Tuesday, September 30, 2014

KIO နှင့်အစိုးရ ရှမ်းပြည်နယ် တွင် တိုက်ပွဲပြန်ဖြစ်


ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ၏ တပ်မဟာ ၄ လက်အောက်ခံ တပ်ဖွဲ့များနှင့် အစိုးရ၏ တပ်မ ၈၈ တပ်ဖွဲ့တို့ ရှမ်းပြည်နယ် မြောက်ပိုင်း မုန်းကိုးမြို့နယ်ခွဲ မုန်ဘော်ကျေးရွာအနီးတွင် ယမန်နေ့ စက်တင်ဘာလ ၂၉ ရက်နေ့က တိုက်ပွဲ ပြန်လည် ဖြစ်ပွားခဲ့သည်ဟု တပ်မဟာ ၄ မှ KIO အရာရှိ တစ်ဦးက ပြောသည်။

Monday, September 29, 2014

ခရစ်ယာန်အသင်းတော်များ ဦးဆောင်၍ ကချင်ဒေသတွင်း မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ဆန္ဒထုတ်ဖော်

ကချင်ပြည်နယ် မြို့တော် မြစ်ကြီးနား တနေရာတွင် စိုက်ထူထားတဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး နိုးဆော်ပိုစတာ

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိတ်မူကျေးရွာအုပ်စုမှ ဒေသခံများ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ဆန္ဒဖော် ထုတ်မှုများ ယနေ့ စက်တင်ဘာလ ၂၉ ရက်နေ့တွင် ပြုလုပ်ခဲ့သည်ဟု ဆန္ဒဖော်ထုတ်သူများထံမှ သိရသည်။

Friday, September 26, 2014

အပစ်ရပ်မူကြမ်းဆွေးနွေးမှု ရလဒ်အားနည်း၊ ဆက်လက်တွေ့ ရန်သာ သဘောတူ

NCCT အဖွဲ့ ခေါင်းဆောင် နိုင်ဟံသာ

ပြည်ထောင်စု အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ UPWC နှင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ NCCT တို့ ဆဉ္စမမြောက် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးမူကြမ်း တွေ့ဆုံ ဆွေးနွေးမှုတွင် နောက်တစ်ကြိမ် ထပ်မံတွေ့ဆုံရန်သာ သဘောတူညီမှုရရှိခဲ့သည် ဟု NCCT ခေါင်းဆောင် နိုင်ဟံသာ က ပြောသည်။

Thursday, September 25, 2014

တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး မူကြမ်းဆွေးနွေးမှု အစိုးရ နှင့် NCCT ညှိနှိုင်း၍ မပြေလည်သေး

မေ ၁၂၊ ၂၀၁၄ NCCT ခေါင်းဆောင်များ ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနားတွင် လူထုနိုင်ငံရေး ရှင်းလင်းပွဲ ကျင်းပနေပုံ။

ပြည်ထောင်စု အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ UPWC နှင့် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးညှိနှိုင်းရေးအဖွဲ့ NCCT တို့ စတုတ္ထနေ့ တွေ့ဆုံဆွေးနွေးခဲ့သော်လည်းသဘောတူညီမှု မရသေးသဖြင့် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး စာချုပ် ချုပ်ရန် မဖြစ်နိုင်သေးကြောင်း NCCT ၏ ဒုတိယခေါင်းဆောင် ပဒိုကွယ်ထူးဝင်း က ပြောသည်။

Wednesday, September 24, 2014

ကားမိုင်းမြို့နယ်ခွဲ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO အဖွဲ့ဝင် ၃ ဦး အစိုးရတပ် ဖမ်းဆီးခံရ

