Thursday, July 31, 2014

လိုင်ဇာ ထိပ်သီးအစည်းဝေးမှ အခြေခံမူ (၁၀)ချက် ချမှတ်ခဲ့

ဇူလိုင် ၂၅-၂၉ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့များရဲ့ ထိပ်သီး ညီလာခံ၊ လိုင်ဇာ၊ ကချင်ပြည်နယ်

ဒီမိုကရေစီရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်၊ စစ်မှန်သော ဖယ်ဒရယ် ပြည်ထောင် ဖွဲ့စည်းရေး ဟူသော အခြေခံမူ (၁၀) ချက် စွဲကိုင်ထားရန် ချမှတ်ခဲ့သည်ဟု NCCT ဒုတိယခေါင်းဆောင် ပဒိုကွယ်ထူးဝင်းက ပြောသည်။

Tuesday, July 29, 2014

ကချင်ဒုက္ခသည်စခန်း နှစ်ခု မြေပြိုမှု အန္တရာယ်မှ မပြောင်းရွှေ့နိုင်သဖြင့် စိုးရိမ်သည်ရသည်ဟုဆို

Nhkawng Pa ဒုက္ခသည် စခန်း။

ကချင်ပြည်နယ် မန်စီမြို့နယ်နှင့် ဗန်းမော်မြို့နယ်အတွင်း တောင်စောင်းများတွင် တည်ဆောက်ထားသော စစ်ပြေးဒုက္ခသည်စခန်းနှစ်ခု မြေပြိုမှု အန္တ္တရာယ် ကြုံတွေ့ရမည်ကို စိုးရိမ်နေရသည်ဟု ဂရုဏာလူမှုကယ်ဆယ်ရေးအသင်းမှ တာဝန်ခံ ကိုနော်ဒိန်းက ပြောသည်။

Monday, July 28, 2014

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဂျေယန့်ဒုက္ခသည်စခန်းမှ အိမ်ခြေ ၁၂၃ လုံး ပြောင်းရွှေ့ရန် စီစဉ်နေ

ဇူလိုင် ၂၂ ရက်နေ့ ဖြစ်ပွားတဲ့ မိုးသည်းထန် မြေပြိုမှုကြောင့် သေဆုံးသွားတဲ့ ဒုက္ခသည် ၅ ဦး။ ပုံ

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြေပြိုမှုဖြစ်ပွားခဲ့သော လိုင်ဇာမြို့အနီးရှိ ဂျေယန့် (Je Yang) ဒုက္ခသည်စခန်းမှ တောင်ခြေတွင် နေအိမ်တည်ဆောက်၍ နေထိုင်နေသော အိမ်ခြေ ၁၂၃ လုံးမှ လူဦးရေ ၄၀၀ ကျော်ကို ပြောင်းရွှေ့ရန် စီစဉ်နေသည်ဟု ဒုက္ခသည်စခန်း တာဝန်ခံ ဆလန်ကဘား ဆိုင်းဘွမ်ဝိုင်းဒူက ပြောသည်။

လိုင်ဇာထိပ်သီးအစည်းအဝေး တတိယနေ့ ကုလနှင့် တရုတ်တက်ရောက်

ကုလသဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ နမ်ဘီးယား

တိုင်းရင်းသားခေါင်းဆောင်များ၏ တတိယနေ့ လိုင်ဇာထိပ်သီးအစည်းအဝေးသို့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ နမ်ဘီယားနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကိုယ်စားလှယ်များ တက်ရောက်ခဲ့သည်ဟု ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ၏ အရပ်ဘက်အရာရှိ ဦးဒွဲပီဆာက ပြောသည်။

Friday, July 25, 2014

မန်ဝင်း ရွာသားများကိုယ်တိုင် မူးယစ်ဆေးသမားများအား ဖမ်းဆီးကာ ပညာပေး

ဖားကန့် ကျောက်စိမ်းမော်မှ မူးယစ်ဆေစဝါး သုံးစွဲနေသူတစ်ဦး

ဇွန်လ ၂၃ ရက်ရက်နေ့က ကချင်ပြည်နယ်ဗန်းမော်ခရိုင်ရှိ မန်ဝင်းရွာသားများသည် မိမိရွာအတွင်း မူးယစ်ဝါးသုံးစွဲသူအယောက် ၄၀ ကျော်ကို ဖမ်းဆီးကာ ပညာပေးခြင်းအစီအစဉ် တရပ်ပြုလုပ်ခဲ့ကြောင်း သိရသည်။

