Wednesday, February 27, 2013

ICRC နိုင်ငံတကာကြက်ခြေနီအဖွဲ့မှ လိုင်ဇာမြို့ ဒုက္ခသည်စခန်းသို့ဝင်ရောက်ကာ ဆေးဝါးပစ္စည်းများ ကူညီပေး

ပထမဆုံး လိုင်ဇာ သို့ ရောက်လာတဲ့ IRC ကား။
တရုတ်-မြန်မာနယ်စပ် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ထိန်းချုပ်နယ်မြေ လိုင်ဇာမြို့သို့ နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ ICRC မှ ယမန်နေ့ ဖေဖေါ်ဝါရီ ၂၆ ရက်နေ့တွင် ဆေးဝါးပစ္စည်းများ လာရောက် ကူညီပေးခဲ့ကြောင်း သိရသည်။

Tuesday, February 26, 2013

ရှမ်းပြည်မြောက်ပိုင်း ရိခူးကျေးရွာတွင် KIA နှင့် အစိုးရတပ်တိုက်ပွဲဖြစ်ပွား

ပန်ဆိုင်းဒေသမှ MHH တပ်ခွဲ ၅ တပ်ဖွဲ့များ။
မြန်မာအစိုးရနှင့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) ကြား  စစ်ရေးတင်းမာမှုများ လျှော့သွားရန် ဆောင်ရွက်နေချိန် ရှမ်းပြည်မြောက်ပိုင်းတွင် တိုက်ပွဲများဖြစ်ပွားလာပြီး ယနေ့ နံနက် ပန်ဆိုင်း (Pangsai) မြို့ပတ်ဝန်းကျင် ရိခူး (Yi Hku) ကျေးရွာအနီးတွင် အစိုးရတပ်နှင့် KIA ပြည်သူ့စစ်တပ်ရင်း (MHH) တပ်ခွဲ (၅) တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။

Monday, February 25, 2013

KIA တပ်ရင်း (၆) ဌာနချုပ်တွင် အစိုးရတပ်များအလံစိုက်ထူကာ စခန်းချထား

ဖါးကန့် ကေအိုင်အေ တပ်ရင်း ၆ ဌာနချုပ် ဂင်စီ။
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) တပ်ရင်း (၆) ဌာနချုပ်တွင် ဖေဖေါ်ဝါရီ ၂၃ ရက်နေ့မှ မြန်မာအစိုးရအလံကို စိုက်ထူထား၍ စခန်းချလိုက်ပြီဖြစ်ကြောင်း သိရသည်။

Friday, February 22, 2013

ကချင်ဒုက္ခသည်စခန်းသို့ အကူညီပေးရာမှအပြန် နေမျိုးဇင်အဖွဲ့အား အစိုးရမှ အနှောက်ယှက်ပေးခဲ့


ဦးနေမျိုးဇင်ဦးဆောင်သော ရန်ကုန်အခြေစိုက် မြန်မာ့လူမှုရေးဘ၀ဖွံ့ဖြိုးတိုးတက်ရေးကွန်ယက်အဖွဲ့ ကို ကချင်ပြည်နယ် တရုတ်နယ်စပ် လိုင်ဇာမြို့သို့ ဒုက္ခသည်များကိုကူညီရာမှအပြန် လဂျားယန်ရှိ မြန်မာအစိုးရဂိတ်က တားမြစ်၍အနှောက်အယှက်ပေးခဲ့သောကြောင့် အပြန်ခရီးအခက်ခဲရင်ဆိုင်ခဲ့ရကြောင်း သိရသည်။

အစိုးရတားမြစ်ခံခဲ့ရသော ဦးနေမျိုးဇင်အဖွဲ့ ယနေ့လိုင်ဇာသို့ကူညီခွင့်ရ

ကေအိုင်အို ဌာနချုပ် လိုင်ဇာမြို့။
ကချင်ပြည်နယ် တရုတ်နယ်စပ် လိုင်ဇာမြို့သို့ ဒုက္ခသည်များကိုကူညီရန်သွားသော ဦးနေမျိုးဇင်ဦးဆောင်သော ရန်ကုန်အခြေစိုက် မြန်မာ့လူမှုရေးဘ၀ဖွံ့ဖြိုးတိုးတက်ရေးကွန်ယက်အဖွဲ့ကို လမ်းတွင် အစိုးရတပ်များတားမြစ်ထားရာက ယနေ့ ကချင်ပြည်နယ် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) လိုင်ဇာသို့ လာရောက်ကူညီခွင့်ရခဲ့ကြောင်းသိရသည်။

