Thursday, January 31, 2013

မရမ်းကျေးရွာတွင် လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲ၍ မိခင်နှင့်ကလေး သေ ၃ ဦးဒဏ်ရာရ

ညာခြေထောက်နဲံ ညာလက် ဒဏ်ရာရရှိသွားတဲ့ ဦးဂျန်မော် အောင်နူး။
 ကချင်ပြည်နယ် မိုးကောင်းမြို့နယ် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နှင့် အစိုးရတပ်များတင်းမာသည့် နယ်မြေ မရမ်း (Mayan) ကျေးရွာတွင် လက်နက်ကြီးကျည် ရွာတွင်းသို့ကျရောက် ပေါက်ကွဲသဖြင့် ဒေသခံ ၂ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရရှိသွားခဲ့သည်။

ကချင်ဒေသတွင် အဓမ္မနည်းဖြင့် ငြိမ်းချမ်းရေးရယူရန် ကြိုးပမ်းခြင်းကို ရပ်တန့်ရန် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC တောင်းဆို

ဇွန် ၁၁၊ ၂၀၁၂ KBC အတွင်းရေးမှူး Rev. Dr. Hkalam Sam Sun မှ နှစ်ခြင်းလူငယ်များရဲ့ ကချင်စစ်ပွဲ ၁ နှစ်ပြည့် အခန်းအနားသို့ တက်ရောက် စကားပြောနေစဉ်။

ကချင်ပြည်နယ် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (Kachin Baptist Convention, KBC) သည်
ယနေ့ပြုလုပ်သော ငြိမ်းချမ်းရေးဆုတောင်းခြင်းအစီစဉ်တွင် အစိုးရအား အဓမ္မနည်းဖြင့် ငြိမ်းချမ်းရေးရယူရန် ကြိုးပမ်းခြင်းထက် စစ်မှန်ပြီး တရားမျှတသောငြိမ်းချမ်းရေး ရရှိနိုင်ရန် “တိကျသောမူဝါဒများ၊ လုပ်ငန်းစဉ်များ” ချမှတ်ကာ နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးခြင်း အမြန်ဆုံးပြုလုပ်ရန်တောင်းဆိုလိုက်သည်။

Wednesday, January 30, 2013

လိုင်ဇာကို အစိုးရ ၀င်သိမ်းမည်ကို စိုးရိမ်နေချိန် သေနတ်သံများငြိမ်သက်နေ

KIO ဗဟိုဌာနချုပ် လိုင်ဇာ

ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၏ အရေးကြီးသော လုံခြုံရေးတပ်စခန်းတခုဖြစ်သည့် ခရာဘွမ်တောင်ကုန်း (Hka Ya Bum) ကို အစိုးရတပ်ဖွဲ့မှ တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် KIA ဌာနချုပ်လိုင်ဇာ (Laiza)ကို ဆက်လက်တိုက်ခိုက်သိမ်းပိုက်မည်ကို စိုးရိမ်စွာဖြင့် အကဲခတ်စောင့်ကြည့်နေချိန်  သေနတ်သံများ ငြိမ်နေကြောင်း သိရသည်။

မိုင်ဂျာယန် ပါကထောင် ဒုက္ခသည်စခန်းတွင် ကလေး ၅၀ ကျော် ၀မ်းရောဂါဖြစ်ပွား

တရုတ်နယ်စပ် စစ်ပြေးစခန်းတခုမှ ကချင်ဒုက္ခသည်များ။

ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ထိန်းချုပ်နယ်မြေ မိုင်ဂျာယန် (Mai Ja Yang) ရှိ ပါကထောင် (Pa Kahtawng) ဒုက္ခသည်စခန်းတွင် ၅ နှစ်အောက် ကလေး  ၅၀ ကျော်တွင် ဝမ်းပျက်ရောဂါဖြစ်ပွားနေကြောင်း မိုင်ဂျာယန် (Mai Ja Yang) ကျန်းမာရေးဌာနမှ သိရသည်။