ဖားကန့် ကျောက်စိမ်းမှော် တနေရာမှာ မြင်ရတဲ့ တပ်မ ၆၆ စစ်သား နှစ်ဦး

ကချင်ပြည်နယ် အနောက်ဘက် ကားမိုင်းမြို့နယ်ခွဲ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ဂေါင်ရီ တိုက်နယ် (Gau Ri Ninghtawn) ဒုအုပ်ချုပ်ရေးမှူး မရန်လခေါင် (Maran La Hkawng)နှင့် တပ်သား ၂ ဦးအား ကားမိုင်းဗျူဟာကုန်း အစိုးရတပ်မှ ဖမ်းဆီးသွားကြောင်း သိရှိရသည်။

Tuesday, September 23, 2014

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး မူကြမ်းအတွက် NCCT နှင့် အစိုးရ ဆွေးနွေးမှု ပြေလည်မှု မရသေး

 NCCT နဲ့ UPWC အစည်းအဝေး၊ ရန်ကုန်

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးမူကြမ်းအတွက် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီ (UPWC) နှင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးညှိနှိုင်းရေးအဖွဲ့ (NCCT) တို့ ဆဋ္ဌမ အကြိမ်မြောက် ဆွေးနွေးမှု ဒုတိယနေ့အထိ ပြေလည်မှု မရနိုင်သေးကြောင်း NCCT ၏ ဒုတိယခေါင်းဆောင် ပဒိုကွယ်ထူးဝင်း က ပြောသည်။

ဟူးကောင်းချိင့်ဝှမ်းဒေသ ယုဇနကုမ္ပဏီရှိနေမှု အား ဒေသခံများ မလိုလား

ယုဇန ကုမ္ပဏီ အသုံးပြုသော ဓါတုဆေးတမျိုးကြောင့် သေဆုံးနေတဲ့ ကျွဲတစ်ကောင်

ကချင်ပြည်နယ် မိုးညှင်းခရိုင် ဖားကန့်မြို့နယ်ဟူးကောင်းချိုင့်ဝှမ်းအတွင်း ‘ယုဇန ကုမ္ပဏီ ရှိနေမှု လိုလား၊ မလိုလား’ ဆန္ဒခံယူပွဲကို စက်တင်ဘာလ ၂၂ ရက်နေ့တွင်ဒေသခံများ ပြုလုပ်ခဲ့ရာ မလိုလားကြောင်းထောက်ခံမဲပိုမိုရရှိခဲ့သည်ဟု ဆန္ဒခံယူပွဲကျင်းပရေး ပြောရေးဆိုခွင့်ရှိသူ ဆရာအောင်လတ် က ပြောသည်။

Monday, September 22, 2014

ယုဇနကုမ္ပဏီ ရွှေ့ပြောင်းကျေးရွာ ရွာသူကြီး အား အထက်အမိန့်ဖြင့် ရုတ်တရက် တာဝန်မှရပ်နားခိုင်း

 ကျေးရွာအုပ်ချုပ်ရေးမှုးရုံး၊ ရှထူးဇွပ်၊ ဖားကန့်မြို့နယ်

ကချင်ပြည်နယ် တနိုင်းမြို့နယ် ဟူးကောင်းချိုင့်ဝှမ်းဒေသ ယုဇနကုမ္ပဏီကြောင့် ရွှေ့ပြောင်းခံရသော ပြန်လည်နေရာချထားရေးနယ်မြေ စံပြကျေးရွာမှ ရွာသူကြီး ဦးအားဖူဒွေ့ အား ရုတ်တရက် ဖားကန့်မြိုနယ် ဒုအုပ်ချုပ်ရေးမှူး က အထက်အမိန့်ဖြင့် ရွာလူကြီးတာဝန်မှ  ရပ်နားရန်ပြောဆိုလာကြောင်း သိရသည်။

Saturday, September 20, 2014

အမျိုးသမီးငယ်အား အဓမ္မပြုကျင့်မှုနှင့် အစိုးရရဲဘော်အား ရုံးထုတ်စစ်ဆေး

ကချင်ပြည်နယ် မြစ်ကြီးနား-ကန်ပိုင်တီ လမ်းပေါ်မှ အစိုးရ စစ်သားတစ်ဦး။

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် နမ်ဂွတ်ကျေးရွာမှ အသက် ၁၅ နှစ်အရွယ် အမျိုးသမီးငယ် တစ်ဦးကို အဓမ္မပြုကျင့်ခဲ့သည့် အစိုးရ စစ်တပ်မှ ရဲဘော် ကောင်းဘိုဘို အမှုကို ယမန်နေ့ စက်တင်ဘာလ ၁၉ ရက်နေ့တွင် မူဆယ်ခရိုင်တရားရုံးတွင် ပထမဆုံးအကြိမ် ရုံးထုတ်စစ်ဆေးခဲ့သည်။

