Friday, May 31, 2013

KIO အဖွဲ့မှ ပထမအကြိမ် ၃ လကြာ အခြေခံ စစ်သင်တန်းဆင်းပွဲ ပြုလုပ်

မေ ၃၀ နေ့ ပထမအကြိမ် ရက်ပေါင်း ၉၀ KIA အခြေခံစစ်သင်တန်းဆင်းပွဲ၊ လိုင်ဇာ၊ ကချင်ပြည်နယ်။

ကချင်ပြည်နယ် တရုတ်နယ်စပ် လိုင်ဇာမြို့တွင် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) စစ်ဌာနချုပ်ရုံး (Dai Lawn Rung) မှ ကြီးမှူး၍ ပထမအကြိမ် ရက်ပေါင်း (၉၀) အခြေခံစစ်သင်တန်းဆင်းပွဲတခုကို မုန်းဆိုင်ယန် (Mung Seng Yang) ရှိ စစ်သင်တန်းပို့ချရေး (Hpyen Sharin Shakyang gawknu) ခမ်းမတွင် မေလ ၃၀ ရက်နေ့က ပြုလုပ်ခဲ့သည်။

Thursday, May 30, 2013

မြန်မာအစိုးရနှင့် KIO မြစ်ကြီးနားဆွေးနွေးပွဲမှ တိုက်ပွဲလျော့ချရန် သဘောတူ

မြစ်ကြီးနားဆွေးနွေးပွဲ - KIO ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွန်မော် (ဘယ်)၊ မြန်မာအစိုးရ ငြမ်းချမ်းရေးညှိနှိုင်းရေးမှူး ဦးအောင်မင်း (လယ်) နှင့် KIO ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် ဦးဆွမ်လွတ်ဂမ်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)နှင့် မြန်မာအစိုးရငြိမ်းချမ်းရေး ကိုယ်စား လှယ်အဖွဲ့တို့ကြား ၃ ရက်ကြာဆွေးနွေးမှုအပြီး နှစ်ဖက်ကြား ပစ်ခတ်တိုက်ခိုက်မှုများလျော့ချပြီး တိုက်ပွဲထပ်မံ မဖြစ်ပွားအောင် ထိန်းသိမ်းသွားရန်ပါသော အချက် ၇ ချက် သဘောတူညီလက်မှတ် ရေးထိုးခဲ့သည်။

Wednesday, May 29, 2013

သီးခြား ကချင်နိုင်ငံတည်ထောင်ရန် KNO ကြေညာချက် ထုတ်ပြန်

KNO ခေါင်းဆောင် ဒူဝါ လရော်

မြန်မာအစိုးရနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) မေလ ၂၈ ရက်နေ့ ငြိမ်းချမ်းရေးဆွေးနွေးနေချိန် ပြည်ပအခြေစိုက် အကြီးဆုံး ကချင်အဖွဲ့အစည်း KNO မှ ကချင် သီးခြားလွတ်လပ်သောနိုင်ငံတည်ထောင်ရန် သဘောထား ကြေညာချက် ထုတ်ပြန်ခဲ့သည်။

Tuesday, May 28, 2013

ဓါးပြတိုက်သော အစိုးရရဲနှစ်ဦး ရွာလူကြီး အား ပြန်လည်တရားစွဲရန် ခြိမ်းခြောက်

မြစ်ကြီးနား အမှတ် ၁ ရဲစခန်း။

ကချင်ပြည်နယ် ၀ိုင်းမော်မြို့ရှိ မုတ်ကြိတ်ကျေးရွာတွင် ဓါးပြလာတိုက်သော အစိုးရ ရဲနှစ်ဦးကို ၀ိုင်းမော်ရဲစခန်းသို့သွားအပ်ခဲ့သော ရွာလူကြီးအား ပြန်လည်တရားစွဲရန် ခြိမ်းခြောက်မှုပြုလုပ်နေကြောင်း သိရသည်။

Monday, May 27, 2013

ငြိမ်းချမ်းဆွေနွေးရန် ရောက်လာသည့် KIO ကိုယ်စားလှယ်အဖွဲ့ကို ကချင်ပြည်သူများ ကြိုဆို

မေ ၂၇၊ ၂၀၁၃ - ပထမဆုံး မြစ်ကြီးနားမြို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ ရောက်ရှိလာတဲ့ လိုင်ဇာမှ KIO ကိုယ်စားလှယ်အဖွဲ့။


