှာ အစိုးရတပ် မပူးပေါင်း တဲ့ ကိစ္စပေါ် တုန့်ပြန်ခြင်း

Sunday, February 14, 2016

အစိုးရ ထိန်းချုပ် နေရာမှ ဘိန်းခင်း ဖျက်ဆီးရန် လူထု အဆင့်သင့် ဖြစ်နေ

အစိုးရ ထိန်းချုပ်တဲ့ ကန်ပိုင်တီ ဒေသ ဘိန်းခင်းတွေ ဖျက်ဆီးဖို့ ဝိုင်းမော်မြို့မှာ စခန်းချနေတဲ့ လူထု ဘိန်းခင်းဖျက်ဆီးရေးအဖွဲ့ PJS

လူထု အင်အား အလုံးအရင်းဖြင့် အစိုးရ ထိန်းချုပ်သော ကန်ပိုင်တီဒေသရှိ ဘိန်းခင်းများ ဖျက်ဆီးရေး အစီစဉ်ကို လာမည့် အပတ်အတွင်း ပြန်လည် စတင်မည်ဖြစ်ကြောင်း အကြီးဆုံး ကချင်အသင်းတော် KBC က ယမန်နေ့ ကြေညာချက် ထုတ်ပြန်ခဲ့သည်။

Saturday, February 13, 2016

ကန်ပိုင်တီ ဘိန်းခင်းဖျက်ဆီးရေး အတွက် ၀ိုင်းမော်မှာ လူ စု နေဆဲ

ကန်းပိုင်တီသို့ တက်ရန် ဝိုင်းမော် အသင်းတော်များတွင် စခန်းချနေသော PJS အဖွဲ့များ

ကချင် အသင်းတော် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့ PJS ၏ ကန်ပိုင်တီ ဒေသ ဘိန်းခြံဖျက်ဆီးရေး အစီစဉ်ကို အစိုးရမှ လုံခြုံရေး မပေးနိုင်ကြောင်း အကြောင်းပြန်ခဲ့သော်လည်း PJS အဖွဲ့များ ၀ိုင်းမော်မြို့တွင် အင်အားစု နေဆဲဖြစ်သည်။

Friday, February 12, 2016

ပင်လုံမှ အစပြုသော ပြည်ထောင်စု ဘယ်မှာလဲ

၆၉ နှစ်ပြည့် ပြည်ထောင်စုနေ့ "ပင်လုံမှ အစပြုသော ပြည်ထောင်စု ဘယ်မှာလဲ"

ပင်လုံမှ အစပြုသော ပြည်ထောင်စု ဘယ်မှာလဲ။ ပင်လုံစာချုပ် အရ ပေါ်ထွန်းလာသည့် ပြည်ထောင်စု မြန်မာနိုင်ငံတော်သည် ယနေ့ ဖေဖော်ဝါရီ (၁၂)ရက်မှာ (၆၉)နှစ် ပြည့်ပြီဖြစ်သည်။

Thursday, February 11, 2016

ကန်ပိုင်တီ ဘိန်းခင်း တိုက်ဖျက်ရေး မှာ အစိုးရ လုံခြုံရေး မပေးနိုင်

အစိုးရထိန်းချုပ်သော ကန်ပိုင်တီ ဒေသရှိ ဘိန်းခင်းများ၊ ကချင်ပြည်နယ်

အစိုးရ နယ်ခြားစောင့်တပ်နှင့် ပြည်သူ့စစ်များ ထိန်းချုပ်ရာ ကန်ပိုင်တီဒေသ ဘိန်းခင်းဖျက်ဆီးရေး အစီစဉ်တွင် အစိုးရမှ ‘လုံခြုံရေး မပေးနိုင်’ ဟု ပြောခဲ့ကြောင်း သိရသည်။

Wednesday, February 10, 2016

အမေရိကန် နှစ်ခြင်း ဆရာများ အသင်းတော် မူးယစ်တိုက်ဖျက်ရေး အဖွဲ့ကို တွေ့ဆုံ အားပေး

ကချင် အသင်းတော်များ ဘိန်းခင်းဖျက်ဆီးရေးအဖွဲ့ ကို ဆုတောင်းပေးနေတဲ့ အမေရိကန် ABC ဆရာတဦး

 အမေရိကန်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် ABC မှ ဆရာများသည် ကချင် အသင်းတော်များ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့ PJS ရှိရာ ၀ိုင်းမော်မြို့ကို ယနေ့ သွားရောက်တွေ့ဆုံ အားပေးခဲ့ပါသည်။

Saturday, February 6, 2016

လုံခြုံရေးကြောင့် ကန်ပိုင်တီ ဒေသ ဘိန်းခင်းဖျက်ဆီးရေး အဖွဲ့ ပြန်လည် ဆုတ်ခွာ



လုံခြုံရေး စိုးရိမ်ရသည့် အခြေနေကြောင့် အစိုးရနယ်ကြားစောင့်တပ် BGF နှင့် ပြည်သူ့စစ်များ ထိန်းချုပ်ရာ ကန်ပိုင်တီဒေသ မောစီတုန်းနယ်မှ ဘိန်းခင်းများ ဖျက်ဆီးရန် ရောက်ရှိနေသည့် လူထုမူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့ (PJS) သည် ဖေဖော်ဝါရီ (၅)ရက် မနေ့က ၀ိုင်းမော်မြို့သို့ နောက်ဆုတ် ပေးခဲ့သည်။