Tuesday, January 29, 2013

အစိုးရစစ်တပ် လိုင်ဇာသိမ်းပိုက်လျင် ဒုက္ခသည်များ တရုတ်ပြည်သို့ခိုလှုံမည်

ကချင်ပြည်နယ် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဗဟိုဌာနချုပ် လိုင်ဇာ (Laiza) ဒေသရှိ ဒေသခံများနှင့် ဒုက္ခသည်များသည်  မြန်မာအစိုးရစစ်တပ်မှ လိုင်ဇာသို့တိုက်ခိုက်သိမ်းပိုက်လာလျင် တရုတ်ပြည်သို့ ထွက်ပြေးခိုလှုံရန်ပြင်ဆင်နေကြသည်။

စစ်ရေးအရ KIA ၏ အရေးကြီးသောစခန်းအားလုံး အစိုးရစစ်တပ်ဖွဲ့မှ သိမ်းပိုက်လိုက်

အစိုးရစစ်တပ်သည် စစ်ရေးအားဖြင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၏ အရေးကြီးသော လုံခြုံရေးတပ်စခန်း တောင်ကုန်းများကို သိမ်းပိုက် လိုက်ပြီဖြစ်ကြောင်း KIO ပြောသည်။

Saturday, January 26, 2013

ကချင်ထိုးစစ်ရပ်စဲရေး တရုတ်နှင့် အမေရိကန် ကောင်စစ်ဝန်ရုံးများရှေ့တွင် ဆန္ဒထုတ်ဖော်

ဇန်န၀ါရီ ၂၅ ထိုင်းနိုင်ငံ ချင်းမိုင် တရုတ်ကောင်စစ်ဝန်ရုံးရှေ့မှာ ဆန္ဓပြနေတဲ့ ထိုင်းနိုင်ငံကချင်လူမျိုးများ။ ပုံ-ကချင်သတင်းဌာန
ကချင်ပြည်နယ်အတွင်း မြန်မာအစိုးရတပ်များ ထိုးစစ်ဆင်တိုက်ခိုက်မှုနှင့် ပတ်သက်၍ ထိုင်းနိုင်ငံရောက် ကချင်လူမျိုးများက ချင်းမိုင်ရှိ အမေရိကန်နှင့် တရုတ်ကောင်စစ်ဝန်ရုံးများ ရှေ့တွင် ယနေ့နံနက်က ဆန္ဒပြခဲ့သည်။

ကချင်ပြည်နယ်တွင် အစိုးရ၏ အရပ်သားများထိခိုက်စေသော ထိုးစစ်ဆင်ခြင်းအပေါ် အမေရိကန်ပြည်ထောင်စု ပြင်းထန်စွာကန့်ကွက်

ဇန်န၀ါရီ ၂၅၊ ယနေ့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့ တရုတ်ကောင်စစ်ဝန်ရုံး ရှေ့မှာ ဆန္ဒပြနေတဲ့ ထိုင်းနိုင်ငံကချင်လူမျိုးများ။
မြန်မာအစိုးရတပ်မတော်မှ ထိုးစစ်ဆင်နေသော ကချင်ပြည်နယ်တွင် အရပ်သားများထိခိုက်သေကျေစေပြီး အမျိုးသားပြန်လည်သင့်မြတ်ရေးကို အားယုတ်စေသော တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေခြင်းကို အမေရိကန်ပြည်ထောင်စုက ပြင်းထန်စွာ ဆန့်ကျင်ကန့်ကွက်လိုက်သည်။

Thursday, January 24, 2013

အစိုးရတပ်မှ ဆန်ခါကျေးရွာ နေအိမ်များကိုဖျက်ဆီးကာ ငွေနှင့်ကျောက်စိမ်းတုံးများ လုယက်သွား


