Friday, January 30, 2015

ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး ဆိုင်ရာ သဘောတူညီချက် လက်မှတ်ထိုးမည်ဟု UNFC ပြော


လာမည့် ဖေဖော်ဝါရီလ ၁၂ ရက် ပြည်ထောင်စုနေ့တွင် ကျရောက်သော (၆၈) နှစ်မြောက် ပြည်ထောင်စုနေ့တွင် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး ကတိကဝတ်အဖြစ် သဘောတူညီချက် လက်မှတ်ရေးထိုးရန် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) က ဇန်နဝါရီလ ၂၉ ရက်တွင် ပြောဆိုလိုက်သည်။

Wednesday, January 28, 2015

အစိုးရမှ တရားလက်လွတ် လုပ်ဆောင်နေမှုများ ရပ်သင့်ဟု UNFC ပြော

 ဗိုလ်မှူးကြီး ခွန်ဥက္ကာ၊ UNFC အထွေထွေအတွင်းရေးမှူး-၁

ရှမ်းပြည်နယ်မြောက်ပိုင်း ကျေးရွာရှိ (KBC) မှ ကချင်ကျောင်းဆရာမ နှစ်ဦးအား အဓမ္မပြုကျင့်၍ သတ်ဖြတ်ခဲ့မှုသည် စစ်ရာဇဝတ်မှုဖြစ်၍ တရားလက်လွတ်ပြုမူခြင်းကို ရပ်စဲသင့်ကြောင်း ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) က ပြောဆိုလိုက်သည်။

Tuesday, January 27, 2015

အစိုးရထိုးစစ်ကြောင့် KIA စခန်းတခု ထပ်ဆုတ်

 KIA တပ်မဟာ ၄ ဌာနချုပ်၊ ရှမ်းပြည်နယ် မြောက်ပိုင်း

ရှမ်းပြည်နယ် မြောက်ပိုင်း မြန်မာအစိုးရ စစ်တပ်နှင့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA)တို့ ဇန်နဝါရီ ၂၅ ရက်က တိုက်ပွဲ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့ပြီးနောက် ညနေပိုင်းတွင် KIA ၏ ရှေ့တန်းစခန်းတခုမှ ဆုတ်ခွာပေးလိုက်ရသည်ဟု KIA အရာရှိတစ်ဦးက ပြောသည်။

Monday, January 26, 2015

မတရားပြုကျင့်သေဆုံးခဲ့ အမှုမှန် ဖော်ထုတ်ရန်လို

ဇန်န၀ါရီ ၂၅၊ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) မှ စေတနာ့ဝန်ထမ်း ကျောင်းဆရာမ နှစ်ဦးအတွက် ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ ကချင်ပြည်သူ လူထုများကလည်း ဝမ်းနည်းခြင်း ဆုတောင်းပွဲ အခမ်းအနား ကျင်းပနေပုံ

ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) မှ စေတနာ့ဝန်ထမ်း ကျောင်းဆရာမ နှစ်ဦးအတွက် ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ ကချင်ပြည်သူ လူထုများကလည်း ဝမ်းနည်းခြင်း ဆုတောင်းပွဲ အခမ်းအနားကို ဇန်နဝါရီလ ၂၅ ရက်တွင် ကျင်းပကာ အမှုမှန်ဖော်ထုတ်ရန် တောင်းဆိုလိုက်သည်။

Saturday, January 24, 2015

ကချင်ဆရာမ ၂ ဦး အဓ္ဓမပြုကျင့်သတ်ခံရမှု အမြန်ဆုံးဖော်ထုတ်ပေးရန် တောင်းဆို

 ဇန်နဝါရီလ ၂၄၊ မလေးရှားနိုင်ငံရောက် နိုင်ငံရေး အဖွဲ့အစည်းများက ကချင်ကျောင်း ဆရာမ နှစ်ဦး အဓမ္မပြုကျင့်ခံရ၍ သေဆုံးခဲ့မှုကို အမြန်ဆုံး ဖော်ထုတ်ပေးရန် တောင်းဆိုခဲ့တယ်

ကချင်ကျောင်း ဆရာမ နှစ်ဦး အဓမ္မပြုကျင့်ခံရ၍ သေဆုံးခဲ့မှုကို အမြန်ဆုံး ဖော်ထုတ်ပေးရန်နှင့် ကချင်ပြည်နယ်အတွင်း အစိုးရ စစ်တပ်မှ ထိုးစစ်ဆင်တိုက်ခိုက်မှုများ အမြန်ဆုံး ရပ်တန့်ရန် အပါအဝင် မလေးရှားနိုင်ငံရောက် နိုင်ငံရေး အဖွဲ့အစည်းများ ဇန်နဝါရီလ ၂၄ ရက်က တောင်းဆိုလိုက်သည်။