Wednesday, July 23, 2014

လိုင်ဇာမြို့လက်နက်ကိုင်အဖွဲ့ ထိပ်သီးညီလာခံကြီးတွင် UN နှင့် တရုတ်ကို ဖိတ်ကြားထား

KIO ဗဟိုဌာနချုပ် လိုင်ဇာမြို့၊ ကချင်ပြည်နယ် အရှေ့ပိုင်း

ဇူလိုင်၂၄ ကြာသာပတေးနေ့မှ စ၍ သုံးရက်ကြာ လိုင်ဇာမြို့တွင်ကျင်းပမည့် တိုင်းရင်းသား တော်လှန်ရေးအဖွဲ့များ၏ ထိပ်သီးညီလာခံကြီးသို့ ကုလသမဂ္ဂ နှင့် အိမ်နီးချင်းတရုတ်နိုင်ငံမှ တာဝန်ရှိပုဂ္ဂိုလ်များကို ‘လေ့လာသူ’ အဖြစ် ဖိတ်ကြားထားကြောင်း သိရပါသည်။

Tuesday, July 22, 2014

မိုးသည်းထန်ခြင်းကြောင့် ဂျေယန့် ဒုက္ခသည်စခန်း မြေပြို၍ လူ ၅ ဦးသေဆုံး

ဂျေယန့် ဒုက္ခသည်စခန်း

ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ဗဟိုဌာနချုပ် လိုင်ဇာမြို့အနီးရှိ ဂျေယန့် (Je Yang) ဒုက္ခသည်စခန်းတွင် ယနေ့ ဇူလိုင်လ ၂၂ ရက်နေ့ နံနက် ၈ နာရီကျော်တွင် မြေပြိုမှုဖြစ်ပွားခဲ့ပြီး လူ ၅ ဦး သေဆုံးခဲ့သည်ဟု ဒုက္ခသည်စခန်း တာဝန်ရှိသူများက ပြောသည်။

Monday, July 21, 2014

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်များ လိုင်ဇာညီလာခံ တက်ရောက် ရန် ထွက်ခွာ

မေ ၁၅၊ ၂၀၁၄ အစိုးရနဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့ နောက်ဆုံးနိုင်ငံရေးဆွေးနွေးပွဲ အခြေအနေအပေါ် NCCT ခေါင်းဆောင်များမှ ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနား မနောကွင်း တွင် ရှင်းပြနေပုံ။

ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ဗဟိုဌာနချုပ် လိုင်ဇာမြို့တွင် ကျင်းပမည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ထိပ်သီးညီလာခံသို့တက်ရောက်ရန် လက်နက်ကိုင်အဖွဲ့ ၁၆ ဖွဲ့မှ ခေါင်းဆောင်များ အသီးသီး ထွက်ခွာလာကြပြီဖြစ်ကြောင်း သိရသည်။

Wednesday, July 16, 2014

လိုင်ဇာထိပ်သီး စည်းဝေးတက်ရောက်မည့် KNU ကိုယ်စားလှယ် ၅ ဦး ရွေးချယ်

အောက်တိုဘာ၊ ၂၀၁၃ KNU ဥက္ကဌ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး KIO လိုင်ဇာညီလာခံသို့ တက်ရောက်လာစဉ်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၏ ထိပ်သီးအစည်းအဝေးသို့ တက်ရောက်မည့် ကရင်အမျိုးသား အစည်းအရုံး KNU ကိုယ်စားလှယ် ၅ ဦး တက်ရောက်ရန် ရွေးချယ်လိုက်သည်ဟု KNU ၏ စည်းရုံးရေးနှင့် ပြန်ကြားရေး တာဝန်ခံ ပဒိုစောလှထွန်းက ပြောသည်။

Tuesday, July 15, 2014

တစ်နိုင်ငံလုံး အပစ်ရပ်ရေး KNU အရေးပေါ် အစည်းအဝေး စတင်ကျင်းပနေ

အောက်တိုဘာ၊ ၂၀၁၃ လိုင်ဇာ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့ ညီလာခံသို့ တက်ရောက်လာတဲ့ ကရင်အမျိုးသားအစည်းအရုံး KNU ခေါင်းဆောင် မူတူးဆေးဖိုး (ဘယ်)။

တစ်နိုင်ငံလုံး အတိုင်းအတာ အပစ်အခတ် ရပ်စဲရေး သဘောထားများရယူရန် ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုကော်မတီ အရေးပေါ် အစည်းအဝေးကို ဇူလိုင်လ ၁၄ ရက်နေ့ ကရင်ပြည်နယ် ဘာအံခရိုင် KNU ဗဟိုဌာနချုပ် တပ်မဟာ ၇ နယ်မြေ လောခီးလာတွင် စတင်ကျင်းပနေသည်ဟု KNU ဗဟိုပြန်ကြားရေး တာဝန်ခံ ပဒိုစောလှထွန်းက ပြောသည်။