ဖါးကန့် KBC ကချင်အသင်းတော်မှာ ခိုလှုံနေတဲ့ စစ်ပြေးဒုက္ခသည်များ။

မြန်မာအစိုးရစစ်တပ်ဖွဲ့သည် ကချင်ပြည်နယ် ဖားကန့်မြို့ ဆန်ခါ (Sang Hka) ကျေးရွာရှိ ဒေသခံများ၏ နေအိမ်အသီးသီးကို အဓမဖျက်ဆီး၍ အဖိုးတန်ပစ္စည်းများရှာဖွေမွှေနှောက်ကာ ငွေနှင့် ကျောက်စိမ်းတုံးများကို လုယူသွားခဲ့ကြောင်း ဒေသခံမျက်မြင်များပြောသည်။

KIA ဌာနချုပ်နှင့် အနီးဆုံးစခန်းတွင် အစိုးရတပ်မှ လက်နက်ကြီးများဖြင့်ပြင်းထန်စွာပစ်ခတ်တိုက်ခိုက်

လဂျားယန်အနီး လေယာဉ်ပစ် စစ်သေနတ်နဲ့ KIA စစ်သားများ။ ပုံ - KNG ကချင်သတင်းဌာန

အစိုးရတပ်ထိုးစစ်ဆင်နေသော ကချင်လွတ်လပ်ရေးတပ်မတော် KIA ဗဟိုဌာချုပ်၏ အနီးဆုံးရှိ ခယာဘွမ် (HKa Ya Bum) တွင် ယမန်နေ့ ၁ နာရီခွဲချိန်မှယနေ့ထိ ပြင်းပြင်းထန်ထန် လက်နက်ကြီးများဖြင့်  အဆက်မပျက်ပစ်ခတ်တိုက်ခိုက်နေကြောင်း တပ်မဟာ(၅) KIA အရာရှိပြောသည်။

လိုင်ဇာမြို့ရှိ ဒုက္ခသည်စခန်းတွင် ကလေးများ ၁၀၀ ကျော် ၀မ်းရောဂါဖြစ်ပွားနေပြီး ၆ ဦးသေဆုံးမှုရှိ

Je Yang ဒုက္ခသည်စခန်းမှ မိခင်နဲ့ ကလေး။
 ကချင်ပြည်နယ် တရုတ်မြန်မာနယ်စပ် လိုင်ဇာမြို့စစ်ပြေးဒုက္ခသည်စခန်းရှိ ၁ နှစ်အောက်ကလေးငယ် အယောက် ၁၀၀ ကျော်တွင် ၀မ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားနေပြီး သေဆုံးသူ ၆ ဦး ရှိပြီဖြစ်ကြောင်း လိုင်ဇာ ကျန်းမာရေးဌာနက ပြောသည်။

အစိုးရတပ်မှ ကချင်လွတ်လပ်ရေးတပ်မတော် KIA ရှိရာနေရာအနှံ့ ထိုးစစ်ဆင်ရန်အင်အားဖြည့်လှုပ်ရှားနေ

ဇန်န၀ါရီ ၂၃ မြစ်ကြီးနားမှ ပန်ဝါသို့ စစ်အင်အားများ သယ်ပို့ပေးနေတဲ့ မြန်မာအစိုးရ ရဟတ်ယာဉ်များ။ ပုံ-KNG ကချင်သတင်းဌာန

ကချင်ပြည်နယ်တွင်း မြန်မာ့တပ်မတော်၏ စစ်ဆင်ရေးလှုပ်ရှားမှုသည် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဗဟိုဌာနချုပ် လိုင်ဇာနယ်မြေသာမက KIA တပ်ချထားရာ ဒေသအနှံ့တွင် ထိုးစစ်ဆင်ရန် အင်အားများတိုးချဲ့၍ ပြင်ဆင်နေကြောင်းသိရသည်။

Wednesday, January 23, 2013

ပညာရေးထိခိုက်မှုမရှိစေရန် လုံခြုံရေးစိုးရိမ်မှုကြားက လိုင်ဇာကျောင်းပြန်ဖွင့်

KIO/KIA ဌာနချုပ် လိုင်ဇာ အနီးမှ ဒုက္ခသည်စခန်းတခု။

မြန်မာအစိုးရတပ်ဖွဲ့နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဌာနချုပ်နယ်မြေတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေချိန်ဖြစ်သော်လည်း လိုင်ဇာမြို့ရှိ ဒုက္ခသည်စခန်းတွင် ခိုလှုံနေသော ကျောင်းသူ/သားများ ပညာရေးနောက်မကျစေရန် ယနေ့မှစ၍ စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်လိုက်သည်။