Friday, January 23, 2015

ဆရာမ ၂ ဦး အဓ္ဓမပြုကျင့် သတ်ခံရမှု အစိုးရပေါ်တာဝန်ရှိဟု ဆို


ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC)၏ ပညာရေးဌာနမှ သာသနာပြုနေသည့်  ကချင်ကျောင်းဆရာမ နှစ်ဦး အဓမ္မပြုကျင့်ခံရ၍ သတ်ဖြတ်ခံရမှုကို တရားမျှတမှုနှင့် အမှုမှန်ပေါ်လွင်၍ ထိရောက်စွာ အရေးယူပေးရန်နှင့် ယခု ဖြစ်ပွားမှုအပေါ် အစိုးရအပေါ် တာဝန်ရှိသည်ဟု ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့မှ ကိုမြအေးက ပြောဆိုခဲ့သည်။

အစိုးရစစ်တပ်များ ခေတ္တ ထိုးစစ်ရပ်ထားပြီး အင်အားဖြည့်နေ

 အစိုးရ တပ်မ ၆၆ စစ်သားတဦး၊ ဖါးကန့်၊ ကချင်ပြည်နယ်

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA)၏ တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း ၆ နယ်မြေအတွင်း အစိုးရ စစ်တပ်သို့ ထိုးစစ်ဆင်ခြင်းမရှိသဖြင့် တိုက်ပွဲ ဖြစ်ပွားခြင်း မရှိဘဲ တည်ငြိမ်နေသည် ဟု KIA တပ်ရင်း ၆ တပ်ရင်းမှူး ဗိုလ်မှူး တန်ဆန့်က ပြောသည်။

Thursday, January 22, 2015

အပစ်ရပ်ရေးဆွေးနွေးမှု မပြီးသေးသဖြင့် လက်မှတ်ထိုးရန် မဖြစ်နိုင်သေး

 NCCT ခေါင်းဆောင် နိုင်ဟံသာ

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဆွေးနွေးညှိနှိုင်းမှု မပြီးသေးသဖြင့် လာမည့် ဖေဖော်ဝါရီလ ၁၂ ရက် (ပြည်ထောင်စုနေ့) တွင် လက်မှတ်ထိုးရန် မဖြစ်နိုင်သေးကြောင်း မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည် ထူထောင်ရေး လုပ်ငန်း ဗဟိုဌာန (MPC) နှင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ (NCCT) ကိုယ်စားလှယ်များက ပြောသည်။

အစိုးရနှင့် KIA ကြား ကားမိုင်းဘက်သို့ တိုက်ပွဲများ ပြင်းထန်လာ


ကချင်ပြည်နယ် ဖားကန့်မြို့နယ်နှင့် ကားမိုင်းမြို့နယ်အတွင်း ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA နှင့် အစိုးရ စစ်တပ်တို့အကြား ဇန်နဝါရီလ ၂၂ ရက်တွင် တိုက်ပွဲ ပြန်လည် ပြင်းထန်လာသည်ဟု KIA တပ်ရင်း ၆ မှ ဗိုလ်မှူး တန်ဆန့်က ပြောသည်။

Wednesday, January 21, 2015

ဆရာမ ၂ ဦး အဓ္ဓမပြုကျင့်သေဆုံးမှု ရဲတပ်ဖွဲ့မှ အစိုးရတပ်နှင့် ဒေသခံများကို စတင်စစ်ဆေးနေ

 KBC ကျောင်းဆရာမ ၂ ဦး အဓမ္မပြုကျင့် သတ်ဖြတ်ခံရခြင်းကြောင့် ၀မ်းနည်း ဒေါသထွက်နေတဲ့ ရွာသွားများ၊ ရှမ်းပြည်မြောက်ပိုင်း

ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်ခရိုင် ပန်ဆိုင်းမြို့နယ် နမ့်တောင်းကျေးရွာအုပ်စု ကောင်းခါးကျေးရွာတွင် ကချင်ကျောင်းဆရာမနှစ်ဦး အဓမ္မပြုကျင့်ခံရ၍ သေဆုံးခဲ့မှုနှင့် ပတ်သက်၍ ဆေးစစ်ချက်များထုတ်ပြန်ခြင်းမရှိသေးဘဲ အစိုးရ ရဲတပ်ဖွဲ့က စစ်ဆေးမှုများ စတင်နေပြီ ဖြစ်ကြောင်း သိရသည်။