ရှမ်းမြောက်ပိုင်း အစိုးရနှင့် KIA တိုက်ပွဲပြန်ဖြစ်


မုန်းကိုးဒေသ ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA တပ်မဟာ (၄) နယ်မြေ
ရှမ်းပြည်မြောက်ပိုင်း ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA တပ်မဟာ (၄) နယ်မြေ မုန်ကိုးဒေသ နှစ်နေရာတွင် ပြီးခဲ့သည် ၂ ရက်မှ တိုက်ပွဲများပြန်လည်ဖြစ်ပွားနေကြောင်းသိရသည်။

Monday, July 14, 2014

NCCT ထိပ်သီး ညီလာခံ လိုင်ဇာမှာပြုလုပ်ဖို့ ပြင်ဆင်နေ


အောက်တိုဘာ၊ ၂၀၁၃ လိုင်ဇာ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့ ညီလာခံသို့ တက်ရောက်လာတဲ့ ကရင် အမျိုးသားအစည်းအရုံး KNU ခေါင်းဆောင် မူတူးဆေစဖိုး (လယ်)။

တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့များ၏ တစ်နိုင်ငံလုံးအတိုင်းအတာအပစ်အခတ်ရပ်စဲရေးအဖွဲ့ (NCCT) ထိပ်သီး ညီလာခံကို ယခုလနောက်ဆုံးအပတ်လောက်မှာ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ဗဟိုဌာနချုပ် တည်ရှိရာ လိုင်ဇာမြို့၌ ပြုလုပ်သွားကြရန် ပြင်ဆင်နေကြောင်း သိရပါသည်။

အပစ်အခတ်ရပ်ပြီး တိုင်းရင်းသားများ၏ ပြဿနာများ ဖြေရှင်းရန် သမ္မတ ဦးသိန်းစိန်၏ သဘောထားကို MPC တင်ပြ


MPC နဲ့ NCCT အဖွဲ့မှား တွေ့ဆုံဆွေးနွေးနေပုံ

တိုင်းရင်းသားများ၏ အခြေခံ ပြဿနာအား အကောင်းဆုံး ဖြေရှင်းရန် သမ္မတ ဦးသိန်းစိန်က ဆန္ဒရှိနေကြောင်း မြန်မာငြိမ်းချမ်းရေးစင်တာ MPC က တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) နှင့် ယမန်နေ့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် တွေ့ဆုံတင်ပြခဲ့သည်ဟု NCCT ၏ ဒုတိယခေါင်းဆောင် ပဒိုကွယ်ထူးဝင်းက ပြောသည်။

Friday, July 11, 2014

အစိုးရတပ် ဖမ်းဆီးထားသော အရာရှိနှစ်ဦးအား လွှတ်ပေးရန် KIO တောင်းဆို

KIA ဒုဗိုလ်မှူးကြီး နော်ဘို

အစိုးရတပ်များ လက်ရှိဖမ်းဆီးထားသည့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) တပ်ရင်း (၆) မှ အရာရှိနှစ်ဦးအား ပြန်လည်အပ်နှံပေးရန် လိုင်ဇာဗဟိုဌာနချုပ်မှ တရားဝင် တောင်းဆိုထားကြောင်း သိရပါသည်။

Monday, July 7, 2014

KIA ရဲမေ ရှမ်းနီမျိုးနွယ်စု စစ်ဗိုလ်တဦး အစိုးရတပ်သို့ အလင်းဝင်

ဗဟိုဌာနချုပ်နယ်မြေ Woi Chyai Bum တောင် KIA ဗိုလ်လောင်းကျောင်း။

ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA ဗဟိုဌာနချုပ်တည်ရှိသည့် Woi Chyai Bum တောင်ရှိ ဗိုလ်လောင်းသင်တန်းကျောင်းတွင် တာဝန်ထမ်းဆောင်နေသော တိုင်းလိုင် (ရှမ်းနီ) မျိုးနွယ်စု KIA ရဲမေ စစ်ဗိုလ်တဦးသည် အစိုးရတပ်ထဲ အလင်းဝင်သွားကြောင်းသိရသည်။

KIA တပ်ဖွဲ့ဝင်များအား အစိုးရတပ်မှ တိုက်ခိုက်မှုနှင့် ဖမ်းဆီးမှုများရှိ


ခြင်္သေ့ခေါင်း တံဆိပ် KIA တပ်မဟာ ၂ စစ်ယူနီဖေါင်း

ကချင်ပြည်နယ် အင်းတော်ကြီးဒေသ ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA တပ်ရင်း (၂၆) နယ်မြေ တက်လက် (Tak Lep) ရွှေမှော်ရှိ KIA တပ်ဖွဲ့များကို မိုးညှင်းအခြေစိုက် အစိုးရတပ် ခလရ (၁၅) မှဝိုင်းရံပြီး ပစ်ခတ်ရာ KIA တပ်သား ၁ ဦး သေဆုံးသွားခဲ့ကြောင်း သိရသည်။