Friday, April 25, 2014

ကချင်တမျိုးသားလုံး၏ရန်သူ ဖြစ်သော မူးယစ်ဆေးဝါးကို တိုက်ဖျက်မည်

ဧပြီ ၂၅ နေ့ လိုင်ဇာ ကချင်မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့ အခမ်းအနား။

ကချင်တမျိုးသားလုံး၏ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့ သတ်မှတ်ခြင်းနှင့်အတူ မူးယစ်ဆေးဝါးသည် ကချင်တမျိုးသားလုံး၏ စစ်ဖြစ်ကြောင်း ကြေညာသည့် အခမ်းအနားကို ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စီတာပူမနောကွင်းတွင် ဧပြီလ ၂၅ ရက်နံနက် ၈ နာရီ၌ ကျင်းပပြုခဲ့ကြောင်းသိရသည်။

Tuesday, April 22, 2014

KIA တပ်ဖွဲ့ဝင် ၃၁ တွဲကို လက်ထပ် ထိမ်းမြားပေး

ဗဟိုဌာနချုပ် လိုင်ဇာအနီး Woichyai Bum တွင် အခုလို KIO အဖွဲ့ဝင် ၃၁ တွဲ လက်ထပ်ပွဲ ပြုလုပ်နေပုံ

မြန်မာအစိုးရတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ကြား စစ်ရေးတင်းမာနေချိန်ဖြစ်သော်လည်း ဗဟိုဌာနချုပ် လိုင်ဇာမြို့ ရှေ့တန်း လုံခြုံရေးတပ်ဖွဲ့မှ KIA အမှုထမ်း စုံတွဲ ၃၁ တွဲကို ဧပြီလ ၂၂ ရက်နေ့က ဝေကြိုင်ဘွမ်တွင် ထိမ်းမြားလက်ထက်ပွဲကြီး ပြုလုပ်ခဲ့သည်။

Friday, April 18, 2014

KIO မှ မူးယစ်ဆေးဝါးနေ့ ရွေးချယ် သတ်မှတ်

ဧပြီ ၂၅ ကချင်မူးယစ်ဆေးဝါး တိုင်ဖျက်ရေးနေ့

မြန်မာအစိုးရတပ်နှင့် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ကြား စစ်ရေးတင်းမာနေချိန် တဖက်တွင် KIO သည် လာမည့် ဧပြီလ ၂၅ ရက်နေ့ကို ကချင်မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့အဖြစ် သတ်မှတ်ခဲ့ကြောင်း သိရှိရသည်။

Tuesday, April 15, 2014

ယူနန်ပြည်နယ် ကချင် ခရစ်ယာန်မနောပွဲကို တရုတ်အစိုးရ ပိတ်ပင်

တရုတ်အာဏာပိုင်များရဲ့ တားမြစ်ခံရတဲ့ Shadan Krung ကချင်ရိုးရာ မနောတိုင်

ယူနန်ပြည်နယ် ရင်ကျန်းခရိုင်ရှိ ရှဒန်ကရုန် ဂျိန်းဖေါ့ (ကချင်)နှစ်ခြင်းခရစ်ယာန်အသင်းတော် သာသနာပြု (၂၅) နှစ်ပြည့် ငွေရတုပွဲတွင် မနောတိုင်စိုက်ထူ၍ မနောကရန်ပြင်ဆင်ထားသည်ကို တရုတ်အစိုးရ အာဏာပိုင်များက ဧပြီ ၁၀ ရက်နေ့ ပိတ်ပင်တားမြစ်ခဲ့ကြောင်း သိရသည်။

Saturday, April 12, 2014

ဘမ်ခုန်ယန်ကျေးရွာ KIA အုပ်ချုပ်ရေရုံးကို အစိုးရသိမ်းပိုက်

KIO/KIA ဗဟိုဌာနချုပ် လိုင်ဇာ ပတ်ဝန်းကျင် ရှေ့တန်းတနေရာ။

ကချင်ပြည်နယ် ဗန်းမော်ခရိုင် မန်စီမြို့နယ် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တပ်ရင်း ၂၇ ဒေသ ဥလန်ပါတိုက်နယ် (U Lang Pa ginwang) ဘမ်ခုန်ယန် (Bang Hkung Yang) ကျေးရွာရှိ KIO အုပ်ချုပ်ရေးရုံးအား ဧပြီလ ၁၀ ရက် ညနေ ၆နာရီချိန် အစိုးရတပ်မှ သိမ်းပိုက်လိုက်ကြောင်းသိရသည်။