Tuesday, January 20, 2015

စစ်ပွဲအတွင်း ပိတ်မိနေသော ရွာသားများကို တွေ့ဆုံကူညီရန် PCG အား အစိုးရတပ် ခွင့်မပေး


လမိုင်ဂွမ်ဂျာ၊ PCG ငြိမ်းချမ်းရေး အကျိုးဆောင်

ဖားကန့်မြို့နယ် တိုက်ပွဲအတွင်း ပိတ်မိနေသော သန်းဂေါင် (အောင်ဘာလေ) ကျေးရွာသားများအား အစိုးရစစ်တပ်က အကူညီပေးမည့်အဖွဲ့အများအပါအ၀င် ကချင်ငြိမ်းချမ်းရေး အကျိုးဆောင် (PCG) ကိုယ်စားလှယ်များကိုလည်း သွားရောက်တွေ့ဆုံခွင့် မပေးသောကြောင့် ၄င်းတို့အတွက် ရိက္ခာပြတ်လပ်မှုအခက်ခဲ စိုးရိမ်စရာရှိသည်ဟု PCG မှ ဦးလမိုင်ဂွမ်ဂျာက ပြောသည်။

ကချင်နှစ်ခြင်းခရစ်ယာန် စေတနာ့ဝန်ထမ်း ဆရာမ ၂ ဦး အစိုးရစစ်တပ် အဓ္ဓမပြုကျင့် သတ်ခံရ

အဓ္ဓမပြုကျင့် သတ်ဖြတ်ခံရတဲ့ KBC စေတနာ့ဝန်ထမ်း ဆရာမ ၂ ဦး

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် ပန်ဆန်းမြို့နယ် နမ်တောင်းကျေးရွာအုပ်စု ကောင်းခါးကျေးရွာတွင် အသက် ၂၀ နှစ်အရွယ် နှင့် အသက် ၂၁ နှစ်အရွယ်ရှိ စေတနာ့ဝန်ထမ်း ကျောင်းဆရာမ ၂ ဦးတို့ကို ဇန်နဝါရီလ ၁၉ ရက်ညက အစိုးရ စစ်တပ်မှ အဓမ္မပြုကျင့် သတ်ခံခဲ့သည်ဟု ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) နှင့် ကောင်ခါးကျေးရွာ အုပ်ချုပ်ရေးမှူးတို့က ပြောသည်။

Monday, January 19, 2015

KIA ဖမ်းဆီးထားသော အစိုးရဲတပ်ဖွဲ့ဝင် ၃ ဦးကို လွှဲပြောင်းပေး

အမှတ် ၁ ရဲစခန်း၊ မြစ်ကြီးနားမြို့၊ ကချင်ပြည်နယ်

ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) က ဖမ်းဆီးခဲ့သော အစိုးရ ရဲတပ်ဖွဲ့ သုံးဦးကို ဇန်နဝါရီလ ၁၉ ရက် ညနေတွင် ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ (PCG)မှတဆင့် ဖားကန့်မြို့နယ် အစိုးရထံ လွှဲပြောင်းပေးလိုက်ပြီ ဖြစ်ကြောင်း ကချင်ငြိမ်းချမ်းရေး အကျိုးဆောင် အဖွဲ့(PCG) မှ ဦးလမိုင်ဂွမ်ဂျာက ပြောသည်။

Sunday, January 18, 2015

ပိတ်မိနေသော ရွာသားများ ရိက္ခာပြတ်လပ်တော့မည်

 KIA တပ်ရင်း ၆ ဌာနချုပ်၊ အောင်ဘာလေ ကျေးရွာအနီး၊ ဖားကန့်၊ ကချင်ပြည်နယ်

ဖားကန့်မြို့နယ် သန်းဂေါင် (အောင်ဘာလေ) ကျေးရွာအနီး ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA)နှင့် အစိုးရ စစ်တပ်တို့အကြား ဇန်နဝါရီလ ၁၈ ရက် လေးရက်မြောက် တိုက်ပွဲ ဆက်လက် ဖြစ်ပွားနေပြီး ပိတ်မိနေသော ဒေသခံ ရွာသားများ စားနပ်ရိက္ခာ ပြတ်လပ်တော့မည် ဖြစ်ကြောင်း ကချင်လူမှုဖွံ့ဖြိုးရေးကွန်ယက် (KDNG) မှ တာဝန်ခံ ကိုစာဂျီက ပြောသည်။