အစိုးရထိုးစစ်ကြောင့် ဖားကန့် ဂင်ဆီ ဆိုင်းရာဒေသရှိ ဒေသခံ ၃၀၀၀ ကျော်ထွက်ပြေးတိမ်းရှောင်လာ


လုံးခင်းနဲ့ KIA တပ်ရင်း ၆ Ginsi ကို ဆက်သွယ်ပေးသော ဥရုချေင်းတံတား၊ ဖားကန့်မြို့နယ်။
မြန်မာအစိုးရတပ်သည် ဖားကန့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တပ်ရင်း (၆) ဒေသ ဂင်ဆီဆိုင်းရာအနီးသို့ စစ်ကြောင်းများဖြင့်ဝင်ရောက် ထိုးစစ်ဆင်တိုက်ခိုက်လာသောကြောင့် ဒေသခံများကြောက်လန့်၍ ၄င်းဒေသအနီးဝန်ကျင်ရှိ ကျေးရွာများမှ ရွာသား ၃၀၀၀ ကျော် ဒုက္ခသည်စခန်းသို့ ထွက်ပြေးတိမ်းရှောင်လာကြသည်။

Tuesday, January 22, 2013

အစိုးရငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နှင့် KIO သီးခြားတွေ့ဆုံဆွေးနွေးမည်မဟုတ်


ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) သည် အစိုးရစစ်တပ်၏ ထိုးစစ်ဆင်မှုများဆက်လက်ဖြစ်ပွားနေချိန် အစိုးရပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် သီးခြားတွေ့ဆုံဆွေးနွေးမှုကို ငြင်းဆိုလိုက်သည်။

Monday, January 21, 2013

ရန်ကုန်မြို့မှ ကချင်ပြည်နယ် လိုင်ဇာမြို့သို့ ငြိမ်းချမ်းရေးလမ်းလျှောက်မည့်သူများ ယနေ့စတင်ထွက်ခွာ


ပြည်တွင်းငြိမ်းချမ်းရေးအတွက် ရန်ကုန်မြို့ရှိ ငြိမ်းချမ်းရေးလိုလားသူ တိုင်းရင်းသားလူငယ်များဦးဆောင်၍ ရန်ကုန်မှ မိုင် ၈၀၀ ကျော်ဝေးသည့် တရုတ်ပြည်နယ်စပ် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ထိန်းချုပ်နယ်မြေ လိုင်ဇာမြို့သို့ လမ်းလျှောက်မည့် ခရီးစဉ်ကို ယနေ့ စတင်လိုက်သည်။

Saturday, January 19, 2013

အစိုးရစစ်တပ် ပြင်းထန်စွာထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် KIA တပ်စခန်းတချို့နောက်ဆုတ်လိုက်ရ



အစိုးရစစ်လေယာဉ်မှ ပစ်ခတ်မှုကြောင့် ပျက်ဆီးသွားသော လိုင်ဇာအနီး KIA စခန်းတစ်ခု။ ပုံ - ကချင်သတင်းဌာန
အစိုးရတပ်နှင့် ကချင်လွတ်လပ်ရေးတပ်ဖွဲ့ (KIA)များ ဌာနချုပ်လိုင်ဇာမြို့အနီး တပ်မဟာ () နယ်မြေ တွင် အနည်းဆုံး ၃ နေရာ၌ တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားခဲ့ပြီး KIA တပ်စခန်းတချို့ နောက်ဆုတ်လိုက်ရသည်။

