Tuesday, July 12, 2011

စစ်ဖြစ်နေသောကချင်ပြည်နယ်အတွက် အသင်းတော်များ အစာရှောင် ဆုတောင်း

ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (Kachin Baptist Convention, KBC) အောက် အသင်းတော်များမှ ကချင်ပြည်နယ် နိုင်ငံရေးတည်ငြိမ်အေးချမ်းရေးအတွက် ၂၄နာရီ အစာရှောင် ဆုတောင်းခြင်းအစီအစဉ်ကို တစ်ချိန်တည်း ပြုလုပ်ခဲ့သည်။

ကေဘီစီ ကချင်နှစ်ခြင်းအဖွဲ့ချုပ်ဆရာများ ကေအိုင်အို လိုင်ဇာဒုက္ခသည်စခန်းသို့ အလည်အပတ်သွားရောက်စဉ်။

မြန်မာအစိုးရက လူမျိုးတူချင်းရန်တိုက် စနစ်ဖြင့် ကချင်ကို တိုက်

မြန်မာအစိုးရက ယခု ကချင်တိုင်းရင်းသားတွေနှင့်ဖြစ်သောပြည်တွင်းစစ်တွင် “လူမျိုးတူချင်း ရန်တိုက်ပေးခြင်းစနစ်” ကို စနစ်တကျ ကျင့်သုံးနေကြောင်း ကချင်နိုင်ငံရေးလေ့လာသူ များ ပြောပါသည်။

သောင်းကျန်းသူဆန့်ကျင်ရေးတပ်ဖွဲ့ ခေါ် ရ၀မ်ပြည်သူ့စစ်တပ်ဖွဲ့ဝင်မျာ

မြန်မာတပ်မှ ဘွမ်ဆဲန်တောင် ပြန်တိုက် ယူရန် KIA အသင့်ရှိ

မြန်မာအစိုးရစစ်တပ် သိမ်းပိုက်ထားသည့် ဘွမ်ဆဲန်တောင်ကို ပြန်တိုက်ယူရန် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA)မှ အဆင်သင့် ရှိနေသည်ဟု KIA တပ်ရင်း ၁၅ အရာရှိတစ်ဦးက ပြောသည်။

ကချင်ပြည်နယ်အရှေ့ဘက် ရှေ့တန်းတနေရမှာ နေရာယူထားသော ကေအိုင်အေ စစ်သားတစ်ဦး။ ဓါတ်ပုံ-ကချင်သတင်းဌာန

Saturday, July 9, 2011

တရုတ်နယ်စပ် ကချင်ဒုက္ခသည် ကူညီရေးအဖွဲ့ RANIR ဖွဲ့စည်း

မြန်မာပြည်မြောက်ပိုင်း တရုတ်နယ်စပ်ရှိ ကချင်ဒုက္ခသည်များအား ကူညီရန် RANIR ခေါ် ကချင်ဒုက္ခသည် ကူညီရေးအဖွဲ့တစ်ခုကို ကချင်လွတ်မြောက်ရေးအဖွဲ့(KIO) ဌာနချုပ်လိုင်ဇာတွင် ဇွန် ၇ ရက် ကြာသပတေးနေ့တွင် ဖွဲ့စည်းခဲ့သည်။

RANIR ခေါ် “Relief Action Network for IDP (Internally Displaced Person) and Refugee” ကို KIO အဖွဲ့၊ ကချင်ခရစ်ယာန်အသင်းတော်များနှင့် အစိုးရမဟုတ်သောအဖွဲ့စည်းများမှ ပူးပေါင်းဖွဲ့စည်းပါသည်။

“မြန်မာအစိုးရနဲ့ KIO ကြားမှာ ပြည်တွင်းစစ်ပြီးပြီဆိုတာ မရေရာတဲ့အတွက် နောက်ပြီး နေရပ်စွန့်ခွာလာသူများရဲ့ အသက်ရှင်နေထိုင်နေရမှု အခြေအနေတွေ ဆိုးရွားလာတဲ့အတွက် RANIR ကို ဖွဲ့စည်းရတာဖြစ်တယ်။” ဟု အဖွဲ့ Coordinator-၁ လရစ်(La Rip) က ကချင်သတင်းဌာနသို့ပြောသည်။

ဇှုလှိုင် ၆ ရက်စာရင်းအရ နယ်စပ်တစ်လျှောက် ယာယီစခန်း ၁၂ ခု သို့ ဒုက္ခသည် ၁၅၇၉၁ ဦး ရှိနေပြီဟု KIO ဒုက္ခသည်စောင့်ရှောက်ရေးကော်မတီက ပြောသည်။