Friday, September 19, 2014

သိန်း၂၀၀ ကျော်တန် ကျောက်စိမ်းဒိုင်း ဘော်လုံးပွဲ KBC ကျင်းပ

ကျပ်သိန်း ၂၀၀ ကျော်တန်ဖိုးရှိတဲ့ KBC ကျောက်စိမ်းဒိုင်း

ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) မှကြီးမှူး၍ ကချင်ပြည်နယ်မြစ်ကြီးနားမြို့တွင် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကို ထောက်ခံကာ ကျမ်းမာသန်းစွမ်းသောဖခင် ဟူသောခေါင်းစဉ်ဖြင့် ကျောက်စိမ်းဒိုင်းဆု ဘော်လုံးအားကစားပွဲတော်ကို ပထမအကြိမ် အသင်းတော် ဇုံနယ် ၁၅ ခုပါဝင်ကာ စက်တင်ဘာလ ၁၅ ရက်မှ စ၍ယှဉ်ပြိုင်မှုပြုလုပ်နေသည်။

Thursday, September 18, 2014

RFA Kachin Language TV Program, 2014 September 3rd Week

Tuesday, September 16, 2014

အစိုးရ ဦးဆောင်ကျင်းပမည့် ကချင်မနောပွဲတော်ကို လူငယ်ကော်မတီ ကန့်ကွက်

KIO နဲ့ နိုင်ငံရေးတင်းမာလာချိန် အစိုးရထိန်းချုပ်မှုအောက် '၆၂' ကြိမ်မြောက် ကချင်ပြည်နယ်နေ့ မနောပွဲတော်ကြီး ကို မြစ်ကြီးနား Shatapru မနောကွင်းတွင် ကျင်းပနေပုံ။

ကချင်ပြည်နယ်အစိုးရ မှ ကြီးမှူးကျင်းပမည့် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် မနောပွဲတော်ကြီးကို ဗဟို ကချင်ရိုးရာစာပေနှင့် ယဉ်ကျေးမှုအဖွဲ့၊ လူငယ်ကော်မတီမှ ကန့်ကွက်လိုက်ကြောင်း သိရှိရသည်။

Saturday, September 13, 2014

ဧရာဝတီ မြစ်ဆုံ ရွာ အမည် ပြောင်းရန် အစိုးရမှ လူထုဆန္ဒခံယူပွဲ ပြုလုပ်

သမ္မတဦးသိန်းစိန်မှ ခေတ္တရပ်ဆိုင်းထားတဲ့ ဧရာဝတီ မြစ်ဆုံရှိ တန်ဖရဲကျေးရွာ
 
မြစ်ဆုံစီမံကိန်းကြောင့် ပြောင်းရွှေ့ခံသော တန်ဖရဲကျေးရွာကို ဖျက်သိမ်း၍ အောင်မြင်သာစံပြကျေးရွာ အမည် သတ်မှတ်ရေးနှင့် အခြားအမည်သတ်မှတ်ရေးအတွက် မြစ်ကြီးနားမြို့နယ် အစိုးရအဖွဲ့က လူထုဆန္ဒခံယူပွဲ ပြုလုပ်ခဲ့သည် ဟု ဒေသခံများက ပြောသည်။