ရှမ်းပြည်မြောက်ပိုင်းဒေသသို့ အစိုးရတပ် အင်အားတိုးချလာ

ရှမ်းပြည်မြောက်ပိုင်း KIA တပ်မဟာ ၄ ဌာနချုပ်။
မြန်မာစစ်အစိုးရတပ်သည် ရှမ်းပြည်မြောက်ပိုင်းဒေသ ကချင်ပြည်လွတ်မြောက်ရေးအဖွဲ့ (KIO) နယ်မြေ နေရာ (၃) ခုတွင် စစ်ကား အစင်း ၉၀ ကျော်ဖြင့် ဖေဖ၀ါရီလ ၁၉ ရက် ဗုဒ္ဓဟူးနေ့ နံနက်ပိုင်းမှ အင်အားတိုးချလာကြောင်းသိရသည်။

Thursday, February 21, 2013

ကုလကူညီရေးအဖွဲ့များ ဖားကန့်ရှိဒုက္ခသည်များကို ဆက်လက်၍ လာရောက်ကူညီပေးလိုကြောင်း ပြောဆို

ဖါးကန့်သို့ ရောက်လာတဲ့ UN ဒုက္ခသည် ကယ်ဆယ်ရေးများ။
ကချင်ပြည်နယ် ဖားကန့်မြို့ရှိ စစ်ပြေးဒုက္ခသည်များကို ၁ လစာအတွက် အကူညီပေးရန်ရောက်ရှိလာသော ကုလသမဂ္ဂ အကူအညီပေးရေးအဖွဲ့သည် အခက်အခဲရင်ဆိုင်နေရသော ဒုက္ခသည်စခန်း အသီးသီးသို့ကြည့်ရှုကာ ဆက်လက်၍ အကူအညီပေးချင်ကြောင်း ပြောဆိုခဲ့သည်။

Wednesday, February 20, 2013

အမေရိကန်ရောက် ချင်းအမျိုးသားများမှ ကချင်ဒုက္ခသည်များအတွက် ၁ လစုဆောင်းထားသောငွေ လှူဒါန်း

အမေရိကန်ရောက် ချင်းအမျိုးသားများမှ ကချင်ဒုက္ခသည်များအတွက် အမေရိကန် ဒေါ်လာ ၁၅၃၁၅ ပေးလှူ။
အမေရိကန်နိုင်ငံ မေရီလဲန်း (Mary Land) ရောက် ချင်းအမျိုးသားများမှ ကချင်စစ်ဘေးသင့် ဒုက္ခသည်များအတွက်ရည်ရွယ်၍ တစ်လအတွင်းစုဆောင်းထားသော ကျပ်သိန်း ၁၃၀ ကျော်ရှိသော အမေရိကန် ဒေါ်လာ $15,315 ကို ဖေဖေါ်ဝါရီလ ၁၈ ရက်နေ့က ပေးအပ်လှူဒါန်းလိုက်သည်။

ကချင်ပြည်နယ် တရုတ်နယ်စပ် ဂျေယန့် ဒုက္ခသည်စခန်းတွင် ကလေးများ ၂၀ ကျော် ၀မ်းရောဂါဖြစ်ပွား

Je Yang ဒုက္ခသည်စခန်း၊ လိုင်ဇာ
ကချင်ပြည်လွတ်မြောက်ရေးအဖွဲ့ (KIO) ဌာနချုပ်ရှိ ဂျေယန့် (Je Yang) စစ်ပြေးဒုက္ခသည်စခန်းတွင် ၆ နှစ်အောက်ကလေးများ အယောက် ၂၀ ကျော် ဝမ်းရောဂါဖြစ်ပွားနေကြောင်းသိရသည်။

Saturday, February 16, 2013

KIA နယ်မြေတွင်း အစိုးရတပ် လွှတ်ထားသော ထောက်လှမ်းရေး ၂ ဦးကိုဖမ်းဆီးရမိ

ရှမ်းပြည်မြောက်ပိုင်း မုံးဂုံးဒေသ ရှေ့တန်းတွင် မြင်ရတဲ့ မြန်မာစစ်သား ၂ ဦး။
ရှမ်းပြည်မြောက်ပိုင်း မုံကိုးဒေသရှိ ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA)၏  MHH ခေါ် အရပ်သားတပ်ဖွဲ့ တပ်ခွဲ (၅)နယ်မြေတွင် မြန်မာအစိုးရတပ်မှ လွှတ်ထားသည့် ထောက်လှမ်းရေး  ၂ ဦးကို KIA ဖမ်းဆီးလိုက်သည်။