Saturday, January 17, 2015

တိုက်ပွဲဆက်ဖြစ်နေချိန် ဖားကန့်ဒေသခံများ အစိုးရနယ်အတွင်းပိတ်မိနေဆဲ

 အစိုးရ တပ်မ ၆၆ တပ်ဖွဲ့ (ဘယ်) နဲ့ KIA တပ်ရင်း ၆ တပ်ဖွဲ့၊ ဖားကန့်၊ ကချင်ပြည်နယ်

ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA တပ်နှင့် အစိုးရ၏တပ်ဖွဲ့တို့အကြား ဇန်နဝါရီလ ၁၇ ရက် နံနက် ၉ နာရီမှ ညနေ ၆ နာရီခန့်ထိ တိုက်ပွဲ ဆက်လက် ဖြစ်ပွားကာ ပိတ်မိနေသော ဘောင်ဘာလေ ဒေသခံများလည်း ပိတ်မိနေဆဲ ဖြစ်သည်ဟု KIA နှင့် ဖားကန့်ဒေသခံများက ပြောသည်။

KIA ထိန်းသိမ်းထားသော အစိုးရအဖွဲ့ဝင် ၃ဦးကို လွှဲပြောင်းပေးမည်

 စစ်ရေးပြနေတဲ့ KIA တပ်ရင်း ၆ တပ်ဖွဲ့ များ၊ ဖားကန့်

ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) ဖမ်းဆီးထားသော အစိုးရ ရဲတပ်ဖွဲ့ ၃ ဦးကို မနက်ဖြန် ဇန်နဝါရီလန ၁၈ ရက်တွင် ဖားကန့်မြို့နယ် အစိုးရအဖွဲ့ထံ လွှဲပြောင်းပေးမည် ဖြစ်ကြောင်း ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ (PGC) မှ ဦးလမိုင်ဂွမ်ဂျာက ပြောသည်။

Friday, January 16, 2015

ဖားကန့်တွင် တိုက်ပွဲများ ဆက်လက် ပြင်းထန်လာဖွယ်ရှိ

ဖားကန့် KIA တပ်ရင်း ၆ စစ်သားများ ဆုတောင်းနေကြပုံ

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း ၆ တပ်ဖွဲ့နှင့် အစိုးရ စစ်တပ်တို့ ဇန်နဝါရီလ ၁၆ ရက် မွန်းလွဲ ၂ နာရီမှစတင်၍ သတင်းရေးသားချိန် (ညနေ ၆ နာရီ) ထိ တိုက်ပွဲ ပြန်လည် ဖြစ်ပွားနေသည်ဟု ကချင်လူမှုဖွံ့ဖြိုးရေးကွန်ယက် (KDNG ) မှ တာဝန်ခံ ဦး စာဂျီက ပြောသည်။

ဖားကန်သို့ အစိုးတပ်နှင့် KIA တိုက်ပွဲများ ပြင်းထန်နေ

 KIA တပ်ရင်း ၆ ရှေ့တန်းစခန်း အောင်ဘာလေမှာ နေရာယူထားတဲ့ အစိုးရ တပ်မ ၆၆ စစ်သား ၂ ဦး

ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) ၏ တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း ၆ တပ်နှင့် အစိုးရ စစ်တပ်တို့ ဇန်နဝါရီလ ၁၅ ရက် နံနက် ၆ နာရီမှစတင်၍ တိုက်ပွဲ ပြင်းပြင်းထန်ထန်ဖြစ်ပွားနေသည်ဟု KIA တပ်ရင်း ၆ မှ ဗိုလ်မှူး တန်ဆန့်က ပြောသည်။

Wednesday, January 14, 2015

ဖားကန့် ကျောင်းသူ သေဆုံးသည့် အမှု တရားလို အစိုးရဗိုလ်မှူး ၅၀ ကြိမ်မြောက်ရုံးချိန်းမှ ရောက်လာ


ကချင်ပြည်နယ် ဖားကန့်မြို့မှ ကိုးတန်းကျောင်းသူ သေဆုံးမှုအပေါ် စစ်ဆေးရန် တိုင်းတန်းခဲ့ရာမှ တရားစွဲခံထားရသူ ဦးဘရန်ရှောင်၏ တရားလို အစိုးရ စစ်တပ်၏ ဗိုလ်မှူး ဇာနည်မင်းပိုက်သည် တစ်နှစ်ကျော်ကြာ တရားရုံးသို့ တက်ရောက်ရန် ပျက်ကွက်ခဲ့ရာမှ ဇန်နဝါရီလ ၁၂ ရက်နေ့ ရုံးချိန်းသို့ ပြန်လည် တက်ရောက်ခဲ့သည်ဟု ဦးဘရန်ရှောင်က ပြောသည်။