Tuesday, September 9, 2014

အပစ်ရပ်ရေး ဆွေးနွေးချက်များ ပြန်လည်သုံးသပ်ရန် NCCT အကြို ဆွေးနွေး

NCCT ခေါင်းဆောင် နိုင်ဟံသာ

တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးချက်များကို ပြန်လည် သုံးသပ်ရန် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ NCCT ၏ အကြို ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့ စက်တင်ဘာလ ၉ ရက်နေ့မှာထိုင်း-မြန်မာနယ်စပ် တစ်နေရာတွင် စတင်ကျင်းပနေသည်။

Saturday, September 6, 2014

အစိုးရနှင့် KIO နှစ်ဖက် ပဋိပက္ခညှိနှိုင်းရေးအဖွဲ့ ဖွဲ့စည်းပြီးနောက် တိုက်ပွဲ လျှော့နည်း လာ ဟု ဆို

 ဖားကန့် ကျောက်စိမ်းမှော်တွင် ချထားတဲ့ အစိုးရ တပ်မ ၆၆ မှ စစ်သား သုံးဦး

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)နှင့် အစိုးရတို့ နှစ်ဖက်သဘောတူညီဖွဲ့စည်းထားသော ပဋိပက္ခ ညှိနှိုင်း ဖြေရှင်းရေး အဖွဲ့တို့ ဖွဲ့စည်းပြီးနောက် နှစ်ဖက်တိုက်ပွဲ လျှော့ကျရေးဆွေးနွေးခဲ့ကြပြီး တိုက်ပွဲဖြစ်ပွားမှု  ၉၅ ရာခိုင်နှုန်း လျှော့နည်းခဲ့သည်ဟု ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့မှ ဦးလမိုင်ဂွမ်ဂျာက ပြောသည်။

Wednesday, September 3, 2014

UNFC အစည်းအဝေးမှ အဖွဲ့ဝင်များ ရာထူးသစ် ပြန်လည်ခန့်အပ်

UNFC ဥက္ကဌ အင်ဘန်လ (လယ်)

ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ဥက္ကဌ အဖြစ် ကချင်လွတ်လပ်ရေးအဖွဲ့ KIO မှ ဗိုလ်ချုပ်ကြီး အင်ဘန်လ ကို ထပ်မံ တင်မြောက်လိုက်ပြီး ဒုဥက္ကဌ(၂) နေရာကို ကရင်အမျိုးသားအစည်းအရုံး KNU ရွေးချယ် တင်မြောက်လိုက်သည်။

UNFC အဖွဲ့ဝင်သစ်များလက်ခံကာ သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးမှုသို့ ဦးတည်ရန် ဆွေးနွေးခဲ့

UNFC ဒုဥက္ကဌ နိုင်ဟံသာ မှ စက်တင်ဘာ ၂ ရက်နေ့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေပုံ

မြန်မာနိုင်ငံ အမျိုးသားမဟာမိတ်တပ်မတော် MNDAA ကိုးကန့်အဖွဲ့ကို ညီညွတ်သော  တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ၏ တရားဝင် အဖွဲ့ဝင်အဖြစ် သဘောတူ ဆုံးဖြတ်ချက်များအပါအဝင် အချက် ၆ ချက်ကို ဆုံးဖြတ်ချက် ချမှတ်ခဲ့သည်ဟု UNFC ခေါင်းဆောင်များက ပြောဆိုလိုက်သည်။

ကချင်ဒီမိုကရက်တစ်ပါတီ ကြားဖြတ်ရွေးကောက်ပွဲ ၃ နေရာယှဉ်ပြိုင်မည်

KDP ပါတီရဲ့ မြစ်ကြီးနား ပြည်သူ့ဆက်ဆံရေးရုံး၊ ကချင်ပြည်နယ်။

မြစ်ကြီးနား — ကချင်ဒီမိုကရက်တစ်ပါတီ (KDP) သည် ၂၀၁၄ ခုနှစ် လာမည့် အောက်တိုဘာလကြားဖြတ်ရွေးကောက်ပွဲတွင် နေရာ ၃ နေရာတွင် ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်းသိရှိရသည်။

Tuesday, September 2, 2014

ကချင်ဘာသာ ရုပ်သံသတင်း (သြဂုတ်လ စတုတ္ထပတ်)