ငြိမ်းချမ်းရေး ဆွေးနွေးရန်အတွက် မြစ်ကြီးနားမြို့သို့ရောက်ရှိလာသော ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ကိုယ်စားလှယ်များကို ကြိုဆိုသည့် ပြည်သူလူထုအင်အားကို ကြည့်ခြင်းအားဖြင့် KIO သည်ပြည်သူလူထု အတွက် ကိုယ်စားမပြုဟု ပြောခဲ့သည့် အစိုးရတို့မှ အဖြေရသွားသည်ဟု ငြိမ်းချမ်းရေးဆွေးနွေးရေး အကျိုး ဆောင်အဖွဲ့ (PCG) မှ ဦးခပရာ ခွန်းအောင် (Hka Pra Hkun Awng) က ပြောသည်။

Friday, May 24, 2013

အစိုးရတပ်နှင့် KIO မုန်ဂိုးဒေသတွင် တိုက်ပွဲဖြစ်

LAHTA SAM MUNG MUNGGU GINRA NA KIA DAPDUNG 36 HPYENLA NI.


ရှမ်းပြည်မြောက်ပိုင်း ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) တပ်မဟာ ၄ နယ်မြေ၊ တပ်ရင်း ၃၆ မုန်ဂိုးဒေသတွင် မြန်မာအစိုးရတပ်နှင့် KIO ပြည်သူ့စစ် (Mungshawa Hpyen Hpung-MHH) ကြား မေလ ၂၃ ယမန်နေ့ နံနက်ပိုင်း တိုက်ပွဲဖြစ်ပွားခဲ့သည်။

Thursday, May 23, 2013

KIO မှ ကိုယ်ပိုင် တက္ကသိုလ်ကျောင်း ဖွင့်လှစ်တော့မည်

ဗန်းမော်ခရိုင် KIO မိုင်ဂျာယန် အထက်တန်းကျောင်း။

ကချင်ပြည်နယ် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)မှ ကိုယ်ပိုင် တက္ကသိုလ်ကျောင်းဖွင့်လှစ်တော့မည် ဖြစ်ကြောင်း သိရသည်။

Wednesday, May 22, 2013

ရှမ်းမြောက် KIO တပ်မဟာ ၄ နယ်မြေတွင် အစိုးရစစ်အင်အား တိုးချဲ့နေ

MUNGGU GINRA NA KIA HPYENLA NI.


မြန်မာအစိုးရနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ကြား ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးရန်ရှိသော်လည်း ရှမ်းပြည်မြောက်ပိုင်း KIO တပ်မဟာ ၄ နယ်မြေတွင် အစိုးရစစ်အင်အား တိုးချဲ့နေဆဲ ဖြစ်ကြောင်း သိရသည်။

Tuesday, May 21, 2013

US နှင့် UK မပါဘဲ အစိုးရနှင့် KIO မေလကုန်ပိုင်း မြစ်ကြီးနား တွင် တွေ့ဆုံမည်

ပြည်ထောင်စု ငြိမ်းချမ်းရေးလုပ်ငန်းဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုဥက္ကဋ္ဌ ဦးအောင်မင်း (ဘယ်) နဲ့ KIO ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ် S ဂွန်မော်။


အစိုးရနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)တို့ လာမည့် မြစ်ကြီးနားမြို့ တွေ့ဆုံဆွေးနွေးပွဲတွင် လေ့လာသူအဖြစ် US နှင့် UK အစား တိုင်းရင်းသားလက်နက်ကိုင် ၉ ဖွဲ့ ကိုယ်စားလှယ်များ တက်ရောက်မည် ဖြစ်ကြောင်း သိရသည်။

Saturday, May 18, 2013

ဟူးကောင်းချိုင့်ဝှမ်း မီးဘေးသင့် ဒုက္ခသည်များအတွက် အကူအညီ လိုအပ်နေ

မီးလောင်သွားတဲ့ ၀ရာဇွပ် ကျေးရွာ။


ကချင်ပြည်နယ် ဟူးကောင်းချိုင့်ဝှမ်း ဒေသရှိ ဝါရာဇွပ်ကျေးရွာ မီးလောင်ခဲ့မှုကြောင့် မီးဘေးသင့် ဒုက္ခသည်များအတွက် ရေထိုင်စရာနေရာများနှင့် ကျောင်းသားများ၏ ကျောင်းသုံးကိရိယာများအတွက် အကူအညီလိုအပ်နေကြောင်း သွားရောက်ကူညီိခဲ့သော ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) အထွေထွေအတွင်းရေးမှူး သိက္ခာတော်ရ Rev . Dr. Hkalam Sam Sun ပြောသည်။