အဓိက အစီစဉ် ဖြုတ်ပြီး လူငယ်များ ကချင်တော်လှန်ရေးနေ့ ကျင်းပ

မနောကွင်း ကချင်တော်လှန်ရေးနေ့ လူငယ်ဆုတောင်းပွဲ၊ မြစ်ကြီးနား၊ ကချင်ပြည်နယ်

မြစ်ကြီးနား ကချင်လူငယ်များက (၅၅) နှစ် ပြည့် ကချင်အမျိုးသားတော်လှန်ရေးနေ့ ဆုတောင်းပွဲတွင် အဓိက ကျသော အစီစဉ်များ ဖျက်သိမ်းပြီး စီတာပူ မနောကွင်းမှာ မနေ့က ပြုလုပ်ခဲ့ပါသည်။

Thursday, February 4, 2016

လူငယ်များ ဆုတောင်းပွဲဖြင့် ကချင်တော်လှန်ရေးနေ့ ကျင်းပမည်

ဖေဖ၀ါရီ ၄၊ ၂၀၁၆၊ ကချင်လူငယ်များ (၅၅) နှစ်ပြည့် ကချင်အမျိုးသားလက်နက်ကိုင်တော်လှန်ရေးနေ့ ဆုတောင်းပွဲကို မနောကွင်းတွင် ပြုလုပ်ရန် ပြင်ဆင်နေပုံ၊ မြစ်ကြီးနားမြို့၊ ကချင်ပြည်နယ်

မြစ်ကြီးနား၊ ကချင်ပြည်နယ် — ဖေဖော်ဝါရီ (၅)ရက်၊ မနက်ဖြန်ကျရောက်မည့် (၅၅) နှစ်ပြည့် ကချင်အမျိုးသား လက်နက်ကိုင်တော်လှန်ရေးနေ့ မှာ ကချင်လူငယ်များက (၄)ကြိမ်မြောက် စုပေါင်းဆုတောင်းခြင်းအစီစဉ် ကို ကချင်ပြည်နယ် မြစ်ကြီးနား မနောကွင်းမှာ ပြုလုပ်မည် ဖြစ်ပါသည်။

Wednesday, February 3, 2016

အင်အား ၂၀၀ လူထု မူးယစ် တိုက်ဖျက်ရေးအဖွဲ့ ကန်ပိုင်တီ ဒေသတွင် ခုခံ ၀ိုင်းပိတ်ခြင်း ခံနေရ


အင်အား ၂၀၀ လူထု မူးယစ် တိုက်ဖျက်ရေးအဖွဲ့ ကန်ပိုင်တီ ဒေသတွင် ခုခံ ပိုင်းပိတ်ခြင်း ခံနေရ

ကချင်ပြည်နယ် အစိုးရ၏ခွင့်ပြုမှုဖြင့် ကန်ပိုင်တီ ဒေသသို့ ဘိန်းခင်းဖျက်ဆီးရန် ရောက်ရှိနေသော အင်အား ၂၀၀ ခန့် လူထုဘိန်းခင်းဖျက်ဆီးရေးအဖွဲ့သည် ရာဂဏန်းရှိသော ဘိန်းခြံပိုင်ရှင်များ၏ ခုခံ ၀ိုင်းပိတ်ခြင်း ခံနေရပါသည်။

Tuesday, February 2, 2016

ကုလ စားနပ် ရိက္ခာ လျှော့ချမှုပေါ် ကချင်ဒုက္ခသည်များ စိုးရိမ်နေ


ဖေဖ၀ါရီ ၂၊ ၂၀၁၆ ဗက်လင်ဒုက္ခသည်စခန်း၊ မြစ်ကြီးနားမြို့
ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာဖူလုံရေးအဖွဲ့ WFP သည် ကချင်ပြည်နယ် စစ်ဘေးဒုက္ခသည်များ အကူအညီပေးမှုကို နှစ်သစ်မှ လျှော့ချလိုက်ခြင်းအပေါ် စစ်ရှောင်များ အလွန်စိုးရိမ်ပူပန်မှုရှိနေကြောင်းသိရသည်။

နမ့်ယား မူးယစ်ဆေး ရောင်းဝယ်မှုတွင် အစိုးရ ပြည်သူ့စစ်များ ပါဝင်

ဖားကန့် ကျောက်စိမ်းမှော်အတွင်း မူးယစ်ဆေး ရောင်းနေတဲ့ အစိုးရ ရဲ တပ်ကြပ် ကို ဒေသခံ ကချင်လူထု မူးယစ်ဆေးဝါး တိုက်ဖျက်ရေးမှ ဖမ်းဆီးနေပုံ

ကချင်ပြည်နယ် ဖားကန့်မြို့နယ် နမ့်ယားကျေးရွာတွင် ပြည်သူ့စစ်အဖွဲ့က တရားမ၀င် မူးယစ်ဆေး ရောင်းဝယ်ဖောက်ကားမှုတွင်ပါဝင်ပြီး KIA နှင့်မသင်္ကာသူများ ကိုလည်း ခြိမ်းခြောက် ဖမ်းဆီးနေကြောင်း သိရသည်။