Thursday, March 27, 2014

ဘွမ်စစ်ပါ ဒုက္ခသည်စခန်းမီးလောင်မှု ၁၃ နှစ်သမီး သေဆုံး၍ မိခင်နှင့် ကလေး ဒဏ်ရာပြင်းထန်စွာရ

KIO မိုင်ဂျာယန်ဒေသ ဘွမ်စစ်ပါ (Bum Tsit Pa) ဒုက္ခသည်စခန်းမီးလောင်မှုဖြစ်ပွားပြီး အသက် ၁၃ နှစ် ကလေး သေဆုံး

ကချင်ပြည်နယ် တရုတ်နယ်စပ် ဗန်းမော်မြို့နယ် ဘွမ်စစ်ပါစခန်းယာယီတဲတွင် မတ်လ ၂၀ ရက်နေ့က မီးလောင်မှုဖြစ်ပွားခဲ့ရာ မိခင်နှင့် ၃ နှစ်ရွယ် ကလေးငယ် ဒဏ်ရာပြင်းထန်စွာရရှိခဲ့ပြီး ၁၃ နှစ်အရွယ် သမီးငယ် တဦး သေဆုံးသွားခဲ့သည်။

Wednesday, March 26, 2014

မြစ်ဆုံရေကာတာကြောင့် ပြောင်းရွှေ့ခံဒေသခံများ ဆန္ဒမဲကောက်ခံရာ ကန့်ကွက်မဲပိုများ

ဒေါ်ဂျာခေါန် အား မတ် ၂၆ မြစ်ကြီးနား သတင်းစာရှင်းလင်းပွဲတွင် မြင်ရပုံ။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မေခ-မလိခ မြစ်ဆုံရေကာတာ စီမံကိန်းကြောင့် တိုက်ရိုက် ဆိုးကျိုးခံနေရသော အောင်မြင်သာ ဒေသခံပြည်သူများသည် “မြစ်ဆုံရေကာတာ အလိုရှိ (သို့မဟုတ်) အလိုမရှိ” ဟူသော ခေါင်းစဉ်ဖြင့် ဒေသခံများ၏ သဘောထားအမှန် ဆန္ဒမဲကောက်ခံခြင်းကိုပြုလုပ်ခဲ့ကြောင်းသိရသည်။

Friday, March 21, 2014

နိုင်ငံတော်သမ္မတမှ ကချင်ခရစ်ယာန်ဆရာတော်များအား အပစ်ရပ်စဲရေး လက်ခံရန် သတိပေး

မတ် ၁၆  မြစ်ကြီးနား ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) ရုံးသို့ ရောက်လာတဲ့ နိုင်ငံတော် သမ္မတဦးသိန်းစိန်။

နိုင်ငံတော် သမ္မတဦးသိန်းစိန်သည် ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနားမြို့သို့ မတ်လ ၁၆ ရက်နေ့က ရောက်ခဲ့ချိန် ပထမဦးဆုံးအကြိမ် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) ရုံးတွင် ကချင် ခရစ်ယာန်ဘာသာဂိုဏ်းပေါင်းစုံနှင့် တွေ့ဆုံခဲ့ပြီး အပစ်ရပ်ရေးလက်ခံရန် ပြောဆိုမှုများရှိခဲ့ကြောင်း သိရှိရသည်။

NDA-K အဖွဲ့ဝင် ဦးယုဒမှ မြစ်ကြီးနားမြို့ ဆယ်မိုင်ဒေသခံများ၏ လယ်မြေ သိမ်းယူရန်ကြိုးပမ်းနေ

အဓမ္မ မြေသိမ်းရန် ကြိုးစားနေသူ ဦးယုဒ (ခ) အားဒူ (ဘယ်)နဲ့ စိုးရိမ်နေသူ ဆယ်မိုင်ကျေးရွာ လယ်ယာမြေ ပိုင်ရှင် မုဆိုးမ တဦး။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ နောင်နန်းတိုက်နယ် ဆယ်မိုင်ရွာရှိ အင်ခိုင်ဘွမ် (Nhkai Bum) တောင်ခြေ နမ်ဘောမ်ပါ (Nam Bawm Pa) တွင် တောင်ယာ၊ လယ်ယာများ လုပ်ကိုင်စားသောက်နေသော ဒေသခံများ၏ နယ်မြေအား ရွှေစက်ကျေးရွာနေ ကချင်ဒီမိုကရေစီသစ်တပ်မတော် (NDA-K) အဖွဲ့ဝင်ဟောင်း လောပန်း ဦးယုဒ (ခ) အားဒူမှ အဓမ္မလယ်မြေများ သိမ်းယူရန် ကြိုးပမ်းနေကြောင်း သိရှိရသည်။