Friday, February 15, 2013

KIA မျိုးချစ်ရဲဘော်များနဲ့“ချစ်သူများနေ့”

ရှေ့တန်းမှ KIA မျိုးချစ်ရဲဘော်များရဲ့ HAPPY VALENTINE'S DAY

 KIA မျိုးချစ်ရဲဘော်များနဲ့“ချစ်သူများနေ့”
ချစ်သူတွေအတွက် ရင်ခုန်စရာ နေ့ရက်တရက်ဖြစ်သော ဖေဖေါ်ဝါရီ ၁၄ ရက်နေ့ ကျရောက်သည့် “ချစ်သူများနေ့” တွင် ချစ်သူရှိသူ မရှိသူ အသီးသီး လက်ဆောင်ပန်းစည်းများ ချော့ကလက်များ… စသဖြင့် အစီစဉ်အသီးသီးပြုလုပ်ပြီးပျော်နေကြချိန် အမျိုးမျိုးသောအကြောင်းကြောင့် မျိုးချစ်ရဲဘော်အဖြစ် ရှေ့တန်းတွင်ရောက်ရှိနေသော ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) ရဲဘော်များကို ၄င်းတို့ချစ်သူများနှင့်ပတ်သက်၍ ချစ်သူများနေ့အမှတ်တရစကားများကို KNG ကချင်သတင်းဌာနမှ မဆိုင်းခေါန် ဆက်သွယ်မေးမြန်းထားသည်။

မြစ်ကြီးနား ဇီးလွန်ကျောင်း မူလတန်းအဆောင် မီးလောင်ကျွမ်းသွားခြင်းကြောင့် စာသင်ရန် အခက်ခဲဖြစ်နေ

မြစ်ကြီးနားမြို့။

ကချင်ပြည်နယ် မြစ်ကြီးနား မြို့ ဇီးလွန်အထက်တန်းကျောင်းရှိ မူလတန်းအဆောင်ဟောင်းတွင် ယမန်နေ့ ဖေဖ၀ါရီ ၁၃ ရက် နံနက် ၁ နာရီခန့်တွင် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး ကျောင်းသား ၅၀၀ ကျော် စာသင်ရန်အခက်ခဲရင်ဆိုင်နေရသည်။

Thursday, February 14, 2013

စစ်မှန်သောငြိမ်းချမ်းရေးအတွက် စားပွဲဝိုင်းပေါ်တွေ့ဆုံဆွေးနွေးမည်ဟု သမ္မတဦးသိန်းစိန်၏ ပြောဆိုမှုအပေါ် KIO ၀မ်းမြောက်စွာကြိုဆို

KIO အထွေထွေအတွင်းရေးမှူး ဒေါက်တာ လဂျာ (လယ်)။
ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းဦးဆောင်သော အဖွဲ့နှင့် KIO အမြဲတမ်းဗဟိုကော်မတီဝင် ဦးဆွမ်လွတ်ဂမ် ဦးဆောင်သော ဆွေးနွေးရေးအဖွဲ့တို့ တရုတ်နိုင်ငံ ရွှေလီမြို့တွင်တွေ့ဆုံစဉ် “ခိုင်မာသော စစ်ပြေငြိမ်းရေးကို အလျင်အမြန်အကောင်အထည်ဖော်နိုင်ရန် ပဋိပက္ခဖြစ်ပွားနေသောနေရာများတွင် လေ့လာစောင့်ကြည့်စီစစ်ရေးစံနစ် ပေါ်ပေါက်လာရေး” သဘောတူညီမှုရရှိကာ ပူးတွဲထုတ်ပြန်ခဲ့ပြီးနောက် ယနေ့ KIO ဖက်မှ သမ္မတ၏ စာကိုလည်းကြိုဆိုကြောင်း လူထုကို အသိပေးထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

Wednesday, February 13, 2013

အစိုးရတပ် နောက်ဆုတ်ထားသော ရှေ့တန်းစခန်းတခုကို KIA ပြန်လည်နေရာယူလိုက်

လိုင်ဇာ ဗဟိုဌာနချုပ် လုံခြုံရေးယူနေတဲ့ KIA စစ်သားများ။
မြန်မာအစိုးရတပ်မှ တိုက်ခိုက်သိမ်းပိုက်ထားသော ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA)၏ ရှေ့တန်း တပ်စခန်းတစ်ခုဖြစ်သော် ဂျော်မော် (Jaw Maw)စခန်းကို အစိုးရတပ်ဖက်မှ ဆုတ်ခွာသွားသောကြောင့် ဖေဖော်ဝါရီလ ၁၀ ရက်နေ့ က KIA တပ်ရင်း (၂၅)မှ  ပြန်လည်နေရာယူလိုက်ကြောင်း သိရသည်။

