Wednesday, July 31, 2013

သမ္မတလိုလားသည့် ပဋိပက္ခများ တည်ငြိမ်အေးချမ်းရေး ကချင်ဒေသတွင် မဖြစ်မြောက်သေး

သမ္မတသိန်းစိန်

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် လက်နက်ကိုင်ပဋိပက္ခချုပ်ငြိမ်းအောင်ဆောင်ရွက်မှုများအပါအ၀င် ကချင်ပြည်နယ်ရှိ ဒုက္ခသည်များကို ကူညီထောက်ပံ့ရေးဆိုင်ရာကိစ္စရပ်များကို ဗြိတိန်နိုင်ငံ အောက်လွှတ်တော်ဥက္ကဌ H.E. Mr. John Bercow ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် ယမန်နေ့က နေပြည်တော်တွင်တွေ့ဆုံဆွေးနွေးခဲ့သော်လည်း အစိုးရနှင့် ကချင်ဒေသပဋိပက္ခသည် ချုပ်ငြိမ်းသွားခြင်း မရှိသေးကြောင်း KIO ပြောသည်။

အစိုးရတပ်မှ KIA နယ်မြေသို့ လှုပ်ရှားမှုများလာ တင်းမာနေဆဲ



ရှမ်းပြည်မြောက်ပိုင်း ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) တပ်မဟာ (၄) နယ်မြေ ပန်ဆိုင်း (ကြူကုတ်) ဒေသ KIA ကချင်ပြည်သူ့စစ် MHH တပ်ခွဲ(၅) တပ်ချထားသော ဆိုင်းထူခက် (Seng Htu Hkyet) စခန်းအောက်တွင် ယနေ့နံနက် မိုးမလင်းမီ အစိုးရတပ်မှ ထိုးစစ်ဆင်လာသောကြောင့် နာရီဝက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း တပ်ခွဲ (၅) တပ်ခွဲမှူးဇော်ဆိုင်းပြောသည်။

Tuesday, July 30, 2013

ခလဲန်ရွာသား တဦး အစိုးရတပ်၏ ပစ်သတ်ခံရ

KIA တပ်ရင်း ၃၆ နယ်မြေ ရှမ်ပြည်နယ်အရှေ့မြောက်ပိုင်း ပန်ဆိုင်း (ကြူကုတ်)ဒေသ။

ရှမ်းပြည်မြောက်ပိုင်း ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) တပ်မဟာ (၄) နယ်မြေ ပန်ဆိုင်း (ကြူကုတ်) ဒေသ ခလဲန်ရွာဟောင်းတွင် ဇူလိုင်လ၂၈ ရက်နေ့က အစိုးရတပ် ခလရ (၁၂၃) နှင့် KIA ပြည်သူ့စစ် MHH တပ်ခွဲ (၅) ကြားပြင်းထန်စွာ တိုက်ပွဲဖြစ်ပွားပြီးနောက် ၎င်းအစိုးရတပ်သည် အပြစ်မဲ့ ခလဲန်ရွာသား ဦးဆွမ်လွတ်လာဂွန်း (Sumlut La Gun) ဆိုသူအား ပစ်သတ်ခဲ့ကြောင်းသိရသည်။

ခေါင်လန်းဖူးဒေသထွက် “ထဆူမခမ်း” ခေါ် ရှားပါးမှိုတမျိုး

တရုတ်ပြည်နယ်စပ်တွင် ရောင်းအားကောင်းတဲ့ ခေါင်လန်းဖူးဒေသမှ “ထဆူမခမ်း” ခေါ် ရှားပါးမှိုတမျိုး။


ကချင်ပြည်နယ်မြောက်ဖျားပိုင်း တောင်ပေါ်ဒေသခေါင်လန်ဖူးမြို့နယ်၊ နောင်မွန်းမြို့နယ်များတွင် ပေါက်လျက်ရှိသော ရ၀မ်တိုင်းရင်းသား ဘာသာစကားဖြင့် ‘ထဆူမခမ်း’ ဟုခေါ်သော ရှားပါးဆေးမှိုတမျိုး တရုတ်ဖက်တွင် ရောင်းအား ကောင်းလျက်ရှိသည်။

ဒုက္ခသည်များအား စိတ်ခွန်အားဖြည့် ဖျော်ဖြေမှု အစီစဉ်ပြုလုပ်

THE ACTION TIME FOUNDATION အဖွဲ့မှ လိုင်ဇာမြို့တွင် 'စိတ်ခွန်အားဖြည့်' ဖျော်ဖြေတင်ဆက်မှု အစီစဉ် တင်ဆက်နေပုံ။

ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ဗဟိုဌာနချုပ်နယ်မြေ လိုင်ဇာမြို့ရှိ ဒုက္ခသည်စခန်းများတွင် လူမှုကူညီရေးအသင်း (The Action Time Foundation) မှ လာရောက်ကာ ဒုက္ခသည်များအား ‘စိတ်ခွန်အားဖြည့်’ ဖျော်ဖြေတင်ဆက်မှုအစီစဉ်ကို လိုင်ဇာမြို့အထက်တန်းကျောင်း ရောတ်နှိမ်ခေါင်ခန်းမ (Rawt Ninghkawng Gawknu) တွင် ဇွန်လိုင်လ (၂၈) ရက်ညက ပြုလုပ်ခဲ့ကြောင်းသိရသည်။

