Friday, August 29, 2014

အေးရှားဝေါလ်မှ ၀ါးတူ ထုတ်လုပ်သည့်စက်ရုံ အောင်မြင်သာကျေးရွာတွင်ဖွင့်လှစ်


မြစ်ကြီးနား — ကချင်ပြည်နယ် မြစ်ဆုံရေကာတာစီမံကိန်း၏ ပြန်လည်နေချထားရေးနေရာ အောင်မြင်သာ စံပြကျေးရွာတွင် စီမံကိန်းတာဝန်ယူလုပ်နေသော မြန်မာပြည် အေးရှားဝေါ (လ်) ကုမ္မဏီမှ ရုံးဝင်းတွင်သြဂုတ်လ ၂၇ ရက် နေ့က ဝါးဖြင့်ပြုလုပ်သော တူစက်ရုံဖွင့်လှစ်ခြင်း ဆုတောင်းပွဲအခမ်းအနားပြုလုပ်ခဲ့သည်။

Tuesday, August 26, 2014

ကချင် ကျောက်စိမ်းမှော်လမ်း အစိုးရတပ်များ လုံခြုံရေးယူရန် KIO ကို အသိပေး

လက်ရှိ မြစ်ကြီးနား-ဖားကန့် လမ်းလုံခြုံရေးနဲ့ ကျောက်ကုမ္ပဏီများရဲ့ လုံခြုံရေး တာဝန်ယူထားတဲ့ တပ်မ ၆၆ မှ စစ်သားနှစ်ဦး

ကချင်ပြည်နယ် ဖားကန့်ကျောက်စိမ်းမှော်ကို လာမည့်အပတ် စက်တင်ဘာ လဆန်း ၁ ရက် တနင်္လာနေ့မှ ပြန်လည်ဖွင့်လှစ်မည်ဖြစ်သောကြောင့် ဖားကန့်လမ်းကြောင်း လုံခြုံရေးအတွက် အစိုးရတပ် စစ်ကြောင်းလှုပ်ရှားမှုများ ရှိလာမည်ကို  ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) အား ကြိုတင်အသိပေးထားကြောင်း သိရသည်။

Friday, August 15, 2014

ဖားကန့်ကျောက်စိမ်းမှော် ပြန်ဖွင့်ချိန် နှစ်ဖက်တပ် ထိတွေ့တိုက်ခိုက်မှုမရှိစေရန် KIO အား အစိုးရညှိနိုင်း

ဖားကန့်ကျောက်စိမ်းမှော် တနေရာတွင် မြင်ရတဲ့ အစိုးရ တပ်မ ၆၆ စစ်သားများ။

ဖားကန့်ကျောက်စိမ်းမှော် ပြန်လည်ဖွင့်လစ်သည့်အခါ၊ နှစ်ဖက်တပ်ဖွဲ့များအကြား ထိတွေ့တိုက်ခိုက်မှုများကို ရှောင်ရှားပေးရန်အတွက် မြန်မာအစိုးရက ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) အား ဆွေးနွေးတင်ပြခဲ့ကြောင်း သိရသည်။

Tuesday, August 12, 2014

အစိုးရနှင့် KIA ဖားကန့်လမ်း ဆဘော်မှော်တွင် တိုက်ပွဲ ၂ ကြိမ်ဖြစ်ပွား

KIA တပ်ရင်း ၆ စစ်သား၊ ဖားကန့်

အစိုးရတပ်ဖွဲ့များနှင့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA တို့ကြား KIA တပ်ရင်း ၆ နယ်မြေ ကချင်ပြည်နယ် ဖားကန့်-ကားမိုင်းလမ်းရှိ ဆဘော်မှော် (Sabaw Maw) တွင် သြဂုတ်လ ၈ နှင့် ၁၀ ရက်တွင် တိုက်ပွဲ ၂ ကြိမ်ဖြစ်ပွားခဲ့ကြောင်းသိရသည်။

Monday, August 11, 2014

အစိုးရတပ်နှင့် KIA တိုက်ပွဲ ပြင်းထန်လာသောကြောင့် ဒုက္ခသည်စခန်းများ ထပ်မံ ထွက်ပြေး တိမ်းရှောင်နေရ

ဧပြီ ၁၀ ရက်မှစပြီး အစိုးရတပ်နဲ့ KIA ကြား ပြင်းထန်တဲ့တိုက်ပွဲဖြစ်လာခြင်းကြောင့် Lagat Yang ဒုက္ခစခန်းမှ လူများနဲ့ ဒေသခံများ မံဝင်းသို့ ထွက်ပြေးလာပုံ။

ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့နယ် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တပ်မဟာ (၃) တပ်ရင်း ၂၇ ဒေသတွင် ယခုချိန် အစိုးရတပ်များနှင့် KIA တပ်ဖွဲ့များ ပြင်းပြင်းထန်ထန် တိုက်ပွဲဖြစ်ပွားနေခြင်းကြောင့် အနီးရှိ လဂါတ်ယန် (Lagat Yang) ဒုက္ခသည်စခန်းက ဒုက္ခသည်များသည် ယမန်နေ့ ၁၀ ရက်နေ့မှ မံဝင်းသို့ ဆက်လက် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။

Saturday, August 9, 2014

အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီနှင့် NCCT တို့ ထိုင်း-မြန်မာနယ်စပ်တွင် တွေ့ဆုံ

ဗိုလ်ချုပ်ဂွမ်မော် (ဘယ်)၊ NCCT ဒုတိယ ခေါင်းဆောင်

ပြည်ထောင်စု အစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ UPWC နှင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးညှိနှိုင်းရေးအဖွဲ့ NCCT တို့ ပြန်လည်တွေ့ဆုံဆွေးနွေးရန် ကြိုတင်ပြင်ဆင်သော ဆွေးနွေးမှုကို ယနေ့ သြဂုတ်လ ၉ ရက်နေ့ ထိုင်း-မြန်မာနယ်စပ် တစ်နေရာတွင် ကျင်းပနေသည်။