Friday, January 18, 2013

မဂါးယန်ဒုက္ခသည်စခန်းတွင် ကလေးငယ်များ ၀မ်းရောဂါဖြစ်ပွား

ကေအိုင်အို ထိန်းချုပ်နယ်မြေ မဂါးယန် (Maga Yang) စစ်ပြေးဒုက္ခသည်စခန်း။

တရုတ်-မြန်မာနယ်စပ် ၀ိုင်းမော်မြို့နယ် ဆဒုန်းဒေသ မဂါးယန် (Maga Yang) ကချင်စစ်ပြေးဒုက္ခသည်စခန်းတွင်ရှိသော ကလေးငယ်များတွင် ၀မ်းရောဂါဖြစ်ပွားနေကြောင်း ကူညီစောင့်ရှောက်ရေးအဖွဲ့များပြောသည်။

မြစ်ကြီးနားမြို့တွင် အစိုးရစစ်တပ်မှ စစ်သားစုဆောင်းမှုနှင့် ပေါ်တာအဖြစ်ဖမ်းဆီးနေသော သတင်းများကြောင့် ညမထွက်ရဲ

ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနား လုံခြုံရေးတင်းကြပ်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ပေါ်တွင် မြန်မာအစိုးရစစ်တပ်မှ စစ်သားစုဆောင်းရေးနှင့် ပေါ်တာအဖြစ် ဖမ်းဆီးခေါ်ဆောင် နေသောသတင်းများကြောင့် ဒေသခံပြည်သူများ ညမထွက်ရဲပဲ စိုးရိမ်ကြောက်လန့်နေကြသည်။

လကန်းဘွမ်တိုက်ပွဲတွင် အစိုးရတပ်ဖွဲ့မှ ၅ ဦးကျပြီး လက်နက်ကျည်ဆံများ KIA သိမ်းယူရရှိ

ဇန်န၀ါရီ ၁၇ Lakang Bum တိုက်ပွဲတွင် မြန်မာအစိုးရတပ်မှ KIA သိမ်းယူရရှိတဲ့ လက်နက်ပစ္စည်းများ။
ကချင်ပြည်နယ် ဗန်းမော်ခရိုင် ကချင်လွတ်လပ်ရေးတပ်ဖွဲ့ (KIA) တပ်ရင်း (၂၄) နယ်မြေ ဖွန်းပျဲန်ဘွမ် (Hpun Pyen Bum) အနီး လကန်းဘွမ် (Lakang Bum) တောင်ခြေတွင် မိုးမိတ်အခြေစိုက် အစိုးရတပ်နှင့် ယမန်နေ့ နံနက် ရ နာရီခွဲချိန် တိုက်ပွဲများဖြစ်ပွားခဲ့ရာ အစိုးရစစ်တပ်မှ ၅ ဦးသေဆုံးပြီး လက်နက်ကျည်ဆံများ သိမ်းယူရရှိခဲ့ကြောင်း ရှေ့တန်းသတင်းအရသိရသည်။

Thursday, January 17, 2013

ကချင်စစ်တပ်မှ ဖမ်းဆီးထားသော အစိုးရတပ်သား ၂၃ ဦးကို လွှတ်ပေး

ဖမ်းဆီးထားတဲ့ မြန်မာ့တပ်မတော်မှ ကလေးစစ်သားများကို KIA မှ လွှတ်ပေး။

ဖမ်းဆီးထားတဲ့ မြန်မာအစိုးရ စစ်သားများကို KIA မှ ပြန်လွှတ်ပေးတဲ့ အခန်းအနား လိုင်ဇာမှာပြုလုပ်။

မြန်မာအစိုးရတပ်နှင့် ကချင်လွတ်လပ်ရေးတပ်ဖွဲ့ (KIA) စစ်ပွဲများအတွင်း KIA မှ ဖမ်းဆီးထိန်းသိမ်း ထားသော အစိုးရ တပ်မတော် တပ်သား ၂၃ ဦးကို  KIA ဖက်မှလွှတ်ပေးလိုက်ကြောင်းသိရသည်။

ပါကထောင် ဒုက္ခသည်စခန်းတွင် တိုက်ပွဲဖြစ်ပွားချိန် ပုန်းခိုရန်ပြင်ဆင်ထားသည့် ကတုတ်ကျင်းမြေပြိုမှုကြောင့် ကလေး (၃) ဦးသေ