မြန်မာအစိုးရနှင့် KIO တပ်များ ရှမ်းမြောက် မုန်ဂိုးဒေသသို့ တိုက်ပွဲဖြစ်

မေ ၁၇ နေ့က မြန်မာအစိုးတပ်နဲ့ KIO ပြည်သူ့စစ်ကြား တိုက်ပွဲဖြစ်ပွားတဲ့ နေရာ၊ ပန်ဆိုင်း (ကြူကုတ်) မြို့။

မြန်မာအစိုးရတပ်သည် ရှမ်းပြည်မြောက်ပိုင်း ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) မုန်ဂိုးဒေသသို့ စစ်အင်အားများ ဆက်လက်တိုးချဲ့နေသလို တိုက်ပွဲများလည်း ဆက်တိုက်ဖြစ်ပွားနေကြောင်း သိရသည်။

Friday, May 17, 2013

ကန်ပိုင်တီလမ်း တွင် အစိုးရစစ်အင်အား ထပ်ဖြည့်

KIA တပ်မဟာ ၅ နယ်မြေ ကန်ပိုင်တီလမ်း သို့ အင်အားဖြည့်လာတဲ့ မြန်မာစစ်တပ် တပ်မ ၃၃ စစ်သားများ။ ဓါတ်ပုံ-ကချင်သတင်းဌာန
ကချင်ပြည်နယ် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) တပ်မဟာ ၅ နယ်မြေ ကန်ပိုင်တီလမ်းတွင် ယခု မေလဆန်းပိုင်းမှစပြီး အစိုးရစစ်အင်အားများ ပိုမို အားဖြည့် လာကြောင်းသိရသည်။

KIO လ၀က ကျောင်း လိုင်ဇာမြို့တွင် ပြန်ဖွင့်

လိုင်ဇာမြို့၊ ကချင်လွတ်မြောက်ရေးအဖွဲ့၊ ကချင်ပြည်နယ်။

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ၏  လိုအပ်သော လုပ်ငန်းဌာနများအတွင်း ခန့်အပ်သွားနိုင်ရန် ရည်ရွယ်ချက်ဖြင့် တစ်လကျော် လူဝင်မှုကြီးကြပ်ရေးကျောင်း (Masha Pru-Shang Gawn Hkang Jawng) ကို လိုင်ဇာမြို့ အလဲန့်ဘွမ် (Alen Bum) တွင် ဖွင့်လှစ်သင်ကြားနေကြောင်း သိရသည်။

Thursday, May 16, 2013

အစိုးရနှင့် KIA တပ်များ ကွတ်ခိုင်-မူဆယ် ကြား တိုက်ပွဲဖြစ်ပွား

ရှမ်းမြောက် KIA တပ်မဟာ ၄ စစ်သား တဦး။


ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်နှင့် မူဆယ် ကြား ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) တပ်ရင်း ၉ နယ်မြေတွင် အစိုးရတပ်နှင့် KIA တပ်ဖွဲ့ကြား ယနေ့ နံနက်ပိုင်းတွင် အချိန်တိုတိုက်ပွဲဖြစ်ပွားခဲ့သည်။

Wednesday, May 15, 2013

ဇိုင်းအောင် ဒုက္ခသည်စခန်းတွင် ၀မ်းပျက် ၀မ်းလျှောနှင့် နှာစေးချောင်းဆိုးသူ များနေ

ZAI AWNG HPYEN YEN DABANG, WAIMAW GINWANG.

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် တရုတ်နယ်စပ်ရှိ ဇိုင်းအောင် (Zai Awng) ဒုက္ခသည်စခန်းတွင် ယခုလ မိုးရာသီဝင်လာချိန်မှစကာ ၀မ်းပျက်၊ ၀မ်းလျှောရောဂါနှင့် နှာစေးချောင်းဆိုးသူ များလာပြီး ဆေးဝါးများ အရေးတကြီးလိုအပ်နေကြောင်း သိရသည်။

Tuesday, May 14, 2013

အကူညီနည်းလာခြင်းကြောင့် ဇီးလွန် ဒုက္ခသည်ကလေးများအတွက် ပညာရေး စိုးရိမ်ရ

တရုတ်နယ်စပ် ကချင်စစ်ပြေးဒုက္ခသည် ကလေးများ။


ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ်အတွင်းရှိ ဇီးလွန် ဒုက္ခသည်စခန်းတွင် အကူအညီများ နည်းလာခြင်းကြောင့် စားဝတ်နေရေး အခက်အခဲအပြင် ကလေးများ ပညာရေးအတွက် မိဘများ စိတ်ဆင်းရဲနေရကြောင်း သိရသည်။