အစိုးရနှင့် ကချင်တပ်ဖွဲ့များကြား တိုက်ပွဲ ပြန်လည်ဖြစ်ပွား


ရှမ်းပြည်နယ်မြောက်ပိုင်း ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) တပ်မဟာ ၄ လက်အောက်ခံ တပ်ရင်း ၂၊ ၃၆၊ ၃၈ ဒေသအတွင်း အစိုးရ တပ်မတော်နှင့် တိုက်ပွဲ ပြန်လည် ဖြစ်ပွားနေသည်ဟု KIA တပ်မဟာ ၄ မှ ဗိုလ်ကြီးဇော်လ ကပြောသည်။

Sunday, January 11, 2015

ရာသီဥတု အအေးလွန်သဖြင့် ဒုက္ခသည်များ ကျန်းမာရေး ဆိုးဝါး

ယခင် NDA-K ဌါနချုပ် ပန်ဝါ၊ ကချင်ပြည်နယ် အရှေ့ဖက်

ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ထိန်းချုပ်နယ်မြေအတွင်းရှိ တရုတ်နယ်ခြားမှတ်တိုင် ၆ ဖရဲ စစ်ပြေးဒုက္ခသည်စခန်းတွင် ရာသီဥတုအေးလွန်းသဖြင့် ဒုက္ခသည်ကလေးများ ကျန်းမာရေးဆိုးဝါးနေသည်ဟု KIO မှ စစ်ပြေး ဒုက္ခသည်များကူညီစောင့်ရှောက်ရေးကော်မတီ တာဝန်ခံ ဦးဒွဲပီဆာက ပြောသည်။

Saturday, January 10, 2015

ကုမ္ပဏီများ စွန့်ပစ်မြေစာပုံ ပြို၍ အများအပြားသေဆုံး

 ရေမဆေးကျောက် ကောက်သူမား၊ ဖားကန့်

ကချင်ပြည်နယ် ဖားကန့်မြေပြိုမှုကြောင့် သေဆုံးသွားသော ရခိုင်တိုင်းရင်းသား အမျိုးသမီးနှစ်ဦး၊ အမျိုးသားနှစ်ဦးတို့ကို ဇန်နဝါရီလ ၈ ရက်က ရှာဖွေတွေ့ရှိခဲ့ပြီး ပျောက်ဆုံးနေသော လူစာရင်းများ ရရှိရန် အနီးအနားရှိ ကျေးရွာများကိုလည်း လူပျောက်စာရင်းများ ကောက်ခံခဲ့သည်ဟု ဖားကန့်မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် ဒေသခံများက ပြောသည်။

ကချင်ပြည်နယ် မနောပွဲသို့ သမ္မတ တက်ရောက် ခရစ်ယာန်ခေါင်း ဆောင်များနှင့်လည်း တွေ့ဆုံ


ဦးသိန်းစိန် ဦးဆောင်သော အစိုးရအဖွဲ့များ ဇန်နဝါရီလ ၁၀ ရက်တွင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ကျင်းပနေသော ၆၇ ကြိမ်မြောက် ကချင်ပြည်နယ်နေ့ အထိန်းအမှတ် မနောပွဲတော်သို့ တက်ရောက်၍ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC)နှင့် တွေ့ဆုံခဲ့သည်ဟု KBC ၏ အထွေထွေအတွင်းရေးမှူး သိက္ခာတော်ရ ဒေါက်တာခလမ်ရှံဆုန် (Rev. Dr. Hkalam Samson)က ပြောသည်။

Thursday, January 8, 2015

မနောပွဲသို့ ဒေသခံများ တက်ရောက်ပါဝင်မှု အားနည်း

 67 နှစ်ပြည့် ကချင်ပြည်နယ်နေ့ မနောပွဲ ကျင်းပနေပုံ၊ မြစ်ကြီးနား၊ ကချင်ပြည်နယ်

၆၇ ကြိမ်မြောက် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် မနောပွဲကို ဇန်နဝါရီလ ၈ ရက်က မနောပွဲကသူများနှင့် ဒေသခံ ပြည်သူများ တက်ရောက်လာသူများ ယခင်နှစ်များထက် လျော့နည်းနေသည်ဟု ဒေသခံများက ပြောသည်။