Monday, March 17, 2014

KIA တပ်ဖွဲ့ဝင် ၂ ဦး အစိုးရတပ် ပစ်သတ်ခံရ

KIA အာဇာနည်ကုန်း၊ ဖားကန့်

ကချင်လွပ်လပ်ရေးတပ်မတော် (KIA) ဗိုလ်ကြီး Lahpai Zau Awng နှင့် တပ်ကြပ် Labya Seng Ja တို့ ၂ ဦးအား မြန်မာအစိုးရတပ်မှ မြစ်ကြီးနား-ဗန်းမော်လမ်း နမ်ဆန်ကျေးရွာအနီး မတ် ၁၃ ကြာသပတေးနေ့ ညနေက ပစ်သတ်ခဲ့ကြောင်း KIA အရာရှိများ အတည်ပြုပြောသည်။

Saturday, March 15, 2014

KDP ကို ‘ကချင်အမျိုးသား အားလုံးပါဝင်သော နိုင်ငံရေးပါတီကြီး’ အဖြစ် ပြောင်းလဲဖွဲ့စည်း

ဦးအောင်ခမ်း (ဘယ်) နဲ့ ဆရာ လတောင်

ကချင်ဒီမိုကရက်တစ်ပါတီ (KDP) သည် ကချင်ပြည်သူများလက်သို့ မတ် ၁၃ နေ့က အပ်နှံခြင်းပြုလုပ်ပြီးနောက် ကချင်အမျိုးသားများ အားလုံးပါဝင်သော ‘ကချင်နိုင်ငံရေးပါတီကြီး’ အဖြစ် ကချင်လူမှုအဖွဲ့အစည်းများနှင့် သဘောတူ ဖွဲ့စည်းလိုက်သည်။

Monday, March 10, 2014

ဂျေယန့်ဒုက္ခသည်များ မိမိနေအိမ်များပြုပြင်နေ

ဂျေယန့် ဒုက္ခသည်စခန်း၊ လိုင်ဇာ

ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဗဟိုဌာနချုပ်လိုင်ဇာအနီးရှိ ဂျေယန့်ဒုက္ခသည်စခန်းတွင် နေအိမ် ၆၀၀ ကျော် ပြုပြင်ရန်လိုအပ်လာသောကြောင့် ဒုက္ခသည်များ မိမိတတ်နိုင်သမျှဖြင့် ပြုပြင်နေကြောင်းသိရသည်။

Saturday, March 8, 2014

ကချင်ပြည်နယ်တွင် လူမျိုးခွဲ၍ ကောက်ခံမည့်သန်းခေါင်စာရင်းကိစ္စ ငြိမ်းချမ်းရေးထိခိုက်


ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနား တနေရာမှာ မြင်ရတဲ့ KBC ပိုစတာ။

အစိုးရ၏ ပြည်လုံးကျွတ်အဆင့် သန်းခေါင်စာရင်းကောက်ခံမည့်ကိစ္စ ကချင်ပြည်နယ်အတွက် သတ်မှတ်ထားသော အကြောင်းအရာများသည် ပိုမိုရှုပ်ထွေးလာစေနိုင်ပြီး ငြိမ်းချမ်းရေးတည်ဆောက်မှုတွင် ထိခိုက်နိုင်ကြောင်း ကချင်လူထုခေါင်းဆောင်များ သုံးသပ်ပြောဆိုသည်။

Friday, March 7, 2014

အစိုးရတပ် KIA လွယ်ခမ့်စခန်းသို့ တိုက်ခိုက်

ရှမ်းမြည်မြောက်ပိုင်း မုန်းဂိုးဒေသမှ KIA တပ်ဖွဲ့ များ။

ရှမ်းပြည်မြောက်ပိုင်း ကချင်လွပ်လပ်ရေးတပ်မတော် (KIA) တပ်မဟာ (၄) နမ်ဆန်မြို့နယ် တပ်ရင်း (၃၄)ရှိ လွယ်ခမ့်စခန်းအား မတ်လ ၂ ရက်နေ့ နံနက် ၈ နာရီချိန်တွင် အစိုးရတပ် တပ်မ (၇၇) မှ စစ်ကြောင်း အင်အား ၁၀၀ ကျော်ဖြင့် တိုက်ခိုက်သိမ်းပိုက် ခဲ့ကြောင်းသိရသည်။