စစ်တပ်ကျောထောက်နောက်ခံ မြန်မာအစိုးရ၏ အဓိကမဟာမိတ် တရုတ်သည် ၎င်းတို့နိုင်ငံထဲ ကချင်စစ်ပြေးဒုက္ခသည်စခန်းများ တည်ဆောက်ခြင်း ယခုချိန်ထိ ခွင့်ပြုခြင်း မရှိပါ။

တရုတ်နယ်စပ် KIO လိုင်ဇာဌာနချုပ်မှ ကချင်စစ်ပြေးဒုက္ခသည် အမျိုးသမီးတစ်ဦး

Wednesday, July 6, 2011

မြစ်ဆုံရွှေတူးခြင်းခေတ္တရပ်ရာမှ ဒေသခံများ အားခြိမ်းခြောက်ကာ စီမံကိန်းသစ်ချတူးဖော်လာ

ကချင်ပြည်နယ်မြစ်ကြီးနားမြို့ဧရာဝတီမြစ်ဆုံတ၀ိုက်ရွှေတူး ဖော်မှု အားရပ်ဆိုင်းထားရာမှယခုလဇွန်လိုင်လဆန်းတွင် ပြန်လည်စီမံ ကိန်းသစ်ချရာဒေသခံများအားခြိမ်းခြောက်၍ ရပ်ရွာတွင်းပိုမိုတိုးချဲ့လုပ်ဆောင်လာနေကြောင်းတန်ဖရဲ ဒေသခံ တစ်ဦးပြောသည်။

“ပြည်နယ်ဝန်ကြီးချုပ်ဦးငန်ဆိုင်းက ရွှေတူးဖော်မှုလုပ်ငန်းကိုရပ်ဆိုင်းလိုက်တော့ ကျွန်တော်တို့ပြည်သူပြည်သား ရွာသူရွာသားတွေလည်း အရမ်းဝမ်းသာတယ်။ ဒါမဲ့အခု ဒီလဆန်းပိုင်း အပစ်ခတ်နေတဲ့ကြားမှာ သူတို့ခြိမ်းခြောက်ပြီးပြန်လုပ်လာတာတွေ့ရတယ်။ ဦးရ၀မ်ဂျုံး ပြည်နယ်လွတ်တော် ဥက္ကဌ ရဲ့ကုမ္ပဏီ ခါကာဘိုရာဇီ ရွှေမင်းဟိန်းဆိုတာက ရဲမင်းကြီးဦးမြင့်လွင်ရဲ့သားရဲ့ကုမ္ပဏီဟုတ်တယ်။ ပြီးတော့ လွယ်ငူဘွမ် (Loi Ngu Bum) ဆိုတာက ဦးလဆန်အောင်ဝါတို့ ဒီမှာ Sea Sun Star လည်းပါတယ်။”

ဧရာဝတီမြစ်ဆုံတွင် ရွှေတူးဖော်နေသော ကုမ္ပဏီများတွင် တစ်ခုအပါအ၀င်ဖြစ်တဲ့ ခါကာဘိုရာဇီ ကုမ္ပဏီ

Tuesday, July 5, 2011

မြန်မာအစိုးရပစ်မှတ် တိုက်ခိုက်ခြင်း KIA ကန့်သတ်

အပစ်အခတ်ရပ်စဲရေးကိစ္စ KIOနှင့် ကချင်ပြည်နယ်အစိုးရကိုယ်စားလှယ်များ ဇွန် ၃၀ လဂျားယန်၌ တွေ့ဆုံပြီးနောက် “မြန်မာစစ်သားများ KIA နယ်မြေထဲ ၀င်ရောက်ခြင်းမရှိလျှင် ပစ်ခတ်မှု မပြုရန်” KIA လိုင်ဇာစစ်ဌာနချုပ်က ရှေ့တန်းမှ ၎င်းတို့တပ်ဖွဲ့များကို ဇူလိုင် ၁ရက်နေ့တွင် ညွှန်ကြားခဲ့သည်။

ဆက်လက်ပြီး မြန်မာအစိုးရအုပ်ချုပ်သည့် မြို့ထဲ၊ ရပ်ရွာထဲဝင်ရောက်ဗုံးခွဲခြင်းနှင့် လမ်းပေါ်ဖြတ်သွားသော မြန်မာစစ်သားများအား တိုက်ခိုက်ခြင်း မ ပြုရန်လည်း ညွှန်ကြားချက်တွင်ပါရှိကြောင်း KIA ရှေ့တန်းသတင်း ရပ်ကွက်မှ သိရသည်။