Friday, April 11, 2014

ကချင် KIA တပ်ရင်း (၂၇) တွင် အစိုးရနှင့် တိုက်ပွဲဖြစ်

KIO/KIA ဗဟိုဌာနချုပ် လိုင်ဇာအနီး ရှေ့တန်းတနေရာမှ KIA စစ်သားတဦး

ကချင်ပြည်နယ် ဗန်းမော်ခရိုင် မန်စီမြို့နယ် KIA တပ်မဟာ (၃) တပ်ရင်း ၂၇ ဒေသ နမ်ခါးဘွမ် (Nam Hka Bum)တွင် ဧပြီလ ၁၀ ရက်နေ့ နံနက် ၉ နာရီကျော်ချိန်တွင် နှစ်ဖက်တပ်မှ အချိန်တို ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

Tuesday, April 8, 2014

အစိုးရစစ်ကြောင်း ၀င်ရောက်လာခြင်းကြောင့် KIA ပယင်းမှော် ပိတ်

ဧပြီး ၂၁ ရက်နေ့ စစ်ရေးတင်မာတဲ့ တနိုင်းမြို့နယ် ပယင်းမှော်သို့ စစ်အင်အားဖြည့်ပြီး နမ္မတီးသို့ပြန်လာတဲ့ တပ်မတော် စစ်သားများကို လီးဒိုလမ်းမ ပေါ် မြင်ရပုံ။

ကချင်ပြည်နယ် ဟူကောင်းချိုင့်ဝှမ်းဒေသ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ထိန်းချုပ်နယ်မြေ ပယင်းမှော်သို့ မြန်မာအစိုးရစစ်ကြောင်းများ ဝင်ရောက်လှုပ်ရှားလာခြင်းကြောင့် ပယင်းတူးဖော်မှု ရပ်တန့်သွားပြီး မှော်ထဲရှိလူများအားလုံး ထွက်ပြေးတိမ်းရှောင်နေကြကြောင်း ဒေသခံများမှသိရသည်။

Thursday, April 3, 2014

မစ္စတာဗီဂျေးနမ်ဘီးယား KIO ဌာနချုပ်သို့ လာရောက်ကာ ငြိမ်းချမ်းရေးကိစ္စဆွေးနွေးခဲ့

KIO ဗဟိုဌာနချုပ် လိုင်ဇာသို့ ရောက်ရှိလာတဲ့ မစ္စတာဗီဂျေနမ်ဘီးယား

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် ဗီဂျေးနမ်ဘီးယား သည် ယမန်နေ့ ဧပြီ ၂ ရက်နေ့တွင် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဗဟိုဌာနချုပ်လိုင်ဇာ သို့ရောက်ရှိလာပြီး ခေါင်းဆောင်များနှင့် ငြိမ်းချမ်းရေးကိစ္စဆွေးနွေးခဲ့ကြောင်း KIO အရာရှိများပြောသည်။

Wednesday, April 2, 2014

လေပြင်းတိုက်ခိုက်မှုကြောင့် ဂျေယန့်ဒုက္ခသည်များ နေအိမ် ၆၁ အိမ် ပျက်စီး

ဂျေယန့် ဒုက္ခသည်စခန်း၊ လိုင်ဇာ

ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဗဟိုဌာနချုပ်အနီးရှိ စစ်ပြေးဒုက္ခသည်အများဆုံးနေထိုင်သော ဂျေယန့်ဒုက္ခသည်စခန်းတွင် ယမန်နေ့ ဧပြီ ၁ ရက်နေ့ ညက လေပြင်းမုန်တိုင်းတိုက်ခိုက်ခြင်းကြောင့် ဒုက္ခသည်များနေအိမ် စုစုပေါင်း ၆၁ အိမ် ပျက်စီးသွားကြောင်း သိရှိရသည်။