Monday, May 13, 2013

အစိုးရတပ်နှင့် KIA မုန်ဂိုးဒေသတွင် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွား



 မြန်မာအစိုးရတပ်သည် ရှမ်းပြည်မြောက်ပိုင်း ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) မုန်ဂိုးဒေသသို့ စစ်အင်အားများ ဆက်လက်တိုးချဲ့လာကာ  တိုက်ပွဲများလည်း ဆက်တိုက်ဖြစ်ပွားနေကြောင်း သိရသည်။

ကချင် အဆိုတော်များ လိုင်ဇာဒုက္ခသည် စခန်းတွင် အခမဲ့ ဖျော်ဖြေ

လိုင်ဇာမြို့၊ ကချင်ပြည်နယ်။


ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ဗဟိုဌာနချုပ် လိုင်ဇာမြို့ရှိ ဒုက္ခသည်စခန်းတို့တွင် ကချင်အဆိုတော် ကြီးများနှင့် Shingni Nbat music အဖွဲ့မှ ဒုက္ခသည်များ၏ တောင်းဆိုမှုကြောင့် ရှိုးပွဲများ အခမဲ့ လိုက်လံဖျော်ဖြေနေကြောင်း သိရသည်။

Saturday, May 11, 2013

KIO ဒုက္ခသည်စခန်း အားလုံးအတွက် မူကြိုကျောင်း ဆရာဖြစ်သင်တန်း ပြုလုပ်

ဂျေယန် ဒုက္ခသည်စခန်း၊ လိုင်ဇာ။


ကချင်ပြည်လွတ်မြောက်ရေးအဖွဲ့ (KIO) ဗဟိုဌာနချုပ် လိုင်ဇာမြို့အနီးရှိ ဂျေယန့် (Je Yang) ကချင်ဒုက္ခသည် စခန်းတွင် KIO အုပ်ချုပ်နယ်မြေအတွင်းရှိ စစ်ရှောင်စခန်းအားလုံးမှ တက်ရောက်သော မူကြိုကျောင်းဆရာဖြစ် သင်တန်း တစ်ခု ပြုလုပ်နိုင်ခဲ့ကြောင်း သိသည်။

ဒုက္ခသည် ၇ ဦးကို အစိုးရ နယ်ခြားစောင့်တပ်မှ ဖမ်းဆီးသွား

နယ်ခြားစောင့်တပ် (ယခင် NDA-K) များကို မြစ်ကြီးနားမြို့တွင် အစိုးရ၀န်ထန်းများ ကြိုဆိုနေပုံ။

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ချီဖွေ-လောခေါင်ဇုံနယ် မြန်မာ-တရုတ်နယ်စပ် မှတ်တိုင်အမှတ် (၆) ဖရဲ (Hpare) စစ်ပြေးဒုက္ခသည်စခန်းမှ ဒုက္ခသည် ၇ ဦးကို မေလ ၈ ရက် ဗုဒ္ဓဟူးနေ့တွင် ပန်ဝါအထူး နယ်ခြားစောင့်တပ် (Border Guard Force) မှ ဖမ်းဆီးသွားကြောင်းသိရသည်။

Friday, May 10, 2013

လနားဇွပ်ဂျာ ဒုက္ခသည်စခန်း တွင် သောက်သုံးရေ ခက်ခဲနေ

လနားဇွပ်ဂျာ ဒုက္ခသည် စခန်း


ကချင်ပြည်နယ် ဗန်းမော်ခရိုင် တရုတ်နယ်စပ်ရှိ လနားဇွပ်ဂျာ (Lana Zup Ja) ကချင်ဒုက္ခသည်စခန်းတွင် သောက်သုံးရေခက်ခဲမှုပြဿနာ ဆက်လက်ကြုံနေရဆဲ ဖြစ်ကြောင်းသိရသည်။
၎င်းဒုက္ခသည်စခန်းတွင် အိမ်ခြေ ၅၉၆၊ လူဦးရေ ၂၅၉၁ ဦးရှိပြီး ၎င်းတို့သည်။

Thursday, May 9, 2013

အစိုးရတပ်နှင့် KIA ရှမ်းမြောက် ဂျာဒိုင်ယန် တွင် တိုက်ပွဲဖြစ်




ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်-ကွတ်ခိုင်ကြားရှိ ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) တပ်ရင်း ၉ နယ်မြေတွင် အစိုးရတပ်ပေါင်းစုံနှင့် KIA ပြည်သူ့စစ် (MHH) တပ်ဖွဲ့ကြား မေ ၈ ရက် ယမန်နေ့ ညပိုင်းတွင် ရင်ဆိုင် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