မြန်မာစစ်သား ၅ ဦးကို KIA တပ်မဟာ ၄ လွှတ်ပေး

ရှမ်းပြည်မြောက်ပိုင်း လွယ်ကန် (Loikang) အခြေစိုက် KIA တပ်မဟာ ၄ က ၎င်းတို့နယ်မြေထဲဝင်ရောက်လာသည့် အတွက် ဖမ်းဆီးထားသည့် မြန်မာစစ်သား ၅ ဦးကို ဇူလိုင် ၃ ရက်၊ တနင်္ဂနွေ မနက်ပိုင်းက လွှတ်ပေးခဲ့သည်ဟု တပ်မဟာ ၄ အရာရှိများပြောသည်။

ဒု-ဗိုလ်မှူးကြီးစိုးရွှေ ဦးစီးသည့် တာမိုးနဲနယ်မြေခံ ခလရ ၂၉၀ မှ စစ်သားများဖြစ်ကာ ဇူလိုင် ၂ ရက် စနေနေ့ညနေပိုင်းတွင် ၎င်းတို့အား လွယ်ကန်-ဘန်ဖိတ်(Bang Hpik) ကြားတွင် ဖမ်းဆီးသည်ဟု သိရသည်။

ဇွန်လအတွင်း ရှမ်းပြည်မြောက်ပိုင်း KIA တပ်ရင်း ၈ မှ ပြန်လွှတ်ပေးသော မြန်မာစစ်သားတစ်ဦး။

ရှမ်းမြောက်တွင် မြန်မာစစ်ကားတစ်စီးအား KIA တိုက်ခိုက်

ဇူလိုင် ၂၊ ၂၀၁၁-ရှမ်းပြည်မြောက်ပိုင်း KIA တပ်မဟာ ၄ လက်အောက် တပ်ရင်း ၉ ဒေသ၊ မွန်း ၁ နာရီကျော်ချိန် နောင်ရွှေ-နာမ်ဂွတ်လမ်းပိုင်း နောင်ရွှေကွေ့၌ မြန်မာစစ်သား ၁၀ ခန့်ပါသည့် ဖောဝီးလ်ကားတစ်စီးအား တပ်ရင်း ၉ က ဗုံးနှင့် လက်နက်ငယ်ဖြင့် တိုက်ခိုက်ခဲ့သည်။ သေဆုံးဒဏ်ရရမှုရှိမရှိကို မသိရပါ။

Saturday, July 2, 2011

စစ်ကိုင်းလွှတ်တော်သို့ KIAကို ကန့်ကွက်ရန် အဆိုတင်သွင်း

ကချင်ပြည်နယ်အစိုးရကိုယ်စားလှယ်များနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့(KIO)အရာရှိများ ဇွန် ၃၀ ရက် တွေ့ဆုံစဉ် တစ်ရက်တည်းတွင် စစ်ကိုင်းလွှတ်တော်က KIAကို ကန့်ကွက်သည့် အဆိုတင်သွင်းချက်ကို ဆွေးနွေးသွားမည်ဟု ဇူလှိုင် ၁ ရက် မြန်မာအစိုးရအာဘော်သတင်းစာတွင် ပါရှိသည်။

ပထမအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်အထူးအစည်းအဝေးတွင် ထီးချိုင့်မြို့နယ် အမှတ် ၂ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစန်းမောင် က “ကချင်ပြည်နယ်အခြေစိုက် KIA အဖွဲ့၏ ကချင်ပြည်နယ် ဒေသဖွံ့ဖြိုးရေးစီမံကိန်းလုပ်ငန်း ဆောင်ရွက်မှုများကို တားမြစ်ခြင်း၊ လုပ်ငန်းများ မအောင်မြင်အောင် နှောင့်ယှက်ခြင်း၊ ရေအားလျှပ်စစ်လုပ်ငန်းများ ဆောင်ရွက်နေသည့် တရုတ်နိုင်ငံသားဝန်ထမ်းများကို ခြိမ်းခြောက်ခြင်း၊ ဟန့်တားနှောင့်ယှက်ခြင်း၊ ပြည်နယ်တွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများနှင့် အရပ်သားများအား KIA မှ ဖမ်းဆီးခေါ်ဆောင်ခြင်းများကို ကန့်ကွက်ကြောင်း” တင်သွင်းချက်ကို လက်ခံဆွေးနွေးသွားရန် သတင်းစာတွင် ဖော်ပြထားသည်။