ဇန်န၀ါရီ ၁၅၊ Pa Kahtawng ဒုက္ခသည်စခန်းတွင် တိုက်ပွဲဖြစ်ပွားချိန် ပုန်းခိုရန်ပြင်ဆင်ထားသည့် ကတုတ်ကျင်းမြေပြိုမှုကြောင့် ကလေး (၃) ဦးသေ။ ပုံ-Jinghpaw Kasa

ဇန်န၀ါရီ ၁၅၊ Pa Kahtawng ဒုက္ခသည်စခန်းတွင် တိုက်ပွဲဖြစ်ပွားချိန် ပုန်းခိုရန်ပြင်ဆင်ထားသည့် ကတုတ်ကျင်းမြေပြိုမှုကြောင့် ကလေး (၃) ဦးသေ။ ပုံ-Jinghpaw Kasa

ကချင်ပြည်နယ် တရုတ်မြန်မာနယ်စပ် ကချင်လွတ်လပ်ရေးတပ်ဖွဲ့ KIA ထိန်းချုပ်နယ်မြေ မိုင်ဂျာယန်မြို့ (Mai Ja Yang) ပါကထောင် (Pa Kahtawng) ရှိ ဒုက္ခသည် စခန်းတွင် တိုက်ပွဲများကြောင့် လုံခြုံရေးအတွက် ပုန်းခိုရန်ပြုလုပ်ထားသော ကတုတ်ကျင်း မြေပြိုကျမှုကြောင့် ကလေး (၃) ဦး သေဆုံးသွားကြောင်းသိရသည်။

KIO ထိန်းချုပ်နယ်မြေရှိ ဒုက္ခသည်များအတွက် လုံခြုံမှုရှိသည့်နေရာ ရှာဖွေ၍မရ

Je Yang ဒုက္ခသည်စခန်း၊ KIO ထိန်းချုပ်နယ်မြေ၊ ကချင်ပြည်နယ် အရှေ့ဘက်။

ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဌာနချုပ်လိုင်ဇာမြို့ (Laiza mare) ကို အစိုးရစစ်တပ်မှ စစ်လက်နက် အင်အားသုံး၍ အဆက်မပြတ်တိုက်ခိုက်နေခြင်းကြောင့် ၄င်းဒေသတွင်ခိုလှုံနေသော ဒေသခံများနှင့် ဒုက္ခသည်များသည် လုံခြုံရေးအတွက် စိုးရိမ်ထိတ်လန့်မှုဖြစ်ပွားနေပြီး ခိုလှုံမည့်နေရာများ ရှာဖွေရန်အခက်ခဲရင်ဆိုင်နေရသည်။

Wednesday, January 16, 2013

အစိုးရစစ်တပ်များ ကချင်လွတ်လပ်ရေးအဖွဲ့ KIO ကို စစ်တိုက်လေယာဉ်များဖြင့် ဆက်လက်ထိုးစစ်ဆင်

တရုတ် K-8 ဂျက်တိုက်လေယာဉ်မှ Bum Re Bum KIA စခန်းကို တိုက်ခိုက်နေပုံ။  ပုံ-KNG ကချင်သတင်းဌာန

စစ်ရေးလေ့ကျင့်နေတဲ့ KIA စစ်သားများ။ ပုံ-KNG ကချင်သတင်းဌာန

မြန်မာအစိုးရတပ်နှင့် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) သည် ကချင်ပြည်နယ် ဗန်းမော်ခရိုင် ခယာ (Hka Ya) နှင့် ဘွမ်ရေဘွမ် ( Bum Re Bum) ကြားတွင် တိုက်ပွဲများဆက်လက်ဖြစ်ပွားခဲ့ရာ အစိုးရတပ်ဖက်ကမှ စစ်လေယာဉ်များဖြင့် တိုက်ခိုက်ခဲ့ကြောင်း ရှေ့တန်းမှ KIA အရာရှိတဦး KNG ကချင်သတင်းဌာနသို့ပြောသည်။