အစိုးရတပ်ဖွဲ့များနှင့် KIA တပ်များထိပ်တိုက်ရင်ဆိုင်ခဲ့ရာ ပစ်ခတ်မှုမဖြစ်စေရန် ညှိနှိုင်းနိုင်ခဲ့

မြန်မာအစိုးရတပ် (ဘယ်) နဲ့ KIA တပ်ဖွဲ့

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) တပ်ရင်း (၆ )နယ်မြေ ဂျာရာယန် (Ja Ra Yang)သို့ လှုပ်ရှားလာသော အစိုးရတပ်ဖွဲ့နှင့် KIA တပ်များ ထိပ်တိုက်ရင်ဆိုင်ခဲ့ရာ  ပစ်ခတ်တိုက်ခိုက်မှုမဖြစ်ပွားစေရန် နှစ်ဖက် ညှိနှိုင်းနိုင်ခဲ့ကြောင်း သိရသည်။

Monday, February 11, 2013

RFA-KACHIN TV: Jan. 2nd week, 2013

Thursday, February 7, 2013

KIO နယ်မြေသို့ တိုးလာနေဆဲဒုက္ခသည်များအတွက် နိုင်ငံတကာ အကူအညီလိုအပ်

ယမန်နှစ်က UN မှ ဆန်များကို ယခုလို KIO မိုင်ဂျာယန် ဒုက္ခသည်စခန်းတခုတွင် ဝေငှပေးနေပုံ။

ကချင်ပြည်နယ်တွင်း ၁ နှစ်ကျော်ကြာဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) ထိန်းချုပ်နယ်မြေများတွင် ဒုက္ခသည်များသည် တိုးလာနေဆဲဖြစ်ပြီး နိုင်ငံတကာ ကုလသမဂ္ဂအဖွဲ့စည်းများ၏ အကူအညီ လိုအပ်နေကြောင်းသိရသည်။

Wednesday, February 6, 2013

မြစ်ကြီးနားဆေးရုံဝင်း ၀န်ထမ်းတန်းမီးလောင်မှု အိမ် ၁၁ လုံး ပါသွား

မီးလောင်ပျက်ဆီးနေတဲ့ မြစ်ကြီးနားဆေးရုံ ၀န်ထမ်းဆောင်မြင်ကွင်း။
ဖေဖေါ်ဝါရီလ ၆ ရက် ယနေ့မနက် ၃ နာရီတွင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့  ပြည်သူ့ဆေးရုံကြီးဝင်းရှိ ၀န်ထမ်းများနေထိုင်သည့်ဘက်တွင် ၀ါယာကြိုးရှော့ဖြစ်သောကြောင့်ဟု ယူဆရသောမီးလောင်ကျွမ်းမှုတခုဖြစ်ပွားခဲ့ပြီး မိသားစုများနေထိုင်သော အိမ် ၁၁ လုံး လောင်ကျွမ်း ပျက်စီးသွားခဲ့ကြောင်း သိရသည်။

Tuesday, February 5, 2013

ကချင်တော်လှန်ရေးနေ့ကို လိုင်ဇာတွင် လုံခြုံရေးကြောင့် လူထုများသာကျင်းပနိုင်

ဗဟိုဌာနချုပ် လိုင်ဇာမှာကျင်းပတဲ့ ၅၃ ကြိမ်မြောက် ကချင်တော်လှန်ရေးနေ့တွင် မြင်တွေ့ရတဲ့ KIO အရပ်ဖက်ဌာန(DGA) အုပ်ချုပ်ရေးမှူး Salang Kaba Lajawng Hkawng Lum. ပုံ-ကချင်သတင်းဌာန

ဗဟိုဌာနချုပ် လိုင်ဇာမှာကျင်းပတဲ့ ၅၃ ကြိမ်မြောက် ကချင်တော်လှန်ရေးနေ့တွင် မြင်တွေ့ရတဲ့ KIO အရပ်ဖက်ဌာန(DGA) အုပ်ချုပ်ရေးမှူး Salang Kaba Lajawng Hkawng Lum. ပုံ-ကချင်သတင်းဌာန