Friday, July 1, 2011

မူဆယ်အနီး မြန်မာစစ်ယာဉ်တန်းအား KIA တိုက်ခိုက်

ရှမ်းပြည်မြောက်ပိုင်း တရုတ်နယ်စပ်ကုန်သွယ်ရေး မန္တလေး-မူဆယ်လမ်းတွင် မြန်မာစစ်ယာဉ်တန်းအားကချင် လွတ်မြောက်ရေးအဖွဲ့ (KIA)က ဇွန် ၃၀ မွန်းလွဲ ၂ နာရီခန့်တွင်တိုက်ခိုက်ခဲ့သည်ဟု မြင်တွေ့သူများ ပြောသည်။

မူဆယ်မှတောင်ဘက် ၁၅ မိုင်အကွာ ခိုမုန်းကျေးရွာအနီးတွင် မန္တလေးသို့ဦးတည်လာသည့် ၎င်းယာဉ်တန်းအား KIA တပ်ရင်း ၉ မှ မြေမြှုပ်မှိုင်းနှင့် လက်နက်ငယ်များအသုံးပြုပြီး အချိန်တို တိုက်ခိုက်ခဲ့သည်ဟု ဆက်ဆိုသည်။


အပစ်ခတ်ရပ်စဲရေးကိစ္စ KIAနှင့် ကချင်ပြည်နယ်အစိုးရကြား ဒုတိယအကြိမ် တွေ့ဆုံ

သုံးပတ်ကျော် စစ်ဖြစ်ပွားနေချိန် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA)နှင့် ကချင်ပြည်နယ်အစိုးရကြား ဒုတိယအကြိမ် အပစ်အခတ်ရပ်စဲရေး တွေ့ဆုံမှုအား ဗန်းမော်ခရိုင်၊ ဒေါ့ဖုန်းယန်မြို့နယ်ခွဲ လဂျားယန်ရွာတွင် ဇွန် (၃၀)ရက်က ပြုလုပ်ခဲ့သည်။

“အဓိကတော့ အပစ်ခတ်ရပ်စဲရန် အတွက်ပါ၊ နှစ်ဖက် ဆိုင်းထိုးပြီး အပစ်ရပ်မယ်၊ တခြားလိုတာကိုတော့ ဆက်ပြီးဆွေးနွေးကြမယ်။” ဟု ကချင်အမျိုးသားများအတိုင်ပင်ခံ (WMR) အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ မှ ပြောသည်။

ကချင်ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးသန်းအောင် (အလယ်)အား KIA ဒု-စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော် ဦးဆောင်သောအဖွဲ့မှ လဂျားယန်တွင် တွေ့ဆုံစဉ်။

KIO ကိုထောက်ခံကြောင်းအိန္ဒိယ အရှေ့မြောက်ကချင်များကြေညာ ချက်ထုတ်ပြန်

အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်းတွင်နေထိုင်သည့်ရှပေါင်ယောင် ဂျိန်းဖော့(ကချင်) လူမျိုးများကမြန်မာပြည်မြောက်ပိုင်း ရှိ ကချင်လွတ်မြောက်ရေးအဖွဲ့(KIO/KIA)၏ နိုင်ငံရေးရပ်တည် ချက်အား ထောက်ခံကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့သည်။

“ဂျိန်းဖော့ဝန်ပေါင်(ကချင်)များကို အကာအကွယ်ပေးရန်နှင့် ကချင်ပြည်မ (ကချင်ပြည်နယ်)၏ နိုင်ငံရေးရပိုင်ခွင့် ရရှိရေးဟာ ကျနော်တို့ ဂျိန်းဖော့ဝန်ပေါင်(ကချင်)အားလုံး၏ တာဝန်ဖြစ်သကဲ့သို့ အမျိုးသားရေးအတွက် ရှေ့တန်းမှ မားမားမတ်မတ်ရပ်တည်နေသည့် KIO/KIAကို အိန္ဒိယနိုင်ငံတွင် နေထိုင်နေကြသည့် ဂျိန်းဖော့ဝန်ပေါင် သွေးချင်းသားချင်းအားလုံး ယုံကြည်ထောက်ခံပါတယ်” ဟု အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း အယူနာရှာပရာဒေ့ရှ်ပြည်နယ်တွင်ရှိသည့် ဂျိန်းဖော့လူမှုဖွံ့ဖြိုးရေးအဖွဲ့ (SINGPHO DEVELOPMENT SOCIETY)က ဇွန် ၂၆ ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။