Wednesday, May 8, 2013

KIO ကျောင်းတွင် တရုတ်စာကို ဘာသာရပ် တခုအဖြစ် သင်ကြားသွားမည်

KIO MAI JA YANG အထက်တန်းကျောင်း၊ ကချင်ပြည်နယ်

ကချင်ပြည်နယ် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ထိန်းချုပ်သည့် မိုင်ဂျာယန်မြို့ (Mai Ja Yang) ထွယ်နင်ရှောင် (Htoi Ning Shawng) အထက်တန်းကျောင်းတွင် ယခုနှစ် ပညာသင်နှစ်မှစ၍ တရုတ်စာကို ကျောင်းသင်ရိုးညွှန်းတမ်းတွင် ထည့်သွင်း သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။

ဘွမ်စစ်ပါ ဒုက္ခသည်စခန်းတွင် စာသင်ကျောင်းဆောင် အခက်အခဲကြုံနေ

တရုတ်နယ်စပ် ကချင်ဒုက္ခသည် ကလေးငယ်များ။


၂၀၁၃-၂၀၁၄ ခုနှစ် ပညာသင်နှစ်အတွက် ကျောင်းများပြန်လည် ဖွင့်လှစ်ချိန်နီးလာပြီ ဖြစ်သော်လည်း ဗန်းမော်မြို့နယ် အတွင်းရှိ ဘွမ်စစ်ပါ (Bum Tsit Pa) ကချင်ဒုက္ခသည်စခန်းတွင် စာသင်ကျောင်းဆောင် အခက်အခဲဖြစ်နေကြောင်း သိရသည်။

Tuesday, May 7, 2013

မြန်မာအစိုးရတပ်နှင့် KIA ကြား ရှမ်းပြည်မြောက်ပိုင်းတွင် စစ်ဖြစ်နေဆဲ

၁၀၅ မိုင်မှ ချီတက်လာတဲ့ မြန်မာအစိုးရတပ်များ KIA မိုင်းဖြင့် တိုက်ခိုက်ခံရတဲ့ နေရာ၊ မန်ဂျတ်။


မြန်မာအစိုးရနှင့် KIO/KIA ကြား ငြိမ်းချမ်းရေးဆွေးနွေရန် ညှိနှိုင်းနေဆဲအချိန်တွင် ရှမ်းပြည်နယ်မြောက်ပိုင်း KIA တပ်မဟာ ၄ နယ်မြေတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ကြောင်း သိရသည်။

Monday, May 6, 2013

မြစ်ကြီးနား-လိုင်ဇာလမ်း ကားများ ပြန်ပြေးဆွဲလာ

မြစ်ကြီးနား-လိုင်ဇာလမ်းမှ ခရီးသည်တင် ကားများ။


ကချင်ပြည်နယ် တရုတ်နယ်စပ် အဓိက ကုန်သွယ်ရေးလမ်းကြောင်းတခုဖြစ်သည် မြစ်ကြီးနား-လိုင်ဇာ လမ်းကို ဧပြီလမှ တချို့ ပြည်သူများ ဆိုင်ကယ်ဖြင့် ပြေးဆွဲနေပြီဖြစ်ပြီး ယခုချိန် ကားဖြင့်လည်း  ပြေးဆွဲလာပြီဖြစ်ကြောင်း သိရသည်။

Thursday, May 2, 2013

ကချင်ဒုက္ခသည် ရန်ပုံငွေ ရှိုးပွဲ တနိုင်းမြို့တွင် ပြုလုပ်မည်

ဖါးကန့် ကချင်နှစ်ခြင်းအသင်းတော်ရှိ စစ်ပြေးဒုက္ခသည်များ။

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ထိန်းချုပ်နယ်မြေရှိ စစ်ရှောင်ဒုက္ခသည်စခန်းများတွင် အကူအညီပေးနိုင်ရန် ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော် (မူရင်း) ၏ ဒုတိယအကြိမ် ရန်ပုံငွေ ရှိုးပွဲကို ကချင်ပြည်နယ် တနိုင်းမြို့၌ မေလ ၄ ရက်နေ့တွင် ကျင်းပသွားမည်ဖြစ်ကြောင်း တာဝန်ခံတစ်ဦးထံမှ သိရသည်။