Tuesday, January 6, 2015

မနောပွဲသို့ ဖိတ်ခေါ်ထားသူအချို့ တက်ရောက်မည် မဟုတ်ဟု တုံ့ပြန်

 မြစ်ကြီးနားမြို့ စီတာပူ မနောကွင်း၊ ကချင်ပြည်နယ်

ကချင်လူမျိုးစုတိုင်းမှ ယဉ်ကျေးမှုကော်မတီများသို့ မနောပွဲကရန်အတွက် လူမျိုးစုတစ်စုလျှင် လူအယောက် ၁၀၀ ဝတ်စုံအပြည့်ဖြင့် ကပြရန် တောင်းဆိုထားသော်လည်း ကချင်ရိုးရာ စာပေနှင့်ယဉ်ကျေးမှု လူငယ်ဗဟိုကော်မတီကမူ တက်ရောက်မည် မဟုတ်ကြောင်း ပြန်လည် တုံ့ပြန်လိုက်သည်ဟု ကချင်ရိုးရာစာပေနှင့် ယဉ်ကျေးမှု လူငယ်ဗဟိုကော်မတီဝင် ကိုယော်ဆမ်က ပြောသည်။

ပြည်သူများ ကန့်ကွက်သည့်ကြားက မနောပွဲတော် ကျင်းပ

 မြစ်ကြီးနား စီတာပူ မနောကွင်းတွင် ကပ်ထားတဲ့ ၆၇ နှစ်မြောက် ကချင်ပြည်နယ်နေ့ မနောပွဲတော် ကြော်ငြာ

ကချင်ပြည်နယ်တွင်း ငြိမ်းချမ်းမှုမရှိသေးချိန် မနောပွဲ ပြုလုပ်ရန် ကန့်ကွက်ထားသည့်ကြားမှ ၆၇ ကြိမ်မြောက် ကချင်ပြည်နယ်နေ့ အထိန်းအမှတ် မနောပွဲကို ကျင်းပရန် ဇန်နဝါရီလ  ၅ ရက်တွင် မနောကွင်း ဖွင့်လှစ်လိုက်ပြီ ဖြစ်ကြောင်း မနောပွဲကျင်းပရေးကော်မတီ ဥက္ကဌ ဦးလခရိ လအောင်က ပြောသည်။

Monday, January 5, 2015

KIO နှစ်သစ်ကြိုဆိုဝတ်ပြုခြင်း ပြုလုပ်

Kachin Baptist Church in Laiza, the headquarters of KIO

၂၀၁၅ ခုနှစ် နှစ်သစ်ကို ကြိုဆိုခြင်းနှင့် နှစ်ဟောင်းမှ ရရှိသော ကျေးဇူးချီးမွမ်းခြင်း ဆုတောင်းပွဲကို ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ဌာနချုပ် လိုင်ဇာရှိ မနောကွင်းတွင် ဇန်န၀ါရီလ ၃ ရက်က ကျင်းပခဲ့သည်ဟုလိုင်ဇာမြို့မှ အုပ်ချုပ်ရေးမှူး ဗိုလ်မှူးကြီး လဝေါနော်ဆန့် က ပြောသည်။

Sunday, January 4, 2015

ကချင်၂ ပါတီ ပေါင်းစည်း၍ ပါတီသစ် ဖွဲ့

ဇန်န၀ါရီ ၂၊ ၂၀၁၅ မြစ်ကြီးနား စီတာပူ စိန်ပက်ထရစ်ခမ်းမ အစည်းအဝေးမှ KDP နဲ့ KNCD ကို Kachin National Congress ပါတီအဖြစ် ဖွဲ့စည်းလိုက်တယ်

ကချင်ဒီမိုကရက်တစ်ပါတီ (KDP)နှင့် ကချင်ပြည်နယ် အမျိုးသားဒီမို ကရေစီကွန်ဂရက်ပါတီ (KNCD) နှစ်ပါတီတို့ ပူးပေါင်း၍ ကချင်အမျိုးသားကွန်ကရက် (KNC) အမည်ဖြင့် လာမည့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအတွက် ပါတီ မှတ်ပုံတင်သွားမည် ဖြစ်ကြောင်း ကချင်ဒီမိုကရက်တစ်ပါတီ၏ ဥက္ကဌ ဦးဂွမ်ဂေါင်အောင်ခမ်း (Slg. Gumgrawng Awng Hkam) က ပြောသည်။