ယနေ့ ဖေဖော်ဝါရီ ၅ ရက်တွင်ကျသော (၅၃) ကြိမ်မြောက် “ကချင်တော်လှန်ရေးနေ့” အခမ်းအနားကို ကချင်ပြည်လွတ်လပ်ရေးတပ်မတော် (KIA) ဗဟိုဌာနချုပ် လိုင်ဇာတွင် လုံခြုံရေးယူကာ ပြည်သူလူထုများသာ သီးသန့် ပြုလုပ်ကျင်းပခဲ့ကြသည်။

အစိုးရနဲ့ KIO ငြိမ်းချမ်းရေးတည်ဆောက်မှုလမ်းစဉ်တွင် အဟန့်အတားဖြစ်နေဆဲဟု KIO ပြော

ဗဖဖေါ်ဝါရီ ၄ ရက် မြန်မာ-KIO တရုတ်ပြည် ရွှေလီအစည်းဝေးမှာ ကချင်အဖွဲ့ ခေါင်းဆောင် ဦး Sumlut Gam မှ ဆွေးနွေးနေပုံ။
 ကချင်ပြည်လွတ်မြောက်ရေးအဖွဲ့ (KIO)နှင့် မြန်မာအစိုးရသည် စ စ်ရေးတင်းမာမှုအား ပြေငြိမ်းနိုင်ရေး နှစ်ဖက်တွေ့ဆုံဆွေးနွေးမှုများအကြိမ်ကြိမ် ပြုလုပ်နေသော်လည်း လက်တွေ့မှာ ငြိမ်းချမ်းရေးတည်ဆောက်နိုင်ရေးလမ်းစဉ်တွင် အဟန့်အတားဖြစ်နေသေးကြောင်း KIO ပြောသည်။

ရှမ်းပြည်မြောက်ပိုင်း KIO တပ်များရှိရာနယ်မြေသို့ အစိုးရတပ်များအင်အားတိုးချ

ရှမ်းပြည်မြောက်ပိုင်း တိုက်ပွဲတွင် မြန်မာအစိုးရတပ်မှ သိမ်းဆီးရရှိတဲ့ လက်နက်များ။

ရှမ်းပြည်နယ်မြောက်ပိုင်း ကချင်လွပ်မြောက်ရေးတပ်ဖွဲ့ (KIA) တပ်မဟာ (၄) နယ်မြေတွင် ယခုချိန် ပြင်းထန်စွာပစ်ခတ်တိုက်ခိုက်မှုများ မရှိသေးသော်လည်း အစိုးရစစ်တပ်ဖက်မှ စစ်အင်အားများ တိုးချဲ့နေကြောင်း အရာရှိများပြောသည်။

Saturday, February 2, 2013

ဖားကန့်သို့ ဒုက္ခသည်များကို ကူညီရန်လာသော KBC ဓမ္မဆရာများကို အစိုးရဂိတ်မှ တားဆီးလိုက်


ဖါးကန့် Maw Mau Bum လက်ဝါးကားတိုင်

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိုင်းရာကျေးရွာ (Seng Ra) ဒေသခံများကို ကူညီထောက်ပံ့မှုပေးရန် မြစ်ကြီးနားမြို့မှ ရောက်ရှိလာသော ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) ဓမ္မဆရာများကို ဖားကန့် ဆန်ခါ (Sang Hka) အစိုးရဂိတ်မှ တားဆီးလိုက်သည်။

အစိုးရထိုးစစ်ရပ်လျင် KIA လည်းဆက်လက် လှုပ်ရှားမည်မဟုတ်

KIO/KIA ဗဟိုဌာနချုပ် လိုင်ဇာ။ ပုံ-ကချင်သတင်းဌာန

မြန်မာ့တပ်မတော်အနေဖြင့် ထိုးစစ်ဆင်နွှဲခြင်းများအား ရပ်ဆိုင်းပါက ကချင်လွတ်လပ်ရေးတပ်မတော် (KIA) မှ လည်း ပြဿနာဖြစ်ပွားနိုင်မည့် စစ်ရေးလှုပ်ရှားမှုများကို ပြုလုပ်မည်မဟုတ်ဟု KIO ယနေ့ထုတ်ပြန်ကြေညာလိုက်သည်။

Friday, February 1, 2013

KIA အထက်ပိုင်းခေါင်းဆောင်အချို့ ဌာနချုပ်မှ ခရီးပြုနေ


ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဌာနချုပ်နယ်မြေရှိ အရေးကြီးသော လုံခြုံရေးတပ်စခန်းများကို အစိုးရတပ်မှ သိမ်းပိုက်ခဲ့ပြီးနောက် KIO အထက်ပိုင်း အရာရှိအချို့သည် လိုင်ဇာဌာနချုပ်မှ ခရီးပြုနေကြောင်း သိရသည်။