RFA Kachin Language TV Program, 2013 July 4th Week

www.kachinnews.com www.burmese.kachinnews.com www.kahcin.kachinnews.com www.kachin-news.blogspot.com http://www.facebook.com/Kachin-News-Group

Monday, July 29, 2013

ရှမ်းပြည်မြောက်ပိုင်း အစိုးရနှင့် KIA တိုက်ပွဲဆက်တိုက်ဖြစ်ပွား

ရှမ်းပြည်မြောက်ပိုင်း KIA တပ်မဟာ ၄ စစ်သားတစ်ဦး။

ရှမ်းပြည်မြောက်ပိုင်း ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) တပ်မဟာ (၄) တာမိုးညဲမြို့နယ် KIA တပ်ရင်း (၂) ဘန်ဆတ် (Bang Sak)နှင့် ဆိုင်းခေါ် (Seng Hkau) ကြား အစိုးရတပ်ဖွဲ့ ခြေလျင်တပ်ရင်း ခလရ (၁၂၉)နှင့် KIA ပြည်သူ့စစ် (MHH) တပ်ခွဲ (၂) တို့ကြား ဇွန်လိုင်၂၅-၂၆ ရက်တွင်း တိုက်ပွဲ ၃ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ကြောင်း သိရသည်။

Friday, July 26, 2013

မတရားအသင်း ပုဒ်မ ဖြင့် ဖမ်းဆီး ခံထားရသော ကချင်အမျိုးသား အများစု မလွှတ်သေး

အမတ် ၁ ရဲစခန်း၊ မြစ်ကြီးနား

ကချင်ပြည်နယ် မြစ်ကြီးနားတွင် မတရားအသင်း ဆက်သွယ်မှု ၁၇(၁) ပုဒ်မဖြင့် စွပ်စွဲ ဖမ်းဆီးခံထားရသော ကချင်အမျိုးသားအချို့ကို သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွှတ်ပေးခဲ့သော်လည်း အများစု ကျန်ရှိနေသေးကြောင်း သိရသည်။

မြန်မာနိုင်ငံမှ Ramon Magsaysay ဆု ဒေါ်လဖိုင်ဆိုင်းရော် ကို ချီးမြှင့်

၂၀၁၃ MAGSAYSAY ဆုရှင် လဖိုင်ဆိုင်းရော်။

မြန်မာနိုင်ငံ၏ ပဋိပက္ခအတွင်း ငြိမ်းချမ်းသည့် အနာဂါတ်အတွက် အုတ်မြစ်ချထားပေးခဲ့သူ အဖြစ် မေတ္တာဖွံ့ဖြိုးရေးဖောင်ဒေးရှင်း (Metta Development Foundation) တည်ထောင်ခဲ့သူ ဒေါ်လဖိုင်ဆိုင်းရော် ကို ဖိလစ်ပိုင်နိုင်ငံက ရာမွန်မတ်ဆေးဆေးဆု (Ramon Magsaysay Award) ကို ချီးမြှင့်လိုက်သည်။

Thursday, July 25, 2013

ပူတာအိုခရိုင် ဆန်ပြတ်လပ်မှု ပြောင်းနှင့် မျှစ်များ အစားထိုးနေရ

မိုး အဆက်မပြတ်ရွာသွန်းလို့ မီးမရှို့နိုင်သေးတဲ့ ခေါင်လန်ဖူးဒေသမှ တောင်ယာ။ ပုံ-KNG ကချင်သတင်းဌာန

ယခင်နှစ်မှ ဖြစ်ပွားနေသော ကချင်ပြည်နယ်မြောက်ဖျားပိုင်းရှိ ပူတာအိုခရိုင်တွင် ဆန်ပြတ်လပ်မှုပြဿနာများကို ယခုချိန်ထိ ဒေသခံများကြာရှည်ရင်ဆိုင်နေရဆဲဖြစ်သောကြောင့် ကျမ်းမာရေးနှင့် စိတ်ပိုင်းဆိုင်ရာများ အားနည်းလာကြောင်းသိရသည်။

Wednesday, July 24, 2013

KIA ပြည်သူ့စစ် တပ်ခွဲ (၅)နှင့် အစိုးရတပ်များ ဆက်လက် တင်းမာနေ

ပန်ဆိုင်း (ကြူကုတ်) ဒေသ ရှေ့တန်းတနေရာမှာ မြင်ရတဲ့ အစိုးရစစ်သား ၂ ဦး။

ရှမ်းပြည်မြောက်ပိုင်း ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) တပ်မဟာ (၄) နယ်မြေ ပန်ဆိုင်း (ကြူကုတ်) ဒေသတွင် အစိုးရတပ် ခလရ (၁၂၃)နှင့် KIA ပြည်သူ့စစ်တပ်ဖွဲ့ (MHH) တပ်ခွဲ (၅)ကြား ယမန်နေ့က ၁ နာရီကျော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဆက်လက်၍ တင်းမာနေဆဲဖြစ်ကြောင်းသိရသည်။

KIA တပ်ရင်း (၈) တပ်ပေါင်းစုနှင့် အစိုးရတပ် တိုက်ပွဲဖြစ်



ရှမ်းပြည်မြောက်ပိုင်း ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) တပ်မဟာ (၄)နယ်မြေ မန်တုံမြို့နယ် ဘန်ကန်း (Bang Kang)နှင့် မန်ဆာ (Mansar) ကြားရှိ ဆိုင်းခေါ်ဘွမ်တွင် ရှမ်းပြည်တပ်မတော်မြောက်ပိုင်း (SSA-N)၊ KIA ပြည်သူ့စစ်တပ်ဖွဲ့ (MHH)၊ KIA တပ်ရင်း (၈) တပ်ပေါင်းစုနှင့် အစိုးရတပ် ခြေမြန်တပ် ခမရ (၅၀၄) တို့ ယမန်နေ့ ၁ နာရီကျော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

Tuesday, July 23, 2013

မြစ်ကြီးနား KIO Technical Advisory Team ရုံး ဖွင့်ပွဲ ကျင်းပ




 ဇူလိုင် ၂၃၊ ယနေ့ နံနက်ပိုင်းက မြစ်ကြီးနား KIO Technical Advisory Team ရုံး ဖွင့်ပွဲကို ၇ နာရီနှင့် ၁၂ ကြား ပြုလုပ်ခဲ့သည်။KNG ကချင်သတင်းဌာန ဓါတ်ပုံများ

www.kachinnews.com

www.burmese.kachinnews.com

www.kahcin.kachinnews.com

www.kachin-news.blogspot.com

http://www.facebook.com/Kachin-News-Group
 


KIO ၏ ငြိမ်းချမ်းရေးအကြံပေးအဖွဲ့ Technical Advisory Team ရုံး ကို မြစ်ကြီးနားတွင် တရားဝင်ဖွင့်လှစ်

KIO ကိုယ်စားလှယ်ခေါင်းဆောင် ဦးဆွမ်လွတ်ဂမ် (ဘယ်) နဲ့ အစိုးရဘက်မှ ပြည်ထောင်စု ငြိမ်းချမ်းရေးလုပ်ငန်းဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုဥက္ကဌ ဦးအောင်မင်း


ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ၏ ငြိမ်းရေးဖော်ဆောင်ရေး နည်းပညာအကြံပေးအဖွဲ့ Technical Advisory Team ရုံးကို ဇူလိုင်လ ၂၃ ယနေ့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စီတာပူ KIO ဆက်ဆံရေးရုံးတွင် တရားဝင်ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း ငြိမ်းချမ်းရေးဆွေးနွေးရေးအကျိုး ဆောင်အဖွဲ့ (PCG)မှ ဦးအင်ရှန်ဆန့်အောင် (Salang N-sang San Awng) ပြောသည်။

ရှမ်းပြည်မြောက်ပိုင်း KIA တပ်များနှင့် အစိုးရတပ် တိုက်ပွဲဖြစ်နေ

ရှမ်းပြည်မြောက်ပိုင်း KIA တပ်ရင်း ၃၆ နယ်မြေ ပန်ဆိုင်း (ကြူကုတ်) ဒေသမှာ စစ်ရေးလှုပ်ရှားနေတဲ့ အစိုးရစစ်သား နှစ်ဦး (စစ်ဝတ် နဲ့ အရပ်ဝတ်)။

ယနေ့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO/KIA) ၏ ငြိမ်းချမ်းရေးဖော်ဆောင်ရေးနည်းပညာ အကြံပေးအဖွဲ့ Technical Advisory Team ရုံး ဖွင့်ပွဲအခမ်းအနားပြုလုပ်နေချိန် ရှမ်းပြည်နယ်မြောက်ပိုင်း KIA တပ်မဟာ (၄)နယ်မြေတွင်မူ အစိုးရတပ်နှင့် KIA တပ်ဖွဲ့များ ယခုသတင်းရေးသားချိန်ထိ တိုက်ပွဲဖြစ်ပွားနေသည်။

သမ္မတလွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွှတ်မြောက်လာသော ဦးဘရန်ရှောင် အား ၀န်ကြီးဦးအောင်မင်း ကိုယ်တိုင် စခန်းသို့ ပို့ပေး

ဇူလိုင် ၂၃ KIO မြစ်ကြီးနား ရုံးဖွင့်တဲ့နေ့မှာ လွှတ်ပေးတဲ့ ဦးဘရန်ရှောင် အား ၎င်းရဲ့ဇနီးသည်နဲ့အတူ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းမှ လက်ချိတ်ထားပုံ။ PHOTO: KACHIN WAVES

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ဂျန်မိုင်ကောင်ရပ်ကွက် ဒုက္ခသည်စခန်းမှ မတရားအသင်းဆက်သွယ်မှုဖြင့် တရားစွဲဆိုဖမ်းဆီးခံထားရသော ဦးလထော်ဘရန်ရှောင် (Lahtaw Brang Shawng) အား နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ဇူလိုင်လ ၂၃ ယနေ့ လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း ဦးဘရန်ရှောင်၏ ရှေ့နေ ဦးမာခါးပြောသည်။

Monday, July 22, 2013

တရုတ်နယ်စပ် ဇိုင်းအောင် ဒုက္ခသည်စခန်းတွင် TV ဓါတ်မှန် မရှိမဖြစ် လိုအပ်

မုန်ဂါဇွပ် လို့လဲခေါ်တဲ့ ဇိုင်းအောင် ဒုက္ခသည်စခန်း။
ကချင်ပြည်နယ် ဝိုင်းမော်မြို့ တရုတ်နယ်စပ် ဇိုင်းအောင် (Zai Awng) ဒုက္ခသည်စခန်းရှိ ဆေးရုံတွင် ကိုယ်ဝန်ဆောင်များနှင့် တိုက်ပွဲအတွင်း ထိခိုက်ဒဏ်ရာ ရရှိသူများအား ကောင်းမွန်စွာ စစ်ဆေး ကုသပေးနိုင်ရန် ultrasound (TV ဓာတ်မှန်) မရှိမဖြစ် လိုအပ်နေကြောင်း သိရသည်။

KIA တပ်ရင်း (၈) နှင့် အစိုးရတပ် တိုက်ပွဲဖြစ်

KIA တပ်မဟာ ၄၊ ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်း။

ရှမ်းပြည်မြောက်ပိုင်း ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) တပ်မဟာ (၄) နယ်မြေ နမ်ဖတ်ကာမြို့နယ် တပ်ရင်း ၈ ဒေသတွင် အစိုးရတပ်များ လှုပ်ရှားလာသောကြောင့် ဇူလိုင်လ ၁၈ ရက် ကြာသပတေးနေ့ နံနက်တွင် နှစ်ဖက်တပ်မှ တွေ့ဆုံပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားခဲ့သည်။

ဒေါ်ဘောက်ဂျာကို မြစ်ကြီးနားနေအိမ်မှ ဖားကန့်ရဲစခန်းသို့ ဖမ်းဆီးထား အမှု ၃မှုဖြင့် တရားစွဲ

ကချင်ပြည်နယ် NDF ပါတီ ဥက္ကဌ ဒေါ်ဘေက်ဂျာ (ဘယ်)။

အမျိုးသား ဒီမိုကရေစီ အင်အားစု NDF ပါတီ၏ ကချင်ပြည်နယ် ဥက္ကဋ္ဌ ဒေါ်ဘောက်ဂျာကို သက်ဆိုင်ရာက ယခုချိန် ဖားကန့်မြို့နယ်ရဲစခန်းတွင် ဖမ်းဆီးထားကာ အမှုသုံးမှုဖြင့်စွပ်စွဲထားကြောင်း ကချင်ပြည်နယ် NDF ပါတီရုံးမှ သိရသည်။

Saturday, July 20, 2013

RFA Kachin Language TV Program, 2013 July 3rd Week

www.kachinnews.com www.burmese.kachinnews.com www.kahcin.kachinnews.com www.kachin-news.blogspot.com http://www.facebook.com/Kachin-News-Group

Friday, July 19, 2013

ရှေ့နေဒေါ်ဘောက်ဂျာ မိုးညှင်းမြို့တွင် ဖမ်းဆီးခံရ

ကချင်ပြည်နယ် NDF ပါတီ ဥက္ကဌ ဒေါ်ဘောက်ဂျာ။


ကချင်ပြည်နယ် ဖားကန့်မြို့နယ် အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (NDF) မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်ဘောက်ဂျာ ကို ယမန်နေ့ ဇူလိုင် ၁၈ နေ့ညနေက မိုးညှင်းမြို့တွင် ဖမ်းဆီးလိုက်ကြောင်း သိရသည်။

လိုင်ဇာမြို့တွင် မီးမလာတာ ၃ ရက် ရှိနေပြီး ဒေသခံများနှင့် ဒုက္ခသည်များ အခက်ခဲရင်ဆိုင်နေရ


KIO လိုင်ဇာမြို့။

လိုင်ဇာမြို့နှင့် အနီးတ၀ိုက်ဒုက္ခသည်စခန်းများတွင် မီးပြတ်သွားသောကြောင့် အထူးသဖြင့် ကလေးနှင့်မိခင်များတွင် ပို၍ခက်ခက်ခဲခဲနေထိုင်ရသည့်အပြင် ဖယောင်းတိုင်မီးဘေးအန္တရာယ်အတွက်လည်း စိုးရိမ်နေရကြောင်း ဂျေယန့် (Je Yang) ဒုက္ခသည်စခန်းမှ (၄)လ သားကလေးမိခင် ဒေါ်ထုဆိုင်း ကပြောသည်။
“မီးမလာတော့ အရမ်းခက်တယ်။ ကလေးကငယ်၊ ခြင်ကပေါ၊ အကောင်ပလောင်တွေက များတဲ့နေရာ ဆိုတော့ မီးမလာရင်တော်တော်ကို ခက်ခဲနေတာပေါ့။

ဦးလထော်ဘရန်ရှောင်ကို မတရားအသင်း ဆက်သွယ်မှုဖြင့် ထောင်ဒဏ် ၂ နှစ် စီရင်ချက်ချ

ဇူလိုင် ၁၈ နေ့က ဦးလထော်ဘရန်ရှောင်ကို မတရားအသင်း ဆက်သွယ်မှုဖြင့် ထောင်ဒဏ် ၂ နှစ် စီရင်ချက်ချ။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ဂျန်မိုင်ကောင်ရပ်ကွက် ဒုက္ခသည်စခန်းမှ မတရားအသင်းဆက်သွယ်မှုဖြင့် တရားစွဲဆိုဖမ်းဆီးထားသော ဦးလထော်ဘရန်ရှောင် (Lahtaw Brang Shawng) ကို ယမန်နေ့ မြို့နယ်တရားရုံးမှ ထောင်ဒဏ် ၂ နှစ်ချမှတ်လိုက်ပြီဖြစ်ကြောင်း မိသားစုဝင်များကပြောသည်။
ဦးဘရန်ရှောင်ကို ၂၀၀၄ ခုနှစ်မှ ၂၀၁၁ ခုနှစ် ဇွန်လအထိ ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) တွင် တာဝန်ထမ်းဆောင်ခဲ့သူအဖြစ် မတရားအသင်း ၁၇ (၁) ပုဒ်မဖြင့် မြို့နယ်တရားသူကြီး ဦးမြင့်ထူးမှ ချမှတ်လိုက်ခြင်းဖြစ်ကြောင်း ဦးဘရန်ရှောင်၏ ရှေ့နေ ဦးမာခါးပြောသည်။

Thursday, July 18, 2013

KIO နှင့် အစိုးရ အပစ်ခတ် ရပ်စဲရန် နိုင်ငံရေး ဆွေးနွေးမှုပေါ်သာ မူတည်

KIO SUMLUT GAM (ဘယ်) နဲ့ ဦးအောင်မင်း။ ပုံ - KACHIN NET


နိုင်ငံတော် သမ္မတဦးသိန်းစိန်မှ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအားလုံးနှင့် ဇူလိုင်လအတွင်း တပြည်လုံးအတိုင်းအတာဖြင့် အပစ်ခတ်ရပ်စဲရေးလက်မှတ်ရေးထိုးမည် ဆိုသည့်အပေါ် ကချင်လွတ်မြောက် ရေးအဖွဲ့ (KIO) ဖက်မှ နိုင်ငံရေးအရတွေ့ဆုံဆွေးနွေးမှုတွင် နှစ်ဖက်ယုံကြည်မှုပေါ်သာ မူတည်မည်ဖြစ်ကြောင်း ပြောသည်။

Wednesday, July 17, 2013

မြစ်ဆုံရေကာတာကြောင့် ရွှေ့ပြောင်းခံရသော ဒေသခံများ ထောက်ပံ့ ဆက်လက်လိုအပ်

အောင်မြင်သာရွာသစ်သို့ ရွှေ့ပြောင်းခံရသော ဧရာဝတီ မြစ်ဆုံဒေသခံများ။


ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မေခ-မလိခ မြစ်ဆုံတွင် တည်ဆောက်မည့် ရေကာတာစီမံကိန်းကြောင့် ပြောင်းရွှေ့ခံထားရသော ဒေသခံများအတွက် တရုတ်အစိုးရ စွမ်းအင်ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ (CPI) မှ ဆန်ထောက်ပံ့မှုများသည် ယခုနှစ်တွင်ပြီးဆုံးသွားပြီဖြစ်သောကြောင့် အောင်မြင်သာဒေသခံများ စိုးရိမ်နေကြသည်။

Tuesday, July 16, 2013

ဝိုင်းမော်-လိုင်ဇာ သွားလမ်းရှိ ကျေးရွာများတွင် အစိုးရတပ်များ အခွန်ဖြင့် ရွှေတူးဖော်ခွင့်ပြု

မလီးယန်ကျေးရွာမှ ရွှေကျင်းတခု မြင်ကွင်း။


ကချင်ပြည်နယ် အရှေ့ဘက် ၀ိုင်းမော်မြို့နယ် လိုင်ဇာ သွားလမ်းတစ်လျှောက် ဒုက္ခသည်အဖြစ် တိမ်းရှောင် ထားသော ကျေးရွာခြံမြေများတွင် မြန်မာအစိုးရစစ်တပ်မှ အခွန်များကောက်ခံကာ ရွှေတူးဖော်ခွင့်ပြုထားကြောင်း သိရသည်။

Monday, July 15, 2013

KIO ငြိမ်းချမ်းရေးဖော်ဆောင်ရေး အကြံပေးအဖွဲ့ကို ဒေါက်တာတူးဂျာ ထောက်ခံ

ဒေါက်တာ တူးဂျာ။


ကချင်လွတ်မြောက်ရေးအဖွဲ့(KIO)မှ ဦးဆောင်ဖွင့်လှစ်သွားမည့် Technical Team အပေါ် KIO ဒုဥက္ကဌ-၂ ဟောင်း ဒေါက်တာ တူးဂျာ အနေဖြင့် ၀မ်းသာထောက်ခံကြောင်း ပြောသည်။

လန်ဒန်သို့ရောက်လာသော သမ္မတသိန်းစိန်အား ကချင်အမျိုးသားများ ဆန္ဒပြ

လန်ဒန် HEATHROW လေဆိပ်မှာ သမ္မတသိန်းစိန် အား ကချင်အမျိုးသားများ အခုလို ကန့်ကွက်ဆန္ဒပြနေပုံ။


ဗြိတိန်နိုင်ငံ လန်ဒန်မြို့တော်သို့ ရောက်ရှိနေသော မြန်မာအအစိုးရ သမ္မတ ဦးသိန်းစိန်အဖွဲ့များအား ဗြိတိန်နိုင်ငံအခြေစိုက် ကချင်အမျိုးသားအစည်းအရုံး (KNO-UK) မှ ဦးဆောင်ပြီး လန်ဒန်မြို့ ၂ နေရာတွင် ယမန်နေ့ ဇူလိုင် ၁၅ ရက်က ကန့်ကွက် ဆန္ဒပြခဲ့ကြသည်။

Friday, July 12, 2013

KIA တပ်ရင်း (၂၇) တွင် အစိုးရတပ်နှင့် တိုက်ပွဲငယ်ဖြစ်

ဝိုင်းမော်မြို့နယ် ကန်ပိုင်တီလမ်းကြောင်းတွင် မြင်ရတဲ့ မြန်မာအစိုးရ စစ်သားများ။

ကချင်ပြည်နယ် ဗန်းမော်-နမ့်ခမ်းလမ်း ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) တပ်မဟာ (၃) ဒေသ မဂျီဂုန်ကဘာ (Maji Gung Kaba) နေရာတွင် ဇူလိုင် ၁၂၊ ယနေ့ အစိုးရတပ်နှင့် တိုက်ပွဲငယ်တခု ဖြစ်ပွားခဲ့ကြောင်းသိရသည်။

ဂျေယန့်ဒုက္ခသည်စခန်းမှ မူကြိုကျောင်းသူတစ်ဦး ရေနစ်သေဆုံး

လိုင်ဇာအနီး JE YANG ဒုက္ခသည်စခန်း မူလတန်းကျောင်း။


ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ဌာနချုပ် လိုင်ဇာမြို့အနီးရှိ ဂျေယန့် (Je Yang) ဒုက္ခသည်စခန်းမှ မူကြိုကလေးငယ်တစ်ဦး ဂျေယန့်ချောင်းရေထဲ မျောပါ သေဆုံးသွားခဲ့ကြောင်း သိရသည်။

Thursday, July 11, 2013

ကချင်ပြည်သူများ ငြိမ်းချမ်း ရေးဖော်ဆောင်ရာ တွင်ပါဝင်မည့် အခန်းကဏ္ဍ တွေ့ဆုံဆွေးနွေး

မြစ်ကြီးနား မနောကွင်း။

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)နှင့် မြန်မာအစိုးရတို့  ငြိမ်းချမ်းရေးဆွေးနွေးမှုများတွင် သွက်လက်မြန်ဆန်စွာ အကောင်ထည်ဖော်နိုင်ရေး နည်းပညာအကြံပေး Technical Team အဖွဲ့တွင် ကချင်ပြည်သူလူထုများ၏ လိုအပ်ချက်သဘောထားအမြင်များ ပူးပေါင်းထည့်သွင်းသွားနိုင်ရေး ကချင်အရပ်ဘက်အဖွဲ့အစည်းများတွေ့ဆုံညှိနှိုင်းဆွေးနွေးမှု တစ်ရပ်ပြုလုပ်ခဲ့ကြသည်။

Wednesday, July 10, 2013

သတင်းမီဒီယာများကို ထိန်းချုပ်ထားသည့် “ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း လုပ်ငန်းဥပဒေကြမ်း” ကို BNI ကန့်ကွက်


အစိုးရပြန်ကြားရေးဝန်ကြီးဌာနမှ ရေးဆွဲတင်သွင်းသော ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်း လုပ်ငန်းဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်က အတည်ပြုလိုက်သည့်အပေါ် နိုင်ငံတကာ မြန်မာ့သတင်း (Burma News International- BNI) က သတင်းလွတ်လပ်ခွင့်ကို ထိခိုက်စေသည်ဟု ကန့်ကွက်လိုက်သည်။

ရှမ်းပြည်မြောက်ပိုင်း KIA နှင့် အစိုးရတင်းမာမှု အရှိန် လျှော့နည်းလာ

ရှမ်းပြည်မြောက်ပိုင်း ပန်ဆိုင်း (ကြူကုတ်) ဒေသမှ KIA တပ်ဖွဲ့များ။

ရှမ်းပြည်မြောက်ပိုင်း ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) တပ်မဟာ (၄) နယ်မြေ မုန်းဂိုးဒေသ ပန်ဆိုင်း (ကြူကုတ်)တွင် အစိုးရတပ်နှင့် တင်းမာမှုများ လျော့နည်းလာပြီး အစိုးရတပ်အချို့ကိုလည်း နောက်ဆုတ်ထားကြောင်းသိရသည်။

Tuesday, July 9, 2013

KIO ဌာနချုပ်ရှိ အလဲန့်ဘွမ်ကျောင်း ယနေ့မှ စဖွင့်

KIO လိုင်ဇာ ဗဟိုဌာနချုပ်။

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ဌာနချုပ်ရှိ IDP ဒုက္ခသည် အလဲန့်ဘွမ်ကျောင်းကို တစ်လနောက်ကျ၍ ယနေ့မှ ဖွင့်လှစ်နိုင်ကြောင်း ကျောင်းအုပ်ကြီးထံမှ သိရသည်။

စစ်ပွဲကြောင့် ကိုယ်လက်အင်္ဂါ ချို့တဲ့သွားသူများကို ကူညီရန် ‘ဂျန်လတာ့နီ ဖောင်ဒေးရှင်း’ဖွင့်လှစ်

စစ်ပွဲအတွင်း ထိခိုက်ဒဏ်ရာရတဲ့ ကေအိုင်အေ စစ်သားများကို လိုင်ဇာမြို့တွင် မြင်ရပုံ။


ကချင်ပြည်တွင်းစစ်ကြောင့် ကိုယ်လက်အင်္ဂါထိခိုက်ဆုံးရှုံးသွားသူများအား ကူညီဖေးမရန် ‘ဂျန်လတာ့နီဖောင်ဒေးရှင်း’ (Jan Lata Ni Foundation) ကို ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ဇူလိုင် ၈ ရက်နေ့က ဖွင့်လှစ်လိုက်သည်။

ဗန်းမော်မြို့ရှိ အသင်းတော်များ ဒုက္ခသည်စခန်းသို့ ငှက်ဖျားရောဂါ ဆေးဝါးများ ကူညီ

ဗန်းမော်ခရိုင် KIO နယ်မြေ ဒုက္ခသည်စခန်းများသို့ ငှက်ဖျားရောဂါ ဆေးဝါးများကူညီရန် ရောက်လာကြတဲ့ ဗန်းမော်မြို့ရှိ အသင်းတော် ဆရာများ။


မိုးတွင်းကာလ ငှက်ဖျားအဖြစ်များနေပြီး ဆေးဝါးများလိုအပ်နေသည့် တရုတ်နယ်စပ် ဒုက္ခသည်စခန်းများသို့ ကချင်ပြည်နယ် ဗန်းမော်မြို့ရှိ အသင်းတော်များက ငှက်ဖျားနှင့် ၀မ်းရောဂါအတွက် ဆေးဝါးများကူညီပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Monday, July 8, 2013

မြစ်ဆုံကြောင့် ပြောင်းရွှေ့ခံထားရသော ဒေသခံများနေအိမ် မိုးမလုံ၍ အခက်ခဲ ရင်ဆိုင်နေရ

သွတ်မိုး ပြိုကျနေတဲ့ အောင်မြင်သာ စံပြရွာ နေအိမ်တလုံး။ ဓါတ်ပုံ - MRJ


ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မေခ-မလိခ မြစ်ဆုံတွင်တည်ဆောက်မည့် ရေကာတာစီမံကိန်းကြောင့် ပြောင်းရွှေ့ခံထားရသော ဒေသခံများသည် ပြန်လည်နေရာချထားရေး ပုံစံနေအိမ်များတွင် မိုးရာသွန်းချိန် မိုးမလုံသဖြင့် နေထိုင်ရအခက်ခဲဖြစ်နေကြောင်း သိရသည်။

Friday, July 5, 2013

အစိုးရနှင့် KIO တွေ့ဆုံဆွေးနွေးမှုတွင် ‘သီးသန့်ကိုယ်ပိုင်အုပ်ချုပ်ရေး’ ကိစ္စ ဆွေးနွေးသင့်ဟု KNO ပြော

ကချင်အမျိုးသားအစည်းအရုံး (ထိုင်းနိုင်ငံ)။

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) သည် အစိုးရနှင့်တွေ့ဆုံဆွေးနွေးမှုများတွင် ကချင်လူထုလိုလားသော သီးသန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့် (Absolute Sovereignty Power) နှင့်ပတ်သက်၍ ဆွေးနွေးမှုမရှိသောကြောင့် ၄င်းကိစ္စကို ဆွေးနွေးရန်လိုအပ်ပြီဖြစ်ကြောင်း ပြည်ပအခြေစိုက်ကချင်အမျိုးသားအစည်းအရုံး KNO က ထောက်ပြလိုက်သည်။

KIO အလုပ်အဖွဲ့ ရုံး ဖွဲ့စည်းပုံကိစ္စ စတင်ဆွေးနွေး

TECHNICAL TEAM ရုံးအဖြစ် အသုံးပြုမည့် မြစ်ကြီးနား KIO ဆက်ဆံရေးရုံး။


ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)၏ နည်းပညာပိုင်းဆိုင်ရာ အလုပ်အဖွဲ့ Technical Team ရုံးဖွင့်နိုင်ရန်အတွက် ပညာရှင်များနှင့် ရုံး၏ဖွဲ့စည်းပုံ နည်းလမ်းများကို ဆွေးနွေးနေပြီဖြစ် ကြောင်း သိရသည်။

Thursday, July 4, 2013

ကချင်ဒုက္ခသည်များ နေထိုင်သည့် ယာယီအိမ်များ ပျက်စီးလာ

HPUNGLUM YANG ဒုက္ခသည်စခန်း။


စစ်ရှောင်နေစဉ် ၂ နှစ်ကာလအတွင်း ခိုလှုံနေကြသော ဒုက္ခသည်များ၏ ယာယီအိမ်များ ပျက်စီးလာသောကြောင့် အိမ်သစ်များကိုပြန်လည်ပြုပြင် ဆောက်လုပ်ပေးရန် လိုအပ်လျက်ရှိသည်။

Wednesday, July 3, 2013

ဂျေယန့် ဒုက္ခသည်စခန်း တွင် ငှက်ဖျားရောဂါ ကူးစက်ပြန့်ပွားနေ

JE YANG ဒုက္ခသည်စခန်း။


ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ဌာနချုပ် လိုင်ဇာမြို့ရှိ ဂျေယန့် (Je Yang) ဒုက္ခသည်စခန်းတွင် ငှက်ဖျားရောဂါကူးစက်ပြန့်ပွားမှုသည် ယခုချိန် ဒုက္ခသည်အယောက် ၁၀၀ ကျော်တွင် ဖြစ်ပွားနေကြောင်းသိရသည်။

မြစ်ကြီးနား-ဖားကန့် သွားလမ်းတလျှောက် အစိုးရတပ် ဂိတ်များတွင် ငွေကောက်ခံနေ

မြစ်ကြီးနား-ဖါးကန့်လမ်းရှိ မြန်မာအစိုးရတပ် ဂိတ်တခု။


ကချင်ပြည်နယ် မြစ်ကြီးနား-ဖားကန့်ကားလမ်းမ တလျှောက် လုံခြုံရေးယူလိုက်သော အစိုးရတပ်များသည် ဂိတ် ၁၀ ခုထက်မနည်း ထားရှိကာ ဖြတ်သန်းသူများထံမှ ငွေကောက်ခံနေကြောင်းသိရသည်။

Tuesday, July 2, 2013

ရှမ်းမြောက် ကြူကုတ် ဒေသတွင် အစိုးရတပ်နှင့် KIA စစ်ရေးတင်းမာ

KIA တပ်ရင်း ၃၆ နယ်မြေ ပန်ဆိုင်း (ကြူကုတ်) မြို့။


ရှမ်းပြည်မြောက်ပိုင်း ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) တပ်မဟာ (၄) နယ်မြေ ပန်ဆိုင်း (ကြူကုတ်) KIA ပြည်သူ့စစ် (MHH) တပ်ခွဲ(၅) နယ်မြေသို့ အစိုးရတပ်များဝင်ရောက်နေသောကြောင့် နှစ်ဖက်တပ်ကြား စစ်ရေးတင်းမာနေကြောင်း သိရသည်။

ဒုက္ခသည်စခန်းတွင် ထင်း အခက်ခဲကြောင့် ဒေသခံများနှင့် စကားအခြေ အတင်ဖြစ်ပွား

KIO ထိန်းချုပ်နယ်မြေ HPUNGLUM YANG ဒုက္ခသည်စခန်း။


ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ထိန်းချုပ်နယ်မြေထဲရှိ ဖုန်လွမ်ယန် (Hpunglum Yang) ဒုက္ခသည်စခန်းတွင် ဇူလိုင် လဆန်းပိုင်းမှပို၍ ထင်းမီး မလုံလောက်သည့်အခက်ခဲကြောင့် ဒေသခံများနှင့် ဒုက္ခသည်များကြား မကြာခဏ စကားအခြေအတင်ဖြစ်ပွားနေကြောင်း သိရသည်။

‘အလုပ်အဖွဲ့’ တွင် ပါဝင်သည့် KIO အဖွဲ့ဝင်များ မြစ်ကြီးနား သို့ရောက်ရှိ

KIO လက်ထောက်နိုင်ငံခြားဆက်ဆံရေး တာဝန်ခံ ဂေါ်လူလအောင်။


အစိုးရနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ကြားခံညှိနှိုင်းဆောင်ရွက်နိုင်ရန်အတွက် အလုပ်အဖွဲ့ (Technical Team) ရုံးဖွင့်ရန် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)၏ အလုပ်အဖွဲ့ဝင် ၄ ဦးသည် မြစ်ကြီးနားသို့ ရောက်ရှိ နေပြီဖြစ်သည်။

Monday, July 1, 2013

ကချင်ရိုးရာနှင့် သမိုင်း ဘာသာရပ် ကျောင်းဆင်းပွဲ လိုင်ဇာ တွင်ပြုလုပ်

KIO လိုင်ဇာမြို့တွင် ကျင်းပနေတဲ့ ကချင်ရိုးရာနှင့် သမိုင်းဘာသာရပ် ကျောင်းဆင်းပွဲ။


ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) မှ ကချင်ရိုးရာနှင့် သမိုင်းဘာသာရပ် ကျောင်းတခု ဖွင့်လှစ်ထားရာ ဇွန်လ ၂၉ ရက်နေ့တွင် ပထမကြိမ်မြောက် ကျောင်းဆင်းပွဲအဖြစ် လိုင်ဇာမြို့ မနောကွင်း မဂျွယ်ခန်းမဆောင်တွင် ကျင်းပပြုလုပ်ခဲ့သည်။

KIO အလုပ်အဖွဲ့ (Technical Team) မြစ်ကြီးနားမြို့တွင် ဖွဲ့စည်းတော့မည်

မြစ်ကြီးနား KIO ဆက်ဆံရေးရုံး၊ ကချင်ပြည်နယ်


ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) မှ ကချင်ပြည်သူလူထုနှင့် အစိုးရကြား လိုအပ်သောလုပ်ငန်းစဉ်များ ညှိနှိုင်းဆောင်ရွက်နိုင်ရန် အလုပ်အဖွဲ့ (Technical Team) ကို ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင်ဖွဲ့စည်း တော့မည်ဖြစ်ကြောင